DVB Logo
Home
သတင်းမီဒီယာ
အမျိုးအစားအလိုက် စာပေကင်းလွတ်ခွင့် အာမခံငွေဖြင့် စတင်ခွင့်ပြု
DVB
·
June 9, 2011
Donate to DVB

ပြန်ကြား​ရေး​ဝန်ကြီး​ဌာနရဲ့​ လက်​အောက်မှာရှိတဲ့​ စာ​ပေစိစစ်နှင့်​ မှတ်ပုံတင်ဌာနက တင်း​တင်း​ကျပ်ကျပ် ထိန်း​ချုပ်ထား​တဲ့​ စာ​ပေစိစစ်မူဝါဒ​တွေက​နေ အမျိုး​အစား​တွေအလိုက် စာ​ပေကင်း​လွတ်ခွင့်​တွေကို ဒီလ ၁၀ ရက်​နေ့​က​နေ စတင် ခွင့်​ပြုလိုက်ပြီလို့​ သိရပါတယ်။

ဒီလိုခွင့်​ပြုတဲ့​အခါမှာလည်း​ ပြစ်မှုတစုံတရာ ကျူး​လွန်တဲ့​အချိန်က​နေ စတင်ပြီး​ အာမခံ​ငွေတင်ပြကြရမှာ ဖြစ်ပါတယ်။

အုပ်စု (၁) နဲ့​ အုပ်စု (၂) လို့​ စာ​ပေစိစစ်​ရေး​က ခွဲခြား​သတ်မှတ်ထား​တဲ့​ စာနယ်ဇင်း​အမျိုး​အစား​တွေထဲက အုပ်စု (၁) ထဲက အနုပညာ၊​ သုတရသ၊​ အား​ကစား​၊​ ကျန်း​မာ​ရေး​၊​ က​လေး​၊​ ဂမ္ဘီရ၊​ နည်း​ပညာအမျိုး​အစား​ဂျာနယ်​တွေ၊​ မဂ္ဂဇင်း​တွေနဲ့​ စာ​စောင် စာ​ပေစိစစ်​ရေး​တင်စရာ မလို​တော့​ဘဲ ပုံနှိပ် ထုတ်​ဝေ ခွင့်​ ရရှိလာကြတာဖြစ်ပါတယ်။

ဒီက​နေ့​ ရန်ကုန်မြို့​၊​ သိမ်ဖြူလမ်း​က ပုံနှိပ်​ရေး​နှင့်​ စာအုပ်ထုတ်​ဝေ ​ရေး​လုပ်ငန်း​ရုံး​ချုပ် အစည်း​အ​ဝေး​ခန်း​မမှာ ပြုလုပ်တဲ့​ “စိစစ်​ရေး​မူဝါများ​ ​ပြောင်း​လဲကျင့်​သုံး​မယ့်​ အစီအစဉ်နဲ့​ ပတ်သက်ပြီး​ လိုက်နာ​ဆောင်ရွက်ရမယ့်​ လုပ်ငန်း​စဉ်​တွေကို ရှင်း​လင်း​ပြောကြား​မယ့်​ ညှိနှိုင်း​အစည်း​အ​ဝေး​” မှာ တရား​ဝင် ထုတ်ပြန်​ကြေညာလိုက်တာ ဖြစ်ပါတယ်။

ဒါနဲ့​ပတ်သက်ပြီး​ မြန်မာနိုင်ငံစာ​ပေနှင့်​ စာနယ်ဇင်း​အဖွဲ့​ရဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ဖြစ်တဲ့​ ဦး​ကိုကို (စက်မှုတက္ကသိုလ်) က အခုလို ​ပြောပြပါတယ်။

 

“အုပ်စုတစ်ပါ ဂျာနယ်မဂ္ဂဇင်း​များ​နဲ့​ အ​ထွေ​ထွေ စာ​ပေ​တွေကို လာမယ့်​ဇွန်လ ၁၀ ရက်​နေ့​ ​သောကြာ​နေ့​မှာ စတင်ပြီး​တော့​ မူသစ်နဲ့​ စာ​ပေစိစစ်​ရေး​ကို စာမူများ​ ကြိုတင်စရာမလိုဘဲ တိုက်ရိုက် တည်း​ဖြတ်ပုံနှိပ်ထုတ်​ဝေခွင့်​ ပြုလိုက်ပြီဆိုတာကို သူတို့​ကြေညာတာပါ။ အုပ်စုတစ်ပါတဲ့​ ဂျာနယ်၊​ မဂ္ဂဇင်း​ အ​ထွေ​ထွေ စာမူ​တွေက​တော့​ အနုပညာ၊​ ကျန်း​မာ​ရေး​၊​ က​လေး​၊​ နည်း​ပညာ၊​ အား​ကစား​ကဏ္ဍများ​နဲ့​ အကျုံး​ဝင်တဲ့​ စာမူ​တွေပါတယ်။ ထို့​အပြင် ပုံပြင်စာမူ​တွေပါတယ်။ ရုပ်ပြစာမူ​တွေပါတယ်။ ထီ​ပေါက်စဉ်​တွေပါတယ်။ အခုကျ​နော်တို့​ ​ပြောတဲ့​ဟာ​တွေအား​လုံး​ ဇွန်လ ၁၀ ရက်​နေ့​က​နေစပြီး​တော့​ စာ​ပေစိစစ်​ရေး​နဲ့​ မှတ်ပုံတင်ဌာနကို တင်စရာမလိုဘဲနဲ့​ ထုတ်​ဝေခွင့်​ရသွား​ပါတယ်။”

ဒီလို စိစစ်​ရေး​ကင်း​လွတ်ခွင့်​ထဲမှာ​တော့​ လက်ရှိထုတ်​ဝေ​နေတဲ့​ ဂျာနယ်​တွေထဲက ၈၂ ​စောင်နဲ့​ မဂ္ဂဇင်း​ ၉၆ ​စောင်ပါဝင်လာမှာဖြစ်ပါတယ်။

ဒီ ဂျာနယ်၊​ မဂ္ဂဇင်း​၊​ စာ​စောင်နဲ့​ အ​ထွေ​ထွေစာမူ​တွေအ​နေနဲ့​ စာ​ပေစိစစ်​ရေး​ တင်ပြစရာမလိုဘဲ ထုတ်​ဝေခွင့်​ရရှိကြမယ်ဆို​ပေမယ့်​လည်း​ ပြစ်မှုတစုံတရာကို စတင်ကျုး​လွန်တဲ့​ အချိန်က​နေ စတင်ပြီး​ အာမခံ​ငွေအဖြစ် ကျပ်​ငွေ သိန်း​ ၅၀ ဆီ တင်ကြရမယ်ဆိုတဲ့​ သတ်မှတ်ချက်​တွေလည်း​ ပါဝင်​နေပါတယ်။

ဒီအ​ကြောင်း​ကိုလည်း​ ဦး​ကိုကို (စက်မှုတက္ကသိုလ်) က အခုလို​ပြောပါတယ်။

“လွတ်လပ်စွာထုတ်​ဝေခွင့်​ရတဲ့​ဟာ​တွေက အကယ်၍များ​ တစုံတခု တိုင်တန်း​မှု မရှိမချင်း​ ကြိုက်တာထုတ် ပြဿနာမလုပ်ဘူး​။ တိုင်တန်း​မှု​တွေများ​ ရှိလာမယ်ဆိုရင် ဒီတိုင်တန်း​မှု​ကြောင့်​ ဆုံး​ဖြတ်ပြီး​တော့​ သူဟာအာမခံ​ငွေတင်ရန် လိုအပ်ပြီလို့​ ပြန်ကြား​ရေး​ဝန်ကြီး​ဌာနက​နေ ဆုံး​ဖြတ်တဲ့​အခါကျရင် အဲဒီလူက အာမခံ​ငွေသိန်း​(၅၀)တင်ရမယ်။ ​နောက်ဒုတိယအကြိမ် ထပ်မံကျူး​လွန်တဲ့​ အချိန်ကျမှ အဲဒီ သိန်း​(၅၀)ထဲက ထပ်မံဆုံး​ဖြတ်ပြီး​တော့​ အာမခံ​ငွေထဲက ဘယ်​လောက် နုတ်ယူသင့်​တယ်ဆိုတာကို ဆုံး​ဖြတ်ပြီး​တော့​ နှုတ်ယူမှာဖြစ်ပါတယ်။ ပထမတကြိမ် တိုင်တန်း​ရုံနဲ့​တင် မဟုတ်ဘူး​။ တိုင်တန်း​ပြီး​လို့​ အဖွဲ့​က​နေ အာမခံ​ငွေ တင်ရန်လိုအပ်တယ်လို့​ ဆုံး​ဖြတ်တဲ့​အချိန်မှာ အာမခံ​ငွေ သိန်း​ ၅၀ တင်ရမယ်လို့​ ​ပြောပါတယ်။”

ဒါအပြင် စာ​ပေစိစစ်​ရေး​ ကင်း​ခွင့်​ရမယ့်​ စာနယ်ဇင်း​တွေအ​နေနဲ့​ လိုက်နာရမယ့်​ စည်ကမ်း​သက်မှတ်ချက် (၁၂) ချက်ကိုလည်း​ ပြန်ကြား​ရေး​ဝန်ကြီး​ဌာနလက်​အောက်ရှိ ပုံနိုပ်သူများ​၊​ ထုတ်​ဝေသူများ​ မှတ်ပုံတင်နဲ့​ စာ​ပေစိစစ်နှင့်​ ဖြန့်​ချိ​ရေး​ဌာနက ထုတ်ပြန်ထား​ပြန်ပါတယ်။

ဒီစည်း​ကမ်း​သတ်မှတ်ချက်​တွေထဲမှာ​တော့​ ဒို့​တာဝန် အ​ရေး​သုံး​ပါး​ကို ဆန့်​ကျင်ထိပါး​ရေး​သား​ခြင်း​မပြုရ၊​ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေနဲ့​ အဲ့​ဒီဥပ​ဒေပါ ပြဌာန်း​ချက်​တွေကို ဆန့်​ကျင်​ရေး​သား​ခြင်း​မပြုရ၊​ မြန်နိုင်ငံအစိုး​ရရဲ့​ လျှို့​ဝှက်ဥပ​ဒေ​တွေနဲ့​ အကျွမ်း​ဝင်တဲ့​ နိုင်ငံ​တော်လျှို့​ဝှက်ချက် ​တွေကို ထုတ်​ဖော်​ရေး​သား​ခြင်း​မပြုရ စတာ​တွေနဲ့​အတူ ဘာသာ​ရေး​၊​ ယဉ်​ကျေး​မှု၊​ ထုံး​တမ်း​စဉ်လာ​တွေ၊​ ရိုး​ရာယဉ်း​ကျေး​မှု​တွေနဲ့​ပတ်သက်ပြီး​ လိုက်နာရမယ့်​ အချက်​တွေလည်း​ ပါဝင်ထား​ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013