DVB Logo
Home
မြန်မာသတင်း
ဟားခါးမြေပြိုမှု အန္တရာယ်ကြုံ
DVB
·
July 30, 2015
ဟားခါးမြေပြိုမှု အန္တရာယ်ကြုံ
Donate to DVB

ချင်းပြည်နယ် ဟားခါးမြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် ရေကြီးမြေပြိုမှု အန္တရာယ်နဲ့ ကြုံတွေ့နေရပါတယ်။

ဇူလိုင် ၂၇ ရက်နေ့ကစပြီး မြေပြိုမှုတွေဖြစ်ပွားခဲ့ရာ ၂၈ ရက်နေ့မှာဆိုရင် ပြည်တော် သာရပ်ကွက် ၃ ထပ်တိုက် ၂ လုံး ပြေပြိုမှုမှာပါပြီး ပျက်စီးသွားခဲ့တယ်လို့ မြို့ခံ ဦးဇာအောင်က ပြောပါတယ်။

ဒါ့အပြင် လက်ရှိဟားခါးမြို့ အထက ၁ ကျောင်းအောက်ပိုင်းမှာရှိတဲ့ ဆင်ထေပူ ရပ်ကွက် ဆိုရင် မြေပြိုမှုအန္တရာယ်ရင်ဆိုင်နေရတဲ့အတွက် အိမ်ခြေ ၈၀ ကမိသားစုတွေ ရွှေ့ပြောင်းနေ ထိုင်ကြရတယ်လို့ ဦးဇာအောင်က ပြောပါတယ်။

“တော်တော်လေးကို အခြေအနေဆိုးတယ်။ အထက ၁ အောက်ပိုင်း ဆင်ထေပူ ရပ်ကွက် ဆိုလို့ရှိရင် တအိမ်မှမကျန်တော့ဘူး။ လူအကုန်လုံးထွက်ပြေးကုန်ပြီ။ ဒါအပြင် ပြည်တော်သာ မှာရှိတဲ့ တော်လှန်ရေးရေကန် ပေါက်တော့မယ်ဆိုပြီးတော့ မြို့ဟောင်းဘက် အားလုံးကို ပြောင်း ရွှေ့ပါဆိုပြီးတော့ အထက်က အမိန့်ထုတ်လိုက်ပြီ။  အခြေအနေလုံးဝကို မကောင်းတော့ဘူး။ ဟားခါးတမြို့လုံး သုံးပုံ နှစ်ပုံကတော့ အဲလို အခြေအနေရောက်နေတယ်။ အခု။”

ဒါ့အပြင် ရန်ကုန်၊ မန္တလေး နဲ့ ကလေးမြို့ဘက်ကို သွားတဲ့ လမ်းတွေလည်း ပျက်စီးကုန်တဲ့ အတွက် လမ်းပန်းဆက်သွယ်မှုပြတ်တောက်နေတဲ့အတွက်လည်း မြို့ပေါ်ကဆန်ဆိုင်တွေမှာ ဆန်မရှိသလောက်ဖြစ်နေတဲ့အခြေအနေဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့ကြောင့် ဟားခါးမြို့အတွက် အစားအသောက်နဲ့ အမိုးအကာ အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013