DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းကြောင့် စစ်တွေတွင် လေပြင်းတိုက်၊ နေအိမ် ၂၀ ကျော် ရေထဲမျောပါ
DVB
·
July 30, 2015
မုန်တိုင်းကြောင့် စစ်တွေတွင် လေပြင်းတိုက်၊ နေအိမ် ၂၀ ကျော် ရေထဲမျောပါ
1 / 6
Donate to DVB

ဘင်္ဂလားပင်လယ်အော်မှာ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်နေစဉ် ရခိုင်ပြည်နယ်မှာလည်း  ဇူလိုင် ၃၀ မနက်ပိုင်းကစ မိုးကြီးလေကြီးကျပြီး ပင်လယ်နဲ့ မြစ်ချောင်းအနီးနေရာ အတော်များများမှာ ရေကြီးရေလျှံကာ  နေအိမ်တချို့  ရေထဲမျောပါသွားပါတယ်။

စစ်တွေမြို့နယ်မှာ ဒီနေ့မနက်က လေပြင်းတွေပါ တိုက်ခတ်ကာ သစ်ပင်၊ ဆိုင်းဘုတ်နဲ့ ဓာတ်တိုင်တွေ လဲပြိုသလို စစ်တွေမြို့နဲ့ ချေင်းတစ်ခုသာ ခြားတဲ့ ကျေးတော ဆိုတဲ့ရွာမှာ နေအိမ်အလုံး ၂၀ လောက် ရေထဲမျောပါသွားတယ်လို့ ရခိုင်အမျိုးသားပါတီမှ ဦးအောင်မြတ်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

“စစ်တွေမှာ မိုးဆက်တိုက်ရွာနေတာ ၃ ရက်ရှိပြီ။ ဒီနေ့မနက်မှာ လေပြင်းတွေလည်း တိုက်တယ်။ သစ်ပင်တွေ၊ ဆိုင်းဘုတ်တွေ၊ ဓာတ်တိုင်တွေ လဲပြိုတယ်။ ကုလားတန် ကမ်းစပ်ဘက်မှာ ရေတွေတက်လာလို့ ရွှေပြားတို့၊ လမ်းမတော်တောင်တို့ အဲဒီရပ်ကွက်က လူတွေကို ကြက်ခြေနီအဖွဲ့က ဘေးလွတ်ရာ ကူရွှေ့ထားပါတယ်။ စစ်တွေ ချောင်းတဘက်ကမ်းက အိမ်ခြေ ၂၀၀ လောက်ရှိတဲ့ ကျေးတောရွာမှာ ကမ်းနားနီးတဲ့ နေအိမ် အလုံး ၂၀ လောက်ရေထဲမျောပါသွားတယ်။ အဲဒီက မိသားစုဝင် ၅၀ လောက် ကျေးတောဘုန်းကြီးကျောင်းမှာ ကြိုတင်ရွှေ့ပြောင်းထားလို့ ထိခိုက်ဒဏ်ရာမရှိဘူး။’

ရေထဲပါသွားတဲ့ အိမ်တွေဟာ ခြေတန်ရှည် ဓနိမိုးအိမ်တွေဖြစ်ပြီး ရွာသားအများစုက တံငါအလုပ်လုပ်ကြတယ်လို့ ဆိုပါတယ်။

ကျေးတောရွာဟာ နှစ်စဉ်လို ရေကြီးတဲ့ဒဏ်ကို ခံနေရတဲ့အတွက် ကမ်းနားတလျှောက် တံတိုင်းတွေကာပေးဖို့ လွှတ်တော်မှာ အကြိမ်ကြိမ် တင်ပြခဲ့ပေမယ့် သက်ဆိုင်ရာက ခုထိ ဘာမှ မလုပ်ပေးဘူးလို့ ဦးအောင်မြတ်ကျော်က ပြောပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်၊ မင်းပြားဘက်မှာလည်း ရေကြီးနေကြောင်းသိရပြီး  နောက်ထပ်အချက်အလက်တွေ သိရဖို့ ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ  “ကိုမန်” (Komen) အမည်ရှိတဲ့ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်နေတာဖြစ်ပြီး မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် မောင်တောမှာ တနာရီ အမြင့်ဆုံး မိုင် ၉၀ ထိနဲ့ စစ်တွေမှာ အမြင့်ဆုံး လေတိုက်မှုန်း ၁ နာရီ မိုင် ၇၀ အထိ တိုက်ခတ်နိုင်တယ်လို့ မိုးဇလဌာနက သတိပေးထားပါတယ်။

သတင်းဓာတ်ပုံ - Tun Naing Facebook

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013