DVB Logo
Home
မြန်မာသတင်း
ဗကသကျောင်းသူ မပိုပို ပြန်လည်လွတ်မြောက်
DVB
·
July 30, 2015
ဗကသကျောင်းသူ မပိုပို ပြန်လည်လွတ်မြောက်
Donate to DVB

လှည်းတန်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကျောင်းသူ မရတနာစုပိုခိုင် ခေါ် မပိုပိုကို ဒီကနေ့ ကမာရွတ်မြို့နယ် တရားရုံးက အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။

“တရားရုံးက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၉၇ ပုဒ်မ ခွဲ (၁) အရ မပိုပိုကို သိန်း ၅၀ တန် ခံဝန်သူနှစ်ယောက်နဲ့ သိန်း ၅၀ ဆိုတာကလည်း စာရွက်ပေါ်မှာပါ။ အဲဒါနဲ့ အချုပ်လွတ် ထူချေခွင့်ပြုလိုက်ပါတယ်။ သူက ကျောင်းသူဖြစ်တာလည်း မှန်ကန်နေတဲ့အတွက် ပေးတာပါ။ သူ့ရဲ့ ပညာသင်ကြားမှု မထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ နောက်တချက်က မိန်းကလေးငယ် လည်းဖြစ်လို့ တရားရုံး အနုလုံပဋိလုံ စဉ်းစားဆုံးဖြတ်လိုက်တာဖြစ်ပါတယ်” လို့ မပိုပိုရဲ့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

မပိုပိုနဲ့အတူ ကိုဝင်းကျော့မှူးနဲ့ ကိုနန္ဒစစ်အောင်ကို ရုံးထုတ်ခဲ့တာဖြစ်ပြီး ကျန်တဲ့သူနှစ်ယောက်က အာမခံမလျှောက်တဲ့အတွက် ပုံမှန်အတိုင်းပဲ ရုံးထုတ်စစ်ဆေးမယ်လို့ လည်း ပြောပါတယ်။

အာမခံရလာတဲ့ မပိုပိုကတော့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက်   ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

“ကျမ မတရားစွပ်စွဲခံရတဲ့အတွက် ဒီလိုမျိုး ကျမလွတ်မြောက်ခြင်းအတွက် ကျမ မပျော်ဘူး။ နောက်တချက်က ကျမတို့ ရဲဘော်တွေ ထောင်ထဲမှာရှိသေးတယ်။ ပြီးတော့ သာယာဝတီမှာ ကျမတို့ ရဲဘော်အများကြီးရှိသေးတယ်။ အဲတော့ ကျမဒီလိုမျိုးထွက်လာရခြင်းအပေါ်မှာ ကျမစိတ်မလုံမလဲ ဖြစ်မိတယ်။ အပြင်မှာလည်း ကျမတို့ ဆက်လက်လုပ်စရာတွေ အများကြီး ရှိသေးတယ်။ အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီး ကျမတို့ တောင်းဆိုထားတဲ့ ၁၁ ချက်မှာ မရမချင်း ကျမတို့ တိုက်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိတဲ့အတွက် မရမချင်း လုပ်ဆောင်သွားမယ်ပေါ့နော်။ ”

မပိုပိုတို့ဟာ ပြီးခဲ့တဲ့မတ်လ ၁၀ ရက်နေ့ လှည်းတန်းကျောင်းသား ဆန္ဒပြမှုမှာ ပါဝင်ခဲ့တာကြောင့် ပြစ်မှုဆိုင်ရာ ပုဒ်မ ၁၄၃ (ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတခုတွင် ပါဝင်သူ)၊ ပုဒ်မ ၁၄၅ (လူစုခွဲရန် အမိန့်ပေးပြီးကြောင်းသိလျက် ဥပဒေနှင့် ဆန့်ကျင်သော အစုဝေးတွင်ပါဝင်နေခြင်း)၊ ပုဒ်မ ၁၄၇ (ရုန်းရင်းဆန်ခတ်မှု) နဲ့ ပုဒ်မ ၅၀၅(ခ) ( နိုင်ငံတော်အစိုးရ(သို့) နိုင်ငံတော်ငြိမ်ဝမ်ပိပြားရေးကို ထိခိုက်သည့်ပြစ်မှု) တွေနဲ့ တရားစွဲဆိုခံထားတာဖြစ်ပါတယ်။

အမှုကိုဆက်လက်စစ်ဆေးဖို့  လာမယ့် သြဂုတ်လ ၁၃ ရက် ရုံးပြန်ချိန်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013