DVB Logo
Home
မြန်မာသတင်း
လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသား ၆၉၆၆ ဦးတွင် နိုင်ငံရေးအကျဉ်းသား ၁၃ ဦးသာပါဝင်
DVB
·
July 30, 2015
လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသား ၆၉၆၆ ဦးတွင် နိုင်ငံရေးအကျဉ်းသား ၁၃ ဦးသာပါဝင်
Donate to DVB

ဒီကနေ့ သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၆၉၆၆ ဦးပြန်လွှတ်ပေးတဲ့အနက်  နိုင်ငံရေးအကျဉ်းသား ၁၃ ဦးသာပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း(မြန်မာနိုင်ငံ) (အေအေပီပီ) ကပြောပါတယ်။

သူတို့တတွေကတော့ သရက်ထောင်ကနေ လွှတ်မြောက်လာတဲ့ ကိုအောင်ကိုလတ်၊ အင်းစိန်ထောင်ကနေ ဦးတင်မောင်ကြည်၊ ဦးစိန်သန်း၊ ဦးမင်းဇော်ဦး၊ ကိုဝင်းစိုးနဲ့ ဘိုင်မွန်းတည့်နေသတင်းထောက် ၅ ဦးဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေး အိုးဘိုထောင်ကနေ ဗိုလ်မှူး ကျော်စွာဝင်း နဲ့ ပခုက္ကူ အကျဉ်းထောင်က ဦးကောင်းထွန်းနဲ့ ဦးမြင့်အောင်တို့ ပြန်လည်လွတ်မြောက်တာလာပါတယ်။

နိုင်ငံတ၀န်း အကျဉ်ထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား  ၁၃၄ ဦးရှိနေတဲ့အနက် ဒီကနေ့ ၁၃ ဦး ပြန်လွတ်လာတာဖြစ်တယ်လို့ အေအေပီပီတာဝန်ရှိသူတဦးက ပြောပါတယ်။

ပြန်လွတ်လာသူတွေထဲမှာ  ကချင်ပြည်နယ်တွင်း သစ်ခိုးထုတ်မှုနဲ့ ပြီးခဲ့တဲ့သီတင်းပတ်ကမှ ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်ချခံရပြီး မြစ်ကြီးနားထောင်မှာ ကျခံနေကြတဲ့  တရုတ်နိုင်ငံသား ၁၅၅ ဦးလည်း ပါဝင်ပါတယ်။

ဒါ့အပြင် ယခင်စစ်အစိုးရလက်ထက်က ထောင်ဒဏ် ၉၆ နှစ် ချမှတ်ခံထားရတဲ့ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူးချုပ်သန်းထွန်းအပါအ၀င် ထောက်လှမ်းရေးဟောင်း ၉ ဦးပါဝင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013