DVB Logo
Home
စီးပွားရေး
ရန်ကုန်စည်ပင်ခွန် တိုးကောက်တော့မည်
DVB
·
June 9, 2011
Donate to DVB

စည်ပင်လုပ်ငန်း​တွေ လုပ်​ဆောင်ဖို့​ မြို့​တော်စည်ပင်မှာ ​ငွေ​ကြေး​ မလုံ​လောက်တဲ့​အတွက် ရန်ကုန်တိုင်း​ထဲမှာ စည်ပင်အခွန်​တွေ ​ငွေတိုး​ကောက်ဖို့​ရှိ တယ်လို့​ ရန်ကုန်တိုင်း​ အစိုး​ရအဖွဲ့​နဲ့​ သွား​ရောက် ​တွေ့​ဆုံ​ဆွေး​ခဲ့​တဲ့​ ရန်ကုန်တိုင်း​ အမျိုး​သား​လွှတ်​တော်ကိုယ်စား​လှယ် ဦး​ဘုန်း​မြင့်​အောင်က ​ပြောပါတယ်။

အစိုး​ရသစ်လက်ထက်မှာ တိုင်း​ဒေသကြီး​အစိုး​ရအဖွဲ့​အ​နေနဲ့​ တိုင်း​ဒေသကြီး​အတွက် ကျတဲ့​ဘတ်ဂျက်​ငွေနဲ့​ပဲ သုံး​စွဲရမှာဖြစ်လို့​ မြို့​တော်စည်ပင်သာယာ​ရေး​ လုပ်ငန်း​တွေ လုပ်ဖို့​ ဘဏ္ဍာ​ငွေ မလုံ​လောက်တဲ့​အ​ကြောင်း​ ရန်ကုန်မြို့​တော်ဝန်က ​ပြောတယ်လို့​ ဆိုပါတယ်။

မြို့​တော်ဝန်အ​နေနဲ့​ ရန်ကုန်မှာ ​ရေ​မြောင်း​တွေမ​ကောင်း​လို့​ ​ရေလျှံတာ၊​ လူသွား​စင်္ကြန်လမ်း​တွေ မ​ကောင်း​တာကိုလည်း​ သိရှိတဲ့​အ​ကြောင်း​၊​ ဘဏ္ဍာ​ငွေ အ​ခြေအ​နေအရ အချိန်ယူ ပြင်ဆင်ရမှာ ဖြစ်​ကြောင်း​နဲ့​ လိုအပ်တဲ့​ငွေ​ကြေး​အတွက် စည်ပင်ခွန် တိုး​ကောက်ရမယ့်​နည်း​လမ်း​ကို မြို့​တော်ဝန်အ​နေနဲ့​ မဖြစ်မ​နေ လုပ်ရ​တော့​မယ်လို့​ သိရ​ကြောင်း​လည်း​ ဦး​ဘုန်း​မြင့်​အောင်က ​ပြောပါတယ်။

စည်ပင်ခွန်​တွေ တိုး​ကောက်မယ်ဆိုတာ အပြင်မှာလည်း​ ကြား​နေရပါတယ်လို့​ အခုလို ​ပြောပြပါတယ်။

“စည်ပင်ခွန်​တွေ တိုး​ကောက်မယ်လို့​ အပြင်က ကြား​နေပါတယ်။ ဗဟိုအစိုး​ရစီကလည်း​ ပိုက်ဆံမရဘူး​။ ကိုယ့်​ထဲမှာရှိတဲ့​ အခွန်ထဲက​နေ ရပ်တည်ရမယ်ဆို​တော့​ အခွန်​ငွေရရှိ​ရေး​လမ်း​က​တော့​ သူဆက်ကို​လျှောက်ရမယ့်​လမ်း​ပါ။ ”

အမျိုး​သား​လွှတ်​တော်ကိုယ်စား​လှယ်​တွေဖြစ်တဲ့​ ဦး​ကျော်၊​ ​ဒေါ်စန်း​စန်း​မြင့်​နဲ့​ သင်္ကန်း​ကျွန်း​မြို့​နယ် ကိုယ်စား​လှယ် ဦး​သိန်း​ညွန့်​တို့​လည်း​ ​ဆွေး​နွေး​ပွဲမှာ ပါဝင်တယ်လို့​ပြောပါတယ်။

ကိုယ်စား​လှယ်​တွေက သူတို့​လွှတ်​တော်ကိုယ်စား​လှယ်နယ်​မြေ​တွေအတွင်း​ ပြည်သူ​တွေတင်ပြတဲ့​ ​ရေကိစ္စ၊​ လျှပ်စစ်မီး​၊​ အကျင့်​ပျက်ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​တွေကိစ္စ စတဲ့​စတဲ့​ ကိစ္စရပ်​တွေ တိုင်း​အစိုး​ရအဖွဲ့​နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​လို ပါတယ်လို့​ စာ​ရေး​သား​ပေး​ပို့​ ​တောင်း​ဆို ပြီး​နောက် ​တွေ့​ဆုံ​ဆွေး​နွေခွင့်​ရခဲ့​ကြတာပါ။

ဇွန်လ ၁ ရက်​နေ့​က ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ကြတာဖြစ်ပြီး​၊​ အလုပ်ဖြစ်တဲ့​ ​ဆွေး​နွေး​ပွဲ ဖြစ်တယ်လို့​ သိရပါတယ်။

သူတို့​တင်ပြ​ဆွေး​နွေး​တာ​တွေထဲက တချို့​ကို ချက်ချင်း​လက်ငင်း​ ​ဆောင်ရွက်​ပေး​တာမျိုး​တွေ ရှိတယ်လို့​ ​ဆွေး​နွေး​ပွဲမှာပါဝင်တဲ့​ သင်္ဃန်း​ကျွန်း​ လွှတ်​တော်ကိုယ်စား​လှယ် ဦး​သိန်း​ညွန့်​က ​ပြောပါတယ်။

အကျင့်​ပျက်ရပ်ကွက် အုပ်ချုပ်​ရေး​မှူး​တွေအ​ကြောင်း​ တင်ပြခဲ့​တာကိုလည်း​ ဦး​သိန်း​ညွန့်​က အခုလို ​ပြောပြပါတယ်။

“တချို့​ရပ်ကွက်မှာ အရက်ပုန်း​ဆိုင်ဖွင့်​ထား​တဲ့​လူကို ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​ ဆက်​ပေး​ထား​တယ်ဗျာ။ တချို့​ရပ်ကွက်​တွေမှာက​တော့​ ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​တွေက ရုံး​ခန်း​မှာကို အရက်​သောက်​နေကြတယ်။ ​နောက် လူထုကို ​စော်ကား​မော်ကား​စကား​တွေ ​ပြောတယ်။ ဧည့်​စာရင်း​ကိစ္စ​တွေ အ​ကြောင်း​ပြုပြီး​တော့​ လူထုကို ​ငွေညှစ်တယ်။ အိမ်ရှင်အိမ်ငှား​စာချုပ်​ပေါ်မှာ မူတည်ပြီး​တော့​ ကိုယ့်​တာဝန်အရ ​ဆောင်ရွက်တာ မဟုတ်​တော့​ဘဲနဲ့​ လာဘ်​ပေး​လာဘ်ယူ တရား​ဝင်မဟုတ်တဲ့​နည်း​နဲ့​ အတင်း​ဝင်လုပ်​နေတာ​ပေါ့​။ အဲဒါ​တွေကို ကျ​နော်တို့​ ပွင့်​ပွင့်​လင်း​လင်း​ တင်ပြပါတယ်။ သူတို့​ဘက်ကလည်း​ အ​ရေး​ယူ​ဆောင်ရွက်​ပေး​မယ်ဆိုတာ ကျ​နော်တို့​ကို ပွင့်​ပွင့်​လင်း​လင်း​ပြောပါတယ်။ ”

ရန်ကုန်တိုင်း​အစိုး​ရအဖွဲ့​နဲ့​ သူတို့​လွှတ်​တော်ကိုယ်စား​လှယ်​တွေ ဆက်လက် ထိ​တွေ့​ဆက်ဆံဖို့​ ဆက်ဆံ​ရေး​လမ်း​ကြောင်း​တခုထား​ရှိပြီး​ ဖြစ်တာမို့​ ​နောင်လည်း​ အခုလိုပဲ ​ဆွေး​နွေး​ဆောင်ရွက်သွား​မှာ ဖြစ်တယ်လို့​ ​ပြောဆိုခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013