DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းငယ် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းပြီ
DVB
·
July 30, 2015
မုန်တိုင်းငယ် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းပြီ
Donate to DVB

မုန်တိုင်းအခြေအနေ

ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသော မုန်တိုင်းငယ်ဟာ ပိုမို အားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်း “ကိုမန်” (Komen) အဖြစ် ရောက်ရှိခဲ့ပြီးလို့ မိုးဇလက သတင်း ထုတ်ပြန်ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းဟာ အိန္ဒိယနိုင်ငံ ကိုလ်းကတ္တားမြို့ရဲ့ အရှေ့နဲ့ အရှေ့တောင်ဘက် မိုင် ၁၇၀ ခန့်အကွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၅၀ ခန့်၊ မြန်မာနိုင်ငံ မောင်တောမြို့၏ အနောက်မြောက်ဘက် ၈၅ မိုင်ခန့်နဲ့  စစ်တွေမြို့ရဲ့ အနောက်မြောက်ဘက် ၁၃၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းဟာ လက်ရှိလိမ္မော်ရောင်အဆင့်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကမ်းခြေဒေသကို ဦးတည်ပြီး မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းစွန်းဒေသအနီး ရွေ့လျားနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနဲ့ လေတိုက်နှုန်း

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာစံတော်ချိန် မနက် ၁၀ နာရီ မိနစ် ၃၀ အချိန်တွင် မြောက်လတ္တီကျု ၂၁.၇ ဒီဂရီနဲ့ အရှေ့လောင်ဂျီကျု ၉၁.၂ ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား ၉၈၆ ဟက်တိုပါစကယ်နဲ့  အမြင့်ဆုံးလေတိုက်နှုန်းမှာ ၁ နာရီလျှင် မိုင် ၅၀ နှုန်း ဖြစ်ပါတယ်။

နောက် ၁၂ နာရီအတွင်း ခန့်မှန်းချက်

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့ နံနက်မှ နောက် ၁၂ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကမ်း‌ခြေဒေသကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော် ၀င်ရောက်ပြီး အနောက်နဲ့ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ တဖြည်းဖြည်း အားလျော့သွားမယ်လို့ ဆိုပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေဒေသသို့ ဖြတ်ကျော်စဉ် မောင်တောခရိုင်ဒေသမှာ အမြင့်ဆုံး လေတိုက်နှုန်းမှာ ၁ နာရီလျှင် မိုင် ၆၀ မှ ၈၀ အထိနဲ့ စစ်တွေခရိုင်ဒေသတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ ၁ နာရီလျှင် မိုင် ၅၀ မှ ၆၀ အထိတိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏမိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်နဲ့ မြေပြင်လေသည် ၁ နာရီလျှင် မိုင် ၅၀ မှ ၆၀ အထိ တိုက်ခတ်နိုင်ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေဒေသကို ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေ အမြင့်ဆုံးမှာ မောင်တောခရိုင်ကမ်းခြေဒေသတွင် ၈ ပေမှ ၁၀ ပေ ခန့်အထိနဲ့ စစ်တွေခရိုင်ကမ်းခြေဒေသမှာ ၆ ပေမှ ၈ ပေလောက်အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

သတိပေးနှိုးဆော်ချက်

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနဲ့ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနဲ့ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။

အကြံပြုချက်

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များနဲ့ သင်္ဘောတွေအနေနဲ့ အထူးရှောင်ရှားကြဖို့ အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013