DVB Logo
Home
မြန်မာသတင်း
ဆည်တော်ကြီး ရေလွှတ်မှု စိုးရိမ်စရာမရှိဟု ဆည်မြောင်းဦးစီးဌာနပြော (ရုပ်သံ)
DVB
·
July 31, 2015
ဆည်တော်ကြီး ရေလွှတ်မှု စိုးရိမ်စရာမရှိဟု ဆည်မြောင်းဦးစီးဌာနပြော (ရုပ်သံ)
Donate to DVB

မန္တလေးတိုင်း မတ္တရာအတွင်းမှာရှိတဲ့ ဆည်တော်ကြီး ရေလှောင်တမံဟာ ရေထိန်းညှိဖို့အတွက် ရေစတင်လွတ်နေပေမယ့် အန္တရာယ် မရှိဘူးလို့ မန္တလေးတိုင်း ဆည်မြောင်းဦးစီးဌာနက ပြောပါတယ်။

မန္တလေးတိုင်း မတ္တရာအတွင်းမှာရှိတဲ့ ဆည်တော်ကြီးရေလှောင်တမံက ၀င်ရေတွေကို ညီမျှအောင် ထိန်းညှိပေးဖို့ ဇူလိုင်လ ၃၀ ရက်နေ့ မနက် ၄ နာရီ ခွဲမှာ ရေတံခါး တပေါက်ကို စတင်ဖွင့်လိုက်တာပါ။

မိုးရေချိန်နဲ့ ရေးဝင်ရောက်နှုန်းထားအပေါ်မှာ မူတည်ပြီး ဆည်မှာ ရေတံခါး ၇ ပေါက်ရှိတဲ့ အထဲက ၃ ပေါက်ကိုပဲ ၁ ပေစီ ဖွင့်မှာ ဖြစ်ပြီး အန္တရာယ်တော့ မရှိဘူးလို့ မန္တလေးတိုင်းဆည်မြောင်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင့်နိုင်က ပြောပါတယ်။

ခုလို ရေလွှတ်လိုက်တဲ့အတွက် ဆည်အောက်ရွာတွေ ရေလျှံစရာ မရှိသလို မလျှံအောင် လုပ်ထားတယ်လို့ ဆိုပါတယ်။

အတိုင်းအတာဘယ်လောက် လွှတ်မယ်ဆိုတာ အတိအကျ ပြောလို့မရဘဲ ရေအမြင့် ၄၁၅ ပေမှာပဲ ရှိနေအောင် လွှတ်ထားမှာ ဖြစ်ပါတယ်။

တံငါကျေးရွာနေ ဦးနွယ်ဦးကတော့ မိုးရေ မစိုးရိမ်ရတော့ပေမယ် ချောင်းရေတက်လာမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။

ဆည်ရေပြည့်မှတ်က ၄၁၉.၅ ဖြစ်ပြီး အဲဒီရေပြည့်မှတ်မရောက်မီ ၅ ပေအလိုမှာ ရေထိန်းညှိလွှတ်ပေးတာဖြစ်ပါတယ်။

အဲဒီလိုရေလွှတ်ခြင်းဟာ မန္တလေးမြို့အတွက် စိုးရိမ်စရာမရှိပဲ အခုလိုရေပိုလွှဲလွှတ်တာဟာ ချောင်မကြီးချောင်းထဲကတဆင့် ဧရာဝတီမြစ်ထဲကို စီးဝင်သွားတာလို့ မန္တလေးတိုင်း ဆည်မြောင်းဦးစီးဌာန  လက်ထောက်ညွှန်ကြားရေးမှူးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအစောပိုင်းလောက်ကစပြီး မြန်မာနိုင်ငံတဝန်း တိုင်းနဲ့ ပြည်နယ်တချို့ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ရေကြီးဒဏ်ခံနေရတာပါ။

ကချင်၊ ကရင်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရခိုင်၊ ဧရာဝတီ စတဲ့ တိုင်းနဲ့ ပြည်နယ်တွေ မှာလည်း ရေကြီးဒဏ်ကို ခံနေရပြီး တနိုင်ငံလုံးမှာ ရေနှစ်မြုပ်ဧက စုစုပေါင်း ၃ သိန်း ၁ သောင်းကျော်ရှိပြီး ဧက ၂ သောင်း ၄ ထောင်ကျော်ကတော့ ပျက်စီးသွားတယ်လို့ လယ်ဆည်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ရုပ်သံ (ရိုက်ကူး  ငြိမ်းမိုးနောင်၊ တင်ဆက် ခွန်ဘသာ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013