DVB Logo
Home
မြန်မာသတင်း
ဘိုင်မွန်းတည့်နေ ဂျာနယ် သတင်းသမား ၅ ဦး လွတ်မြောက်
DVB
·
July 30, 2015
ဘိုင်မွန်းတည့်နေ ဂျာနယ် သတင်းသမား ၅ ဦး လွတ်မြောက်
Donate to DVB

သမ္မတက အကျဉ်းသား ၇ ထောင်နီးပါးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီကနေ့ ပြန်လွှတ်ပေးရာမှာ ဘိုင်မွန်းတည့်နေဂျာနယ် သတင်းသမား ၅ ဦးလဲ ပြန်လည်လွတ်မြောက်လာပါတယ်။

ဘိုင်မွန်းတည့်နေ ဂျာနယ်ပိုင်ရှင် ဦးကျော်မင်းခိုင်၊ ဦးယဉ်မင်းထွန်း၊ အယ်ဒီတာ ဦးဝင်းတင်၊ ဦးအောင်သန့်နဲ့ သတင်းထောက် မင်းဝသန်တို့ ၅ ဦးစလုံး အင်းစိန်ထောင်က ပြန်လွတ်လာတာလို့ သတင်းသမားတွေရဲ့ ရှေ့နေ ဦးကျော်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

အယ်ဒီတာ ဦးအောင်သန့်ရဲ့ ဖခင် ဦးထင်ကျော်က ကာလစောပြီး လွတ်လာတဲ့အတွက် ၀မ်းသာမိတယ်လို့ ပြောပါတယ်။

“အကျဉ်းကျနေတဲ့ သားတယောက် လွတ်လာတော့လည်း ဖခင်တယောက်အနေနဲ့ကတော့ ၀မ်းသာပီတိကတော့ အကြီးအကျယ်ဖြစ်ရပါတယ်။ အပြင်လောကမှာ  သူ့အသက်အရွယ်နဲ့ ပြန်လှုပ်ရှားလို့ရတာပေါ့၊ ငယ်ငယ်ရွယ်ရွယ်နဲ့” လို့ သူက ပြောပါတယ်။

ဇူလိုင် ၇ ရက်ထုတ် ဘိုင်မွန်းတည့်နေ ဂျာနယ်မှာ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု (အမ်ဒီစီအက်ဖ်) ရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီအင်အားစုတွေကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူတွေက တင်မြှောက်ကြောင်း ထုတ်ပြန်ချက်ကို ထည့်သွင်းဖော်ပြခဲ့လို့ ဂျာနယ်က တာဝန်ရှိသူတွေကို တရားစွဲခဲ့ပါတယ်။

၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၆ ရက်မှာတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ဘိုင် မွန်းတည့်နေဂျာနယ်က သတင်းထောက်တွေကို ထောင်ဒဏ် ၂ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ဘိုင်မွန်းတည့်နေ ဂျာနယ်က သတင်းသမားတွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်မြောက် လာပေမယ့် ဓာတုဗေဒ လက်နက်စက်ရုံအကြောင်း ရေးသားဖော်ပြခဲ့လို့ ဖမ်းဆီး ထိန်းသိမ်းခံနေရတဲ့ ယူနတီ ဂျာနယ်က အယ်ဒီတာနဲ့ သတင်းထောက်တွေကတော့ အကျဉ်းကျခံနေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013