DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ထုတ်ပြန်ထားသည့် ရေကြီးမြေပြို အကြံပြုချက်များ
DVB
·
July 30, 2015
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ထုတ်ပြန်ထားသည့် ရေကြီးမြေပြို အကြံပြုချက်များ
1 / 2
Donate to DVB

မြန်မာနိုင်ငံတ၀န်း  ပြည်နယ်နဲ့တိုင်း ဒေသအလိုက်  မိုးကြီး ရေလျှံ မြေပြိုမှုတွေနဲ့ ကြုံတွေ့ နေရတဲ့အတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ထုတ်ပြန်ထားတဲ့ ကြိုတင် ပြင်ဆင် ဆောင်ရွက်စရာ သတိပြုစရာတွေကို  ဒီဗွီဘီက စုစည်းတင်ပြပေးလိုက်ပါတယ်။

ရေလွှမ်းမိုးမှုဆောင်ရန်ရှောင်ရန်များ

ရေလွှမ်းမိုးမှုမတိုင်မီ

၁။ မိုးလေဝသသတင်းကို အမြဲမပြတ်နားထောင်ပါ။

၂။ ရွှေ့ပြောင်းထွက်ခွာရေး အိတ်တခုကို ပြုလုပ်ထားပါ။

၃။ ရွှေ့ပြောင်းထွက်ခွားရေး လမ်းကြောင်းများကို လေ့ကျင့်မှတ်သားထားပါ။

၎။ အိမ်မွေးတိရစ္ဆာန်များနှင့် မွေးမြူရေးတိရစ္ဆာန်များကို ဘေးကင်းရာသို့ ရွှေ့ပြောင်းထားပါ။

၅။ သင့်နေအိမ်အား ခိုင်ခန့်အောင် ပြင်ဆင်ပါ။

ရေတက်နေစဉ်

၁။ အန္တရာယ်ရှိ၍ ပြောင်းရွှေ့ရန်လိုအပ်ပါက စနစ်တကျပြောင်းရွှေ့ပါ။

၂။ အစားအစာများကို သေချာစွာချက်ပြုတ်ပါ၊ စနစ်တကျ ဖုံးအုပ်ပါ။

၃။ မတော်တဆ ထိခိုက်ဒဏ်ရာများနှင့် ရေကြောင့်ကူးစက်တတ်သော ရောဂါများ မဖြစ်ပွားစေရန်နှင့် အတူပါလာသော အဆိပ်ရှိ သတ္တ၀ါများတုပ်ခြင်း ကိုက်ခြင်းတို့ကို သတိထားပါ။ ဆုံရပ်သို့သွားပါ။

၎။ မလိုအပ်ဘဲ ရေစိုမခံပါနှင့်၊ အိမ်ထဲတွင်နေပါ။

၅။ လျှပ်စစ်မီးခလုတ်ကို ပိတ်ပါ အိမ်ကထွက်ခွာလျှင် လုံခြုံရေးအတွက် ပြတင်းပေါက်များကို ပိတ်ထားပါ။

ရေပြန်ကျသွားပြီးနောက်

၁။ ရေပြန်ကျပြီးနောက် ရေကြီးခဲ့သော နေရာ/အဆောက်အဦသို့ ချက်ချင်းပြန်မသွားရ။

၂။ မှောင်နေပါက လက်နှိပ်ဓါတ်မီး အသုံးပြုပါ။

၃။ နေအိမ်အနီး လျှပ်စစ်ဓါတ်ကြိုးများ၊ တယ်လီဖုန်းကြိုးများ ပြတ်ကျနေသည်ကို တွေ့ရှိပါက သက်ဆိုင်ရာ ဌာနသို့ အကြောင်းကြားပါ။

၎။ ရေမြုပ်နေသော လျှပ်စစ်ပစ္စည်းများကို တွေ့ရှိပါက ခလုတ်မဖွင့်ပါနှင့်။ လျှပ်စစ်ကျွမ်းကျင်သူအား အရင်စစ်ဆေးခိုင်းပါ။

၅။ ရေကိုကျိုချက်သောက်ပါ။

မြေပြို မှု ဆောင်ရန်ရှောင်ရန်များ

ဘေးအန္တရာယ် မကျရောက်မီ

၁။ မိသားစု ဘေးကင်းရာသို့ ပြောင်းရွှေ့ရေး အစီအစဉ်ကို ပြန်လည်ဆန်းစစ်ရန်။

၂။ လိုအပ်ပါက မြေထိန်းနံရံများ တည်ဆောက်ရန်။

၃။ မြေပြိုနိုင်သော နေရာများတွင် အဆောက်အဦ ဆောက်လုပ်ခြင်း မပြုရန်။

၎။ လိုအပ်ပါက အိမ်ပတ်ဝန်းကျင် ဆင်ခြေလျောများတွင် သစ်ပင်များ စိုက်ပျိုးရန်။

၅။ ဘေးကင်းရာသို့ ပြောင်းရွှေ့ရန် လိုအပ်ပါက မိသားစုများ တွေ့ဆုံရမည့် နေရာကို ကြိုတင်သတ်မှတ်ထားရန်။

၆။ မြေပြိုတတ်သော နေရာတွင် နေထိုင်သူဖြစ်ပါက မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းနေလျှင် ကြိုတင်နေရာ ပြောင်းရွှေ့ထားရန်။

ဘေးအန္တရာယ် ကျရောက်နေစဉ်

၁။ လိုအပ်ပါက မိသားစုဝင်အားလုံးကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးရန်။

၂။ အိမ်ကို လုံခြုံစွာ ပိတ်ထားခဲ့ရန်။

ဘေးအန္တရာယ် ကျရောက်ပြီးနောက်

၁။ ထိခိုက်ဒဏ်ရာရရှိသူများကို စစ်ဆေးပြီး လိုအပ်သော အကူအညီများ ပေးရန်။

၂။ သင့်မိသားစုဝင်များကို အဆက်အသွယ် ပြုလုပ်ရန်။

၃။ အိမ်၏ပျက်စီးမှုများကို စစ်ဆေးရန်။

၎။ အိမ်အတွင်းပိုင်းနှင့် ပတ်ဝန်းကျင်ကို အန္တရာယ် ကင်းသည့်အချိန်တွင် သန့်ရှင်းရေးပြုလုပ်ရန်။

၅။ ပစ္စည်းများကို လုံခြုံအောင် ထားရန်နှင့် လိုအပ်ပါက နေရာရွှေ့ထားရန်။

၆။ နေအိမ်အနေအထားများ ခိုင်မာမှုကို အင်ဂျင်နီယာ (သို့) ဒေသခံ လက်သမား၊ ပန်းရံ စသော ကျွမ်းကျင်သူများနှင့် စစ်ဆေးရန်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013