DVB Logo
Home
မြန်မာသတင်း
ရှမ်းနီပါတီများ စစ်ကိုင်းနှင့် ကချင်တွင် ကိုယ်စားလှယ်လောင်း ၈၀ ၀င်ပြိုင်မည်
DVB
·
July 30, 2015
ရှမ်းနီပါတီများ စစ်ကိုင်းနှင့် ကချင်တွင် ကိုယ်စားလှယ်လောင်း ၈၀ ၀င်ပြိုင်မည်
1 / 2
Donate to DVB

ရှမ်းနီတိုင်းရင်းသားမျိုးနွယ်စုပါတီ ၂ ပါတီ ဖြစ်တဲ့ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုး တက်ရေးပါတီနဲ့ ရှမ်းနီ (တိုင်းလိုင်) နှင့် မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေး ပါတီတို့ဟာ လာမယ့် ရွေးကောက်ပွဲမှာ အမတ်လောင်း ၈၀ ၀င်ပြိုင်ဖို့ ရှိနေပါတယ်။

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ အများဆုံးနေထိုင်တဲ့ ရှမ်းနီလူမျိုးများ ကိုယ်စားပြု တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဟာ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၆ ဦး ရွေးချယ်ထားပြီး အနည်းဆုံး မြို့နယ်ပေါင်း ၁၃ မြို့နယ်မှာ ၀င်ပြိုင်မယ်လို့ ပါတီဥက္ကဋ္ဌ  ဦးစိုင်းဌေးအောင်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ကိုယ်စားလှယ်လောင်း ၅၆ ဦးရှိပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီး၊ ဟုမ္မလင်း၊ အင်းတော်၊ ပင်လယ်ဘူး၊ ဗန်းမောက်နဲ့ ကချင်ပြည်နယ် မိုးညင်း၊ မိုးကောင်း၊ ဖားကန့်၊ မြစ်ကြီးနား၊ ၀ိုင်းမော်၊ မံစီ အဲဒီဘက်မှာ ၀င်ပြိုင်မယ်။ ပြီးတော့ ရွှေကူ၊ ဖောင်းပြင်၊ တမူး တွေဘက်လည်း ၀င်ပြိုင်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။”

မန္တလေးမှာ ဌာနချုပ်ရုံးဖွင့်ထားတဲ့ တိုင်းလိုင် (ရှမ်းနီ) ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဟာ  ၂၀၁၂ မှာ  စတင်ထူထောင်တာဖြစ်ပြီး ပါတီရဲ့ ဦးတည်ချက်ဟာ ငြိမ်းချမ်းရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရေးဖြစ်တယ်လို့ ဆိုပါတယ်။

ရှမ်းနီတိုင်းရင်းသားတွေအနေနဲ့ ကချင်ပြည်နယ်မှာ လူမျိုးရေးခွဲခြားဆက်ဆံ ဖိနှိပ်မှုခံရတဲ့ပြဿနာ ၊ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရလို့  ရွာပျက်သွားတဲ့ ပြဿ     နာတွေ ရှိနေပြီး ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင်တော့ ဒီမိုကရေစီစနစ် အကောင်အထည်ဖော်ရေးမှာ ပြည်သူတွေ အသိအမြင်ဖွံ့ဖြိုးရေးကို အရင်ဆောင်ရွက်မယ်လို့ ဦးစိုင်းဌေးအောင်က ပြောသွားပါတယ်။

Red Shan2

အလားတူ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ ရှမ်းနီ (တိုင်းလိုင်) နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေး ပါတီကလည်း စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွင်းရှိ  ရှမ်းနီ၊ ခန္တီးရှမ်း၊ တိုင်းဆာ၊ တိုင်းလေ၊ တိုင်းမောဝ်း၊ တိုင်းခွမ်းနဲ့ ကတူးကနန်း  အစရှိတဲ့ ရှမ်းမျိုးနွယ်စုများ ကိုယ်စားပြုပါတီ ဖြစ်ပါတယ်။

ပါတီ ခေါင်းဆောင်တချို့ကတော့ ယခင် ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟိုကော်မတီဝင်တွေ ဖြစ်ခဲ့ပြီး ပါတီတွင်း အမြင်မတူမှုတွေကြောင့် ခွဲထွက်ခဲ့ကာ ပါတီသစ် ထူထောင်ခဲ့တာမှာ  ဒီနှစ် မေလပိုင်းကမှ ပါတီမှတ်ပုံတင်ကျပါတယ်။

ပါတီအနေနဲ့ စစ်ကိုင်းတိုင်း ဖောင်းပြင်၊ ဗန်းမောက်၊ ဟုမ္မလင်းနဲ့  ကချင်ပြည်နယ် ၀ိုင်းမော်၊ ဖားကန့်၊ မြစ်ကြီးနား၊ မိုးညင်း စတဲ့ မြို့နယ် ၈ ခုမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၄ ဦး ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးစောဝင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ကတော့  ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာနေထိုင်တဲ့ ရှမ်းမျိုးနွယ်စုတွေကို အားပြုထူထောင်ထားတဲ့အတွက် အဲဒီဒေသထဲက ရှမ်းမျိုးနွယ်စုတွေရဲ့ အရေးကို အဓိကထား ဆောင်ရွက်သွားဖို့ပါ။ နောက်ပြီးတော့ ကျနော်တို့ မူလရည်မှန်းချက်ဖြစ်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးပေါ့နော်၊ နယ်မြေဒေသ တည်ငြိမ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေး၊ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး စတဲ့ အရေးကိစ္စတွေကို အခြားသော အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။”

ဒါ့အပြင် သူတို့ဒေသမှာ အဓိက ဖြစ်ပျက်နေတဲ့  မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုပြဿ နာ၊ ကျောက်စိမ်းတူးဖော်မှု၊ ရွှေတူးဖော်မှုနဲ့ သစ်ထုတ်လုပ်ရေးလုပ်ငန်းတွေကို စက်ယန္တရားတွေနဲ့ အကြီးအကျယ် ထုတ်လုပ်နေတာကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးတဲ့ပြဿ နာ တွေလည်း ဖြေရှင်းဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

ရှမ်းနီတိုင်းရင်းသားပါတီတွေဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးခြင်းမရှိဘဲ လာမယ့် နိုဝင်ဘာလ ၈ ရက် ရွေးကေက်ပွဲကျမှ ပထမဆုံးအကြိမ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မှာ  ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013