DVB Logo
Home
စီးပွားရေး
ဦးပိုင်က ကော့စတစ်စက်ရုံအတွက် လယ်သိမ်းပြန်ပြီ
DVB
·
June 9, 2011
Donate to DVB

မ​ကွေး​တိုင်း​ ကံမမြို့​မှာ ဦး​ပိုင်ကုမ္ပဏီက ​ကော့​စတစ်​ဆော်ဒါစက်ရုံ တည်​ဆောက်​ရေး​အတွက် ​တောင်သူ​တွေရဲ့​ ဓား​မဦး​ချ ​မြေဧက ၂၀၀ ကို သိမ်း​ပိုက်ယူငင်ဖို့​ ပြင်ဆင်​နေပါတယ်။

ဒီလယ်ယာ​မြေသိမ်း​ပိုက်မှုကို တရား​ဝင်ဖြစ်​အောင် ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ပါတီတာဝန်ရှိသူ​တွေက လိုက်ပါ​ဆောင်ရွက်​နေတယ်လို့​ လယ်သိမ်း​ဖို့​ လျာထား​ခံရတဲ့​ လယ်သမား​တွေက ​ပြောပါတယ်။

မြန်မာ့​တပ်မ​တော်ရဲ့​ ​ကျော​ထောက်​နောက်ခံ ရင်း​နှီး​မြှုပ်နှံထား​တဲ့​ ဦး​ပိုင်ကုမ္ပဏီဟာ မ​ကွေး​တိုင်း​ ကံမမြို့​ စစ္စရံ​ကျေး​ရွာမှာ ​ကော့​စတစ်ဆိုဒါစက်ရုံတည်ဖို့​ ​မြေသိမ်း​၊​ တရား​စွဲဖို့​ ကြိုး​စား​တဲ့​ လယ်ရှင်​တွေကို ရိုက်နှက်ပြီး​ တရား​စွဲဆိုလို့​ လယ်သမား​ ငါး​ဦး​ သရက်ခရိုင်အကျဉ်း​ထောင်မှာ ​ထောင်ကျတာ လပိုင်း​ပဲ ရှိပါ​သေး​တယ်။

အခုအခါမှာ​တော့​ အဲဒီ စစ္စရံ​ကျေး​ရွာက စီမံကိန်း​ကို ဖျက်သိမ်း​ပြီး​ နံ​ဘေး​နား​က ဝဲကြီး​နဲ့​ ​ထောက်မ​ကျေး​ရွာ​တွေက ရွာသား​ ၆၀ ပိုင် ​မြေဧက ၂၀၀ ခန့်​အ​ပေါ်မှာ ​ကော့​စတစ်စက်ရုံ တည်​ဆောက်မယ့်​ စီမံကိန်း​ကို ပြန်လည်စတင်​နေပါတယ်။

ထောက်မ​ကျေး​ရွာက ဦး​ဝင်း​ကြည်က သူတို့​မိဘအစဉ်အဆက်က စိုက်ပျိုး​ လုပ်ကိုင်လာတဲ့​ သူ့​လယ်ထဲမှာ ဦး​ပိုင်ကုမ္ပဏီက ခွင့်​မ​တောင်း​ဘဲ ​မြေတူး​စက်နဲ့​ ထိုး​ညှိပြီး​ စီမံကိန်း​စီမံခန့်​ခွဲတဲ့​ ဆယ်ခန်း​တွဲရုံး​ကို သူ့​မြေ​ပေါ်မှာ လာ​ရောက် ​ဆောက်လုပ်ထား​တယ်လို့​ ​ပြောပါတယ်။

“၅ လပိုင်း​ ၅ ရက် ၂၀၁၀ ရက်​နေ့​မှာ ကျ​နော့်​ရဲ့​ ကုန်း​မြေ​တွေ တဧကခွဲခန့်​ကို ​ကျေး​ရွာရယကရယ်။ လုပ်ငန်း​ရှင် ဦး​မောင်ဝင်း​၊​ ဦး​တင်ထွန်း​အောင် တို့​သုံး​ဦး​သည် ကျ​နော့်​ကို ​တောင်း​ဆိုခြင်း​မရှိပဲနဲ့​ တစ်ဧကခွဲ​လောက်ရှိတဲ့​ မိုး​သီး​နှံ၊​ နှမ်း​၊​ ပဲ နှစ်သီး​စား​ လုပ်စား​နေတဲ့​ ​မြေကွက်ကို ​မြေတူး​ကား​များ​နဲ့​ အတင်း​လာ​ရောက် တူး​ဖော်ပြီး​တော့​ ဆယ်ခန်း​တွဲ ၁၁ လုံး​ခန့်​လောက် ကျ​နော့်​ထိပ်မှာ လာ​ဆောက်ပြီး​တော့​ ကျ​နော်တို့​ ​ထောက်မ​ကျေး​ရွာ အကွက်အမှတ် ၂၇၈၊​ ၂၈၁၊​ ​တောင်သူ ၆၀ ခန့်​၊​ လယ်ယာ​မြေ ဧက ၂၀၀ ခန့်​ကို အလံရိုက်ခြင်း​ ​မြေတိုင်း​ထွာခြင်း​များ​ လုပ်ကိုင်လျက်ရှိပါတယ်။”

ရွာသား​တွေထံက လယ်သိမ်း​ယူမယ့်​ကိစ္စကို မ​ကျေနပ်လို့​ ရွာသား​ သုံး​ဆယ်နီး​ပါး​က ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေကို တိုင်ကြား​ အကူအညီ​တောင်း​ခဲ့​ဖူး​ပေမယ့်​ မထူး​ခဲ့​ဘူး​လို့​ သူက ​ပြောပါတယ်။

ကုမ္ပဏီက သူတို့​လယ်​မြေ​တွေကို တဧက ခုနှစ်သိန်း​ခွဲ​ပေး​မယ်လို့​ ကမ်း​လှမ်း​ဖူး​ပေမယ့်​ ​ဈေး​ကွာဟမှုနဲ့​ ဘိုး​ဘွား​ပိုင်​မြေကို မစွန့်​လွှတ်ချင်ဘူး​လို့​ ဦး​ဝင်း​ကြည်က ​ပြောပါတယ်။

“ကျ​နော်တို့​ လယ်ယာ​မြေ​တွေက တဧကကို သိန်း​၂၀ ​လောက်တန်တဲ့​ လယ်ယာ​မြေ​တွေပါ။ ​နောက်တချက်က ကျ​နော်တို့​ မိရိုး​ဖလာ ဘိုး​ဘွား​ လက်ထက် လုပ်ကိုင်စား​သောက်ရတဲ့​ လယ်ယာ​မြေ​တွေမို့​ ကျ​နော်တို့​ ​တောင်သူ​တွေအ​နေနဲ့​ လုံး​ဝသ​ဘောမတူပါဘူး​။ ​ကော့​စတစ် စက်ရုံဆိုတာ အညစ်​ကြေး​တွေထုတ်တဲ့​နေရာမှာ ​တောင်သူ​တွေ​ကော ပတ်ဝန်း​ကျင်မိသား​စုအတွက် အန္တရာယ် ကြီး​မား​တယ်လို့​ တွက်လို့​ရပါတယ်။”

အခုလ ၃ ရက်​နေ့​မှာ​တော့​ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​နဲ့​ ကုမ္ပဏီက တာဝန်ရှိသူ​တွေဟာ ရွာကိုလာပြီး​ ဒီစီမံချက်နဲ့​ ပတ်သက်လို့​ သူတို့​နဲ့​ ​ဆွေမျိုး​အသိုင်း​အဝိုင်း​တွေကို ဖိတ်ကြား​ပြီး​ ဒီစီမံကိန်း​ကို လိုလား​ပါတယ် စသဖြင့်​ အချင်း​ချင်း​ အဆိုပြု၊​ ​ထောက်ခံ ဆုံး​ဖြတ်သွား​တယ်လို့​ သူက ​ပြောပါတယ်။

“ကျ​နော်တို့​ ​တောင်သူ​တွေကို အစည်း​အ​ဝေး​လည်း​ မ​ခေါ်ဘူး​။ ညှိနှိုင်း​ဆွေး​နွေး​ခြင်း​လည်း​ မရှိဘူး​။ သဲ၊​ ​ကျောက်၊​ အုတ်၊​ လုပ်ငန်း​ပိုင်ရှင်များ​နဲ့​ သူတို့​ရဲ့​ မိသား​စု​တွေအား​လုံး​ကို ညှိနှိုင်း​ဆွေး​နွေး​ပွဲလုပ်တာ​ပေါ့​ လူ ၈၀ ခန့်​လောကိကို၊​ အဲဒီမှာ သူတို့​ အဆိုပြုတဲ့​လူရယ်၊​ ​ထောက်ခံတဲ့​လူရယ်။ အဲဒီကိစ္စ​လေး​တွေလုပ်သွား​တော့​ ကျ​နော်တို့​ အဲဒီအစည်း​အ​ဝေး​ထဲမှာက လလက ၃၉ ကျခဲ့​သော် ကျ​နော်တို့​ လယ်ယာ​မြေ​တွေကို ဆိုင်း​ဘုတ်တင်ပြီး​တော့​ ထိုး​မယ်လို့​ ​ကြေညာသွား​ပါတယ်။ တကယ်လို့​ တား​ရင်လည်း​ တား​တဲ့​လူ​တွေကို ဥပ​ဒေအရ အ​ရေး​ယူ​ဆောင်ရွက်သွား​မယ်လို့​ ​ကြေညာသွား​ပါတယ်။”

ဒီစီမံကိန်း​ကို လာမယ့်​ ၁၁ လပိုင်း​မှာ စတင် အ​ကောင်အထည်​ဖော်မယ် ​ပြောသွား​တယ်လို့​ ဆိုပါတယ်။

ဒီလို သိမ်း​ဆည်း​ရယူ ​ဆောက်လုပ်ဖို့​ဟာ ရွာသား​တွေရဲ့​ ​ထောက်ခံချက်ရှိဖို့​ လိုတာ​ကြောင့်​ ဒီ​နောက် လွန်ခဲ့​တဲ့​ရက်ပိုင်း​က ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ ပါတီဝင်​တွေဟာ ဒီစီမံကိန်း​ကို ​ထောက်ခံကြိုဆို​ကြောင်း​ ​ထောက်ခံချက်​တွေ လိုက်လံ ​ကောက်ယူ​နေပါတယ်။ ညဘက် ဆယ်နာရီခန့်​မှာ သူ့​ထံက လာ​ရောက်​ထောက်ခံချက်ယူတာ လက်မှတ်ထိုး​မ​ပေး​လိုက်ဘူး​လို့​ ဝဲကြီး​ကျေး​ရွာက ဦး​ကြီး​ငွေက ​ပြောပါတယ်။

“လက်မှတ်လိုက်ထိုး​ခိုင်း​တဲ့​လူ​တွေက ကြံ့​ခိုင်​ရေး​အဖွဲ့​က ဦး​ဝင်း​လှိုင်၊​ ဦး​သန်း​ဆွေ၊​ ဦး​ခင်​ဇော်က​တော့​ စီး​ပွား​ရေး​သမား​ပေါ့​။ ကျ​နော်က​တော့​ ကျ​နော့်​နာမည်ကို ချက်ချင်း​ဖျက်ခိုင်း​တာ။ ဖျက်​ပေး​ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013