DVB Logo
Home
နိုင်ငံရေး
ပြည်သူများ လွတ်လပ်သည့် လွတ်လပ်ရေးကို မရရအောင်ယူကြရမည်
DVB
·
June 10, 2011
Donate to DVB

ပြည်သူလူထု​တွေ လွတ်လပ်တဲ့​ လွတ်လပ်​ရေး​ကို မရရ​အောင် ယူကြရမယ်လို့​ လွတ်လပ်​ရေး​ တိုက်ပွဲဝင် သခင်နိုင်ငံ​ရေး​သမား​တွေက တိုက်တွန်း​ လိုက်ကြပါတယ်။

ရန်ကုန်မြို့​၊​ မရမ်း​ကုန်း​မြို့​နယ် ​ချော်တွင်း​ကုန်း​မှာရှိတဲ့​ သခင်သိန်း​ဖေရဲ့​ ​နေအိမ်မှာ ဒီ​နေ့​ ကျင်း​ပတဲ့​ သခင်သိန်း​ဖေရဲ့​ (၉၅) နှစ်ပြည့်​ ​မွေး​နေ့​မှာ မြန်မာပြည် လွတ်လပ်​ရေး​သမိုင်း​မှာ အစဉ်အလာကြီး​တဲ့​ ဒို့​ဗမာအစည်း​အရုံး​ဝင် သခင်​တွေက အခုလို ​ပြောလိုက်တာပါ။

သခင်သိန်း​ဖေက “​ပြောချင်တာက​တော့​ လူထုလွတ်လပ်တဲ့​ လွတ်လပ်​ရေး​ကို​တော့​ မရရ​အောင် ယူကြရမယ် ဒါပါပဲ” လို့​ ​ပြောပါတယ်။

သခင်သိန်း​ဖေဟာ သက်ရှိထင်ရှား​ သခင်နိုင်ငံ​ရေး​သမား​တွေထဲမှာ အသက်အကြီး​ဆုံး​ဖြစ်သလို၊​ နိုင်ငံ​ရေး​ဩဇာကြီး​သူလည်း​ ဖြစ်ပါတယ်။

ဒီ​နေ့​ ​မွေး​နေ့​အခမ်း​အနား​ကို လုပ်​ဖော်ကိုင်ဖက်ဝါရင့်​ နိုင်ငံ​ရေး​သမား​တွေ၊​ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ခေါင်း​ဆောင်​တွေ၊​ ​ရွေး​ကောက်ပွဲဝင်ခဲ့​တဲ့​ပါတီတချို့​ ​ခေါင်း​ဆောင်​တွေ၊​ ၈၈ မျိုး​ဆက်သစ်လူငယ်​တွေ စုံစုံညီညီ တက်​ရောက်ကြပါတယ်။

သခင်သိန်း​ဖေရဲ့​ ​မွေး​နေ့​ပွဲကို ​ရောက်လာတဲ့​ အသက် (၉၃) နှစ်အရွယ် သခင်သိန်း​မောင်က ဒုတိယ လွတ်လပ်​ရေး​ တိုက်ပွဲဟာ ခက်ခဲကြမ်း​တမ်း​ပေမယ့်​ ညီညွတ်မှုအင်အား​နဲ့​ ​အောင်ပွဲရမှာပါလို့​ အခုလို ​ပြောပါတယ်။

“ဒီတိုင်း​ပြည်ရဲ့​ ဒီအ​နေအထား​က ကိုယ်နိုင်မယ်လို့​ပဲ တွက်တယ်ဗျာ။ တိုင်း​ပြည်ရဲ့​ အခုတိုက်ပွဲ​တွေမှာ စုစု​ဝေး​ဝး​ ညီညီညွတ်ညွတ်နဲ့​ တိုက်​နေကြတာက တ​ကြောင်း​၊​ ဒီတိုက်ပွဲက ကိုယ်ကနိုင်မယ့်​ တိုက်ပွဲလို့​ အဲဒီလိုပဲ ယူဆပါတယ်ခင်ဗျ။ ဒီလို ပန်း​တိုင်း​ကို မ​ရောက်မချင်း​ စုစု​ဝေး​ဝေး​နဲ့​ တိုက်​နေကြတာ​ကြောင့်​ ကိုယ်နိုင်မယ့်​တိုက်ပွဲနဲ့​ တိုက်​နေတယ်လို့​ ​ပြောတာပါ။ ဟိုတုန်း​က တိုက်ပွဲနဲ့​ အခုတိုက်ပွဲက အခုတိုက်ပွဲက ပိုပြီး​တော့​ ပြင်း​ထန်ပြီး​တော့​ ကြမ်း​တမ်း​တယ်​ပေါ့​။ ဆို​တော့​ ဒီ​လောက်ပဲ ပြင်း​ပြင်း​ထန်ထန် ကြမ်း​ကြမ်း​တမ်း​တမ်း​ ဖြစ်​စေကာမူ ​အောင်ပွဲကို​တော့​ ရယူနိုင်မှာပါ။”

ဒီ​နေ့​ ​မွေး​နေ့​အခမ်း​အနား​ကို ​ဒေါ်​အောင်ဆန်း​စုကြည် တက်​ရောက် မလာ​ပေမယ့်​ အဖွဲ့​ချုပ် ဒု-ဥက္ကဋ္ဌ ဦး​တင်ဦး​ အပါအဝင် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ခေါင်း​ဆောင်​တော်​တော်များ​များ​ တက်​ရောက်လာခဲ့​ကြပါတယ်။

“သခင်ကြီး​တွေက သူတို့​မှာရှိတဲ့​ အ​တွေ့​အကြုံနဲ့​ ပတ်သက်တာ​တွေက​တော့​ သူတို့​ ​တွေ့​တိုင်း​ ​ပြောတာဆိုတာ လုပ်တာကိုင်တာ​တွေ ရှိ​နေ​တော့​ တက်တက်ကြွကြွပဲဗျ။ သူတို့​စိတ်​တွေက အခုထက်ထိ အ​တော်ပြန်ပြီး​တော့​ ငယ်ပြီး​တော့​ ဒီ ​နောင်လာ​နောင်သား​တွေနဲ့​ ပတ်သက်လို့​ သူတို့​ အ​တွေ့​အကြုံ​တွေ အမှား​တွေ​ပေါ့​ဗျာ အမှန်​တွေ​ပေါ့​ ဘယ်ဟာ​တွေ လုပ်သင့်​တယ် ဘယ်ဟာ​တွေ မလုပ်သင့်​ဘူး​ ဆိုတာ​တွေ​တော့​ သူတို့​မှာ ဖြတ်သန်း​လာတဲ့​ အ​တွေ့​အကြုံ​တွေ အင်မတန်မှပဲ အဖိုး​တန်ခဲ့​တာကိုဗျ။ သခင်သိန်း​ဖေနဲ့​တကွ အား​လုံး​ သခင်ကြီး​တွေ​ရော အစဉ်အလာ ရှိတဲ့​ နိုင်ငံ​ရေး​သမား​ အား​လုံး​ သက်​တော်ရာ​ကျော် ရှည်ကြပါ​စေလို့​ပဲ ကျ​နော်က ဒီ​နေ့​အထိ ဆု​တောင်း​နေတာပဲ။ သူတို့​ သက်​တော်ရာ​ကျော် ရှည်တာနှင့်​အမျှ သူတို့​ရဲ့​ စိတ်ဓာတ်​စေတနာ​တွေနဲ့​ အ​တွေ့​အကြုံ​တွေက အား​လုံး​ ကျ​နော်တို့​ အ​ပေါ်မှာ ​ပေါင်း​စပ်ပြီး​ သင်ခန်း​စာ​တွေ ရပါတယ် ခင်ဗျ။”

မွေး​နေ့​ပွဲအခမ်း​အနား​ကို တက်​ရောက်လာတဲ့​ ရခိုင်တိုင်း​ရင်း​သား​ခေါင်း​ဆောင် တ​ယောက်ဖြစ်တဲ့​ ဦး​အေး​သာ​အောင်က သခင်သိန်း​ဖေနဲ့​ ဝါရင့်​သခင်​တွေရဲ့​ မြန်မာနိုင်ငံ​ရေး​မှာ ပါဝင်​နေတဲ့​ အခန်း​ကဏ္ဍကို အခုလို​ပြောပါတယ်။

“အထူး​သဖြင့်​ အိုမင်း​မစွမ်း​ဆိုတဲ့​ စကား​ရှိပါတယ်။ အိုလာပြီဆိုရင် မစွမ်း​ဆောင်​တော့​ဘူး​။ ဒါ​ပေမယ့်​ သခင်သိန်း​ဖေလို ပုဂ္ဂိုလ်က အို​ပေမယ့်​လည်း​ပဲ တက်စွမ်း​နိုင်တဲ့​ ပုဂ္ဂိုလ်တ​ယောက် အဖြစ်နဲ့​ ဂုဏ်ယူမဆုံး​ ဖြစ်ရတဲ့​ အ​ကြောင်း​ကို ​ပြောကြား​လိုပါတယ်။”

ဒို့​ဗမာ အစည်း​အရုံး​ဝင် သခင်နိုင်ငံ​ရေး​သမား​တွေဟာ လွတ်လပ်​ရေး​ခေတ်မှာ နယ်ချဲ့​ဆန့်​ကျင်​ရေး​၊​ ဖက်ဆစ်ဆန့်​ကျင်​ရေး​လှုပ်ရှား​မှု တိုက်ပွဲ​တွေမှာ အသက်စွန့်​ ပါဝင်ခဲ့​သလို၊​ လွတ်လပ်​ရေး​ရပြီး​ ဒုတိယလွတ်လပ်​ရေး​တိုက်ပွဲလို့​ ​ဒေါ်​အောင်ဆန်း​စုကြည် ရည်ညွှန်း​တဲ့​ ဒီဘက်​ခေတ်မှာလည်း​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​၊​ အမျိုး​သား​ ပြန်လည်သင့်​မြတ်​ရေး​အတွက် ဇွဲ​ကောင်း​ကောင်း​နဲ့​ ​ဆောင်ရွက်ခဲ့​နေကြသူ​တွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013