DVB Logo
Home
လူမှုရေး
မန္တလေးကျောင်းကားများ အခွန်ဆောင်ရမည်
DVB
·
June 9, 2011
Donate to DVB

မန္တ​လေး​မြို့​က တက္ကသိုလ်​ကျောင်း​သူ​ကျောင်း​သား​တွေ အား​ထား​ စီး​နင်း​နေကြတဲ့​ ထရပ်ကား​ငယ်​တွေကို ဒီလကုန်မတိုင်မီ အနက်​ရောင်နံပါတ်က​နေ အနီ​ရောင် နံပါတ်​ပြောင်း​ဖို့​ အခွန်​ဆောင်ကြဖို့​ ကား​သမား​တွေကို အ​ကြောင်း​ကြား​လိုက်ပါတယ်။

မန္တ​လေး​မြို့​ ​ဒေသခံတချို့​ဟာ သိန်း​တရာဝန်း​ကျင်​လောက် တန်တဲ့​ လိုက်ထရပ် နံပါတ်အနက်​ရောင်ကား​တွေကို အိမ်သုံး​အဖြစ် ဝယ်ယူသုံး​နေရာက ရတနာပုံတက္ကသိုလ်က ​ကျောင်း​သူ​ကျောင်း​သား​တွေကို ဖယ်ရီပို့​ကြို​နေကြတာပါ။

ဒီအ​ပေါ် ဥပ​ဒေအရ နံပါတ်အနက်ကား​တွေ ဖယ်ရီဆွဲခွင့်​ မရှိဘူး​။ နံပါတ် အနီ​ရောင်​ပြောင်း​မှ ​ပြေး​ဆွဲခွင့်​ပြုမယ်။ ​ပြေး​ဆွဲခကို တနှစ်ကို ကျပ်​ငွေ တသိန်း​ခွဲ ​ပေး​ဆောင်ရမယ်လို့​ ပို့​ဆောင်ဆက်သွယ်​ရေး​ စီမံကိန်း​ဦး​စီး​ဌာနက ကား​သမား​တွေကို အ​ကြောင်း​ကြား​ခဲ့​တာ ဖြစ်ပါတယ်။

ရုတ်တရက် ​ကောက်ကာငင်ကာ အ​ကြောင်း​ကြား​ချက်​ကြောင့်​ ဒီစီး​ပွား​ရေး​ လုပ်ငန်း​အ​ပေါ် မှီခိုခြင်း​မရှိတဲ့​ ကား​သမား​တွေအတွက် ကား​မ​ပြေး​ဆွဲရလို့​ အခက်သိပ်မရှိ​ပေမယ့်​ ​ကျောင်း​သား​တွေအတွက် သွား​ရေး​လာ​ရေး​ အဆင်မ​ပြေ ဖြစ်မှာ လို့​ မန္တ​လေး​မြို့​ခံ လူငယ်တဦး​က ​ပြောပါတယ်။

“အ​ကောင်အထည်​ဖော်တာက မကြာ​သေး​ဘူး​အစ်ကို ရက်ပိုင်း​ပဲ ရှိ​သေး​တယ်။ ၃၁ ရက်ဆိုပြီး​ စာထွက်ပြီး​တော့​ ၆ လပိုင်း​နောက်ဆုံး​ မလုပ်မ​နေရဆိုပြီး​ စာထပ်ထွက်တယ်။ အဓိကက မိန်း​က​လေး​တွေ​ပေါ့​။ လိုင်း​ကား​ဆိုတာကလည်း​ နိုင်ငံခြား​လို မဟုတ်ဘူး​။ ပြွတ်သိပ်အကုန်တင်ပြီး​မှ ​နောက်ဆုံး​မှာဆို ​ယောကျာ်း​လေး​တွေက တွဲလန်း​လိုက်ရတယ်။ တချို့​ဆို မိန်း​က​လေး​တွေ​တောင်မှ ​နောက်ဆုံး​မှာ တန်း​လန်း​ကြီး​တွယ်ပြီး​ လိုက်ရတယ်။ လိုင်း​တွေက လုံး​လုံး​ မ​ပြေး​တော့​ဘူး​ဆိုရင် မိန်း​က​လေး​တွေ ပိုပြီး​ဒုက္ခ​ရောက်မှာ​ပေါ့​။ ”

ကျောင်း​သား​တွေက ဥပ​ဒေအရ ​ဆောင်ရွက်တာကို စွက်ဖက်​ပြောဆိုခြင်း​ မရှိ​ပေမယ့်​ အဆင်​ပြေ​နေတဲ့​ကိစ္စကို အစား​ထိုး​ ​ဆောင်ရွက်​ပေး​သင့်​တယ်လို့​ ​ဝေဖန် ​ပြောဆို​နေကြပါတယ်၊

နံပါတ်အနီနဲ့​ ကား​ပြေး​ဆွဲရရင် ကား​တွေက နှစ်စဉ်အခွန် တသိန်း​သုံး​သောင်း​ ​ဆောင်ရတာ​ကြောင့်​ ​ကျောင်း​သား​တွေထံက ကား​ခ ပိုမို​ကောက်ခံမှာ ဖြစ်ပါတယ်။ ကား​သမား​တွေကလည်း​ ဒီအခွန်ဟာ ​ဈေး​များ​လွန်း​တယ်။ ​နောက်တချက်က သူတို့​ရဲ့​ကား​နံပါတ်ပြား​ကို အနီ​ရောင်​ပြောင်း​မှာကို မလိုလား​တဲ့​ ကား​ပိုင်ရှင်​တွေ ရှိ​နေကြပါတယ်။

သက်ဆိုင်ရာက အနက်​ရောင် ပြန်လည်​ပြောင်း​လိုက ​ပြောင်း​နိုင်တယ်လို့​ ​ပြောဆို​ပေမယ့်​ ပြန်လည် ​ပြောင်း​တဲ့​အခါ ထင်သ​လောက်မလွယ်ကူဘဲ ကျပ်​ငွေ (၇) သိန်း​ခန့်​ ကုန်ကျမှာကို ကား​သမား​တွေဘက်က များ​တယ်လို့​ တွက်ချက်ကြပါတယ်။

လတ်တ​လောမှာ ရတနာပုံတက္ကသိုလ်မှာ အစီး​ ၃၀၀ ခန့်​ ​ကျောက်ဆည် နည်း​ပညာတက္ကသိုလ်မှာ ၇၀ ခန့်​၊​ မန္တ​လေး​နည်း​ပညာတက္ကသိုလ်မှာလည်း​ အစီး​ ၅၀ ခန့်​ ​ပြေး​ဆွဲ​နေကြတယ်လို့​ ဆိုပါတယ်။

နံပါတ်အနီ​ပြောင်း​ရေး​ကို လိုလား​သူ​ရော မလိုလား​သူ​တွေ ရှိ​နေတာ​ကြောင့်​ သက်ဆိုင်ရာက ​လျော့​ပေါ့​တဲ့​အ​နေနဲ့​ ​နောက်ထပ်ယာဉ်သက်တမ်း​တိုး​မှ အနီ​ရောင်​ပြောင်း​ဖို့​ ဆိုပြီး​ ​လျှော့​ပေး​ခဲ့​တယ်လို့​ ဆိုပါတယ်။

တကယ်လို့​ အနီ​ရောင်​ပြောင်း​ရမယ့်​အချိန်မှာ မ​ပြောင်း​ဘူး​ဆိုရင်​တော့​ ပထမတကြိမ်နဲ့​ ဒုတိယတကြိမ်မှာ ဒဏ်​ငွေသုံး​သောင်း​စီ ဒဏ်ရိုက်ခံရမှာဖြစ်ပြီး​ တတိယအကြိမ်ဆိုရင် သုံး​သောင်း​ဒဏ်​ငွေအပြင် တရား​ရုံး​တင် စွဲဆိုခံရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013