DVB Logo
Home
မြန်မာသတင်း
ရခိုင် ၊ မောင်တော ဆိုင်ကလုန်းမုန်တိုင်း စက်ကွင်းထဲ ကျနေ
DVB
·
July 30, 2015
ရခိုင် ၊ မောင်တော ဆိုင်ကလုန်းမုန်တိုင်း စက်ကွင်းထဲ ကျနေ
Donate to DVB

ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ကိုမန်” (Komen) ရဲ့ ဗဟိုချက်ဟာ ရခိုင်ပြည်နယ်၊ မောင်တောနဲ့ တော်တော်နီးပြီး မုန်တိုင်းစက်ကွင်းထဲ ကျနေတယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ပြောပါတယ်။

“ဒီနေ့ မနက်ပိုင်းမှာ မုန်တိုင်းအားတက်သွားပြီး သူ့ရဲ့ အကျယ်အ၀န်းကလည်း တိုးလာ တာပေါ့ဗျာ။ နောက်ပြီးတော့ သူ့ရဲ့ ဗဟိုချက်က မောင်တောနဲ့ တော်တော်နီးတယ်ဗျာ။ နီးတဲ့အခါကျတော့ ကျနော်တို့က မုန်တိုင်းဝင်တယ်လို့ ပြောလို့ မရဘူး။ ဒါပေမယ့် မုန်တိုင်း စက်ကွင်းထဲမှာ ကျနော်တို့ ကျနေတယ်။ အခု ၀င်တာက စစ်တကောင်းနားက ကပ်ဝင်တာကိုးဗျ။ ကပ်ဝင်တော့ မုန်တိုင်း ညာဘက်ခြမ်းက မြန်မာပြည် ရခိုင်ပေါ်မှာ ကျနေတယ်။ အပူပိုင်းမုန်တိုင်းတွေက အမြဲတမ်းလိုလို ညာဘက်ခြမ်းတွေက အမြဲတမ်း ရေတို့လေတို့ ပြင်းထန်တဲ့ဘက်မှာ ရခိုင်က ကျနေတယ်ဗျာ။”

ရခိုင်ဘက်မှာ လေတိုက်နှုန်း ၁ နာရီ မိုင် ၅၀ ကနေ ၆၀ ထိ တိုက်ခတ်နိုင်တယ်လို့လည်း ခန့်မှန်းပြောကြားပါတယ်။ ဆိုင်ကလုံးမုန်တိုင်း “ကိုမန်”ရဲ့ ဗဟိုချက်မှာတော့ လေတိုက်နှုန်း ၇၄ မိုင် ရှိနေတယ်လို့လည်း ဆိုပါတယ်။

မိုးလေ၀သဌာနကလည်း ဆိုင်ကလုံးမုန်တိုင်းဟာ လက်ရှိ အနေအထားအရ မြန်မာပြည်ကို ၀င်ဖို့ မရှိဘဲ ဒီနေ့ညပိုင်းလောက်မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့နားကနေ ကုန်းတွင်း ဖြတ်ကျော်ဝင်ရောက်ပြီး အားပျော့ ပျက်ပြယ်သွားနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ရခိုင်၊ ချင်းနဲ့ မကွေးအနောက်ခြမ်း ဒေသတွေမှာ မိုးဆက်လက်ကြီးနိုင်ပြီး မြစ်ဝကျွန်းပေါ်နဲ့ မြန်မာ့ကမ်းရိုးတန်းဒေသတွေမှာလည်း မိုးကြီးနိုင်ကြောင်း သိရပါတယ်။

လတ်တလော ရခိုင်ပြည်နယ် စစ်တွေမှာ မိုးသက်လေပြင်းတွေ တိုက်နေသလို  မင်းပြားမြို့ နယ်မှာလည်း မြို့ပေါ်ရပ်ကွက် ၃ ခုနဲ့ ကျေးရွာအုပ်စုပေါင်း ၆၂ မှာ ရေတွေကြီးနေတဲ့အတွက် လူပေါင်းတစ်ထောင်ကျော်ကို ကုန်းအမြင့်ဘုန်းကြီးကျောင်းတွေမှာ ရွှေ့ပြောင်းနေရာချထားပေးခဲ့ ရပြီး စားဝတ်နေရေးနဲ့  ဆေးဝါးတွေ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ မင်းပြားမြို့နယ် လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးခင်ဇော်ဝင်းကလည်း ဒီဗွီဘီကို ပြောပါတယ်။

“၂၈ ရက်နေ့ကတည်းက ရေတွေဝင်လာပါတယ်။ တောင်ကျချောင်းရေတွေရော၊ မိုးရေတွေ၊ ဒီနေ့မနက်မှာတော့ ရေတွေဟာ မြို့ပတ်လမ်းရဲ့ မျက်နှာပြင်အထက် ၅ ပေခွဲ ၆ ပေထိ တက်လာတယ်။ အခုထိ မိုးရွာနေတုန်းပဲ၊ ရေထဲမှာ ပိတ်မိနေတဲ့ရွာတွေလည်းရှိတယ်၊ ရေက တမြို့နယ်လုံးကြီးနေတော့ ကူဖို့ မနိုင်တော့ဘူး။ ကျနော်တို့ဘက်မှာတော့ မြို့နယ်အုပ်ချုပ်ရေး ပိုင်းကလာကူတာတွေ မတွေ့သေးဘူး။”

ဒါ့အပြင် ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး စတဲ့မြို့နယ်တွေမှာလည်း ရေကြီးနေကာ ကျောက်တော်မှာ အခြေအနေပိုဆိုးတယ်လို့  သူကဆက်ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013