DVB Logo
Home
မေးမြန်းခန်း
ဒေါ်လာဈေးကျဆင်းမှုရဲ့ အကျိုးဆက် ဘာတွေဖြစ်နိုင်သလဲ
DVB
·
June 9, 2011
Donate to DVB

ရန်ကုန်မှာ အ​မေရိကန်​ဒေါ်လာ​ဈေး​ဟာ ကျပ် ၇၅၀ နှုန်း​ ​ရောက်တဲ့​အထိ ကျ​နေပြီး​ ​ဈေး​ထပ်ကျရိပ်ရှိတယ်လို့​လည်း​ လုပ်ငန်း​ရှင်​တွေက သုံး​သပ်​နေကြပါတယ်။

အိမ်နီး​ချင်း​ ထိုင်း​နိုင်ငံရဲ့​ ဘတ်​ငွေနဲ့​ လဲနှုန်း​ဆိုရင်လည်း​ အရင်နှစ်ထက် ထပ်ကျသွား​ပါတယ်။ ထိုင်း​က​နေ မြန်မာပြည်ကို ​ငွေလွှဲနှုန်း​ဆိုရင်လည်း​ အရင်လထက် ဘတ် ၂၀၀ ​ကျော် တက်သွား​ပြီး​ ကျပ်တသိန်း​ကို ဘတ် ၃၉၅၀ အထိ ဖြစ်လာပါတယ်။ မနှစ်ကဆိုရင် ​ငွေလွှဲနှုန်း​က ကျပ်တသိန်း​ကို ဘတ် ပျမ်း​မျှ ၃၅၀၀ ​လောက် ရှိခဲ့​တာပါ။

ဒေါ်လာ​ဈေး​ကျတာဟာ မြန်မာကျပ်​ငွေ ​ဈေး​တက်လာတာပါလား​၊​ အ​ကြောင်း​ရင်း​တွေနဲ့​ အကျိုး​ဆက်​တွေက ဘာ​တွေ ဖြစ်နိုင်ပါသလဲ။ ဒါ​တွေကို သိရ​အောင် စီး​ပွား​ရေး​တက္ကသိုလ် အငြိမ်း​စား​ ပါ​မောက္ခချုပ် ဦး​မော်သန်း​ကို ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။

“​ဒေါ်လာ​ငွေတန်ဖိုး​ကျတာ​တော့​ ပုံမှန်အတိုင်း​ သူ့​ဖြစ်စဉ်အတိုင်း​ဆိုရင်​တော့​ နိုင်ငံခြား​က တင်သွင်း​တဲ့​ ပစ္စည်း​တွေရဲ့​ ​ဈေး​နှုန်း​ကျဖို့​ကောင်း​တာ​ပေါ့​။ ​ဒေါ်လာ​ငွေ​ဈေး​ကျတဲ့​အတွက် ပြည်ပကို ပစ္စည်း​ပို့​တဲ့​လုပ်ငန်း​ရှင်​တွေ သူတို့​က​တော့​ ထိခိုက်တာ​ပေါ့​။ ကုန်ကျထား​တာ ကျပ်နဲ့​ ကုန်ကျထား​တယ်။ ​ဒေါ်လာရတဲ့​ဟာကို ကျပ်​ပြောင်း​တဲ့​အခါကျ​တော့​ ကျပ်နဲ့​ပြောင်း​လို့​ရတဲ့​ငွေက ​လျော့​သွား​တယ်။”

ဆန်စပါး​တင်ပို့​မှုအ​ပေါ်မှာ ဝင်​ငွေကျဆင်း​မှု ဖြစ်​ပေါ်​စေတယ်ဆို​တော့​ လယ်သမား​တွေအ​ပေါ်​ကော ဘယ်လိုမျိုး​ထိခိုက်နိုင်သလဲ။

“လယ်သမား​တွေအ​ပေါ်လည်း​ပဲ လယ်ယာထွက်တဲ့​ စပါး​တို့​ဘာတို့​ နိုင်ငံခြား​ပို့​တယ်။ နိုင်ငံခြား​ပို့​ကုန်က ရတဲ့​ငွေ ​လျော့​တယ်။ ​လျော့​တော့​ ကုန်သည်​တွေက​နေ ပြည်ပပို့​ကုန် အရမ်း​ကျမယ်ဆို​တော့​ ဒီပြည်တွင်း​မှာလည်း​ လယ်သမား​တွေကို ​ရောင်ပြန်ဟပ်ထိခိုက်မှာ​ပေါ့​။”

ပဲတင်ပို့​မှု​တွေ​ကော အထည်ချုပ်လုပ်ငန်း​ကော ​ဒေါ်လာ​ငွေ​ဈေး​ ကျတာ​ကြောင့်​ ဘယ်လိုမျိုး​ ကုစား​ဖို့​အတွက် ပြင်​နေတာ ​တွေ့​ရပါသလဲ။ ဘာ​တွေ ကုစား​ဖို့​ လိုပါသလဲ။

“​ဒေါ်လာ​နောက် လူ​တွေလိုက်ရင်​တော့​ ​ဒေါ်လာ​ဈေး​က မြင့်​သွား​မှာ​ပေါ့​လေ။ ​ဒေါ်လာ​နောက်ကို လိုက်ဖိုဆိုတာကလည်း​ပဲ တဦး​ချင်း​ တ​ယောက်ချင်း​ အ​နေနဲ့​က​တော့​ ဘာမှ လုပ်နိုင်တာ မဟုတ်ဘူး​လေ။ အာဏာပိုင် အဖွဲ့​အစည်း​က​နေပြီး​တော့​ နိုင်ငံ​တော်က​နေပြီး​တော့​ ဝင်စွက်ရင်​တော့​ ရမယ်​ပေါ့​။ ​နောက်ပြီး​တော့​လည်း​ပဲ ​ဒေါ်လာ​ဈေး​ တက်​အောင် လုပ်တာကလည်း​ပဲ တကယ့်​ တကယ်​တော့​ တိုင်း​ပြည်အ​နေနဲ့​ ကြည့်​ရင်လို့​ရှိရင်​တော့​ ထိခိုက်တာ​တွေ​တော့​ ထိခိုက်တယ်​ပေါ့​လေ။ သို့​သော် ​ဒေါ်လာ​ဈေး​ တက်သွား​တယ် ဆိုရင်လည်း​ပဲ ပြည်တွင်း​မှာ ​ဈေး​နှုန်း​တွေ ဘာ​တွေလည်း​ တက်သွား​နိုင်ပါတယ်။”

အခု ကျ​နော် ဒီမှာ ​တွေ့​ရသ​လောက်က​တော့​ ​ဒေါ်လာ​ဈေး​က ကျပြီး​တော့​ ကုန်​ဈေး​နှုန်း​ကျ​တော့​ မကျဘူး​။

“ဟုတ်တယ် မှန်တယ် အဲဒီဥစ္စာ၊​ တမြန်​နေ့​က ကျ​နော် ဆံပင်သွား​ညှပ်တယ် ပုံမှန်က ဆံပင်ညှပ်ခ ၅၀၀ ​ပေး​ရတယ်။ တ​နေ့​ကကျ​တော့​ ဆံပင်ညှပ်ခ ၇၀၀ ​တောင် ယူပါတယ်။ သ​ဘောက တဖက်က ​ဒေါ်လာနဲ့​ မြန်မာ​ငွေနဲ့​ တန်ဖိုး​ ကြည့်​လိုက်လို့​ရှိရင် ​ဒေါ်လာရဲ့​ ​ဈေး​ကျတယ်ဆို​တော့​ မြန်မာ​ငွေ တန်ဖိုး​က တက်တဲ့​ သ​ဘော​ပေါ့​လေ။ သို့​သော်လည်း​ပဲ တကယ့်​တကယ်​တော့​ ဗမာပြည်မှာက​တော့​ ​ဈေး​နှုန်း​တွေက မကျဘူး​။ ​ဈေး​တောင် တက်သွား​တာ ရှိ​သေး​တယ်​ပေါ့​။”

ပြီး​ခဲ့​တဲ့​ မတ်လတုန်း​က ​ကျောက်မျက်​တွေ ချ​ရောင်း​တာ မြန်မာနိုင်ငံမှာ အ​မေရိကန်​ဒေါ်လာ သန်း​ပေါင်း​ ၂၈၀၀၀ ဖိုး​ ​ရောင်း​ရတယ်ဆို​တော့​ အခု အဲဒီ​နောက်ပိုင်း​မှာ ​ဒေါ်လာ​ဈေး​က တအား​ထိုး​ကျလာတယ်​ပေါ့​နော်။ အခု ၇၅၀ ဝန်း​ကျင်​လောက်ပဲ ရှိတယ်ဆို​တော့​ ​ကျောက်မျက်​ရောင်း​ဖို့​က ဇူလိုင်ကျလို့​ရှိရင် ပြန်​ရောင်း​ဦး​မယ်​ပေါ့​နော်။ ဒီ ​ဒေါ်လာ​တွေ ထပ်ဝင်လာဦး​မယ့်​ သ​ဘော​ပေါ့​။

“​ဒေါ်လာက​တော့​ ဝင်တာက​တော့​ ဝင်​နေကျပဲ​လေ။ ​ကျောက်မျက်​ရောင်း​တာက အခုမှ ​ရောင်း​တာမှ မဟုတ်တာ။ ထိုနည်း​တူပဲ ဂတ်စ်​ရောင်း​တာကလည်း​ အခုမှ ​ရောင်း​တာမှ မဟုတ်တာ။ အခုကျ​တော့​မှ ​ကျောက်မျက်​ရောင်း​တာ​ကြောင့်​ ဆိုပြီး​တော့​ ​ဒေါ်လာ​ဈေး​ ကျတယ်ဆိုရင် အရင်တုန်း​က​တော့​ ​ကျောက်မျက်​ရောင်း​တဲ့​ ကြား​ထဲက​နေ ပြီး​တော့​ ​ဒေါ်လာအသုံး​လိုမယ့်​ ဖြစ်တဲ့​ ကိစ္စမျိုး​တွေ ရှိမှာ​ပေါ့​လေ။ ​နောက်ပြီး​တော့​လည်း​ပဲ တချို့​အဖွဲ့​အစည်း​တွေက​နေ ပြီး​တော့​ ​ဒေါ်လာ​နောက် လိုက်တာမျိုး​တွေ ရှိမှာ​ပေါ့​လေ။ ​နောက် ဒီ​ကျောက်မျက်​ရောင်း​လို့​ ရတဲ့​ ​ငွေဆိုတာကလည်း​ပဲ အမှန်က​တော့​ ပုဂ္ဂလိက လက်ထဲမှာ ရှိတာမဟုတ်ဘူး​။ နိုင်ငံ​တော် လက်ထဲ ရှိတာပဲ။ နိုင်ငံ​တော်က​နေပြီး​တော့​ ဟိုတုန်း​ကလည်း​ ရလာခဲ့​တာ အခုလည်း​ ရလာခဲ့​တာပဲ။ သို့​သော်လည်း​ပဲ ဟိုတုန်း​က​တော့​ ​ဒေါ်လာ​နောက် လိုက်တာမျိုး​ ရှိပြီး​တော့​ အခုကျ​တော့​ ​ဒေါ်လာ​နောက် လိုက်တာမျိုး​ နည်း​သွား​လို့​ ဖြစ်မှာ​ပေါ့​။ အရင်တုန်း​ကဆိုရင် အချို့​ကိစ္စရပ်​တွေက ​ဒေါ်လာနဲ့​ ​ပေး​ရတယ်။ အခုကျ​တော့​ အဲဒါ​တွေလည်း​ ​လျှော့​ပေါ့​ပြီး​တော့​ ​ဒေါ်လာနဲ့​ ​ပေး​စရာမလိုဘဲနဲ့​ ကျပ်နဲ့​ပဲ ​ပေး​ရ​တော့​တယ် ဆိုတဲ့​ ဟာမျိုး​လည်း​ ရှိတာ​ပေါ့​။ အဲဒါလည်း​ပဲ ​ဒေါ်လာ​ဈေး​ နိမ့်​တဲ့​အထဲမှာ အ​ကြောင်း​တရား​ ပါမယ်​ပေါ့​။”

အဲဒီ​တော့​ ​ရေရှည် ဒီထက် ထိုး​ကျမယ် ဆိုလို့​ရှိရင် အ​ခြေခံလူတန်း​စား​တွေ အတွက် ဘယ်​လောက်အထိ​အောင် သက်​ရောက်မှု​တွေ ဖြစ်နိုင်ပါသလဲ။

“အမှန်က​တော့​ ​ဒေါ်လာ​ဈေး​ကျတယ်ဆိုရင် သ​ဘောတရား​အတိုင်း​ သွား​မယ် ဆိုရင်​တော့​ ​ဒေါ်လာ​ဈေး​ကျတယ် ပြည်ပက​နေ တင်သွင်း​တဲ့​ ပစ္စည်း​တွေရဲ့​ ​ဈေး​လည်း​ပဲ ကျပ်သ​ဘောနဲ့​ ကျတယ်ဆိုရင် ထိခိုက်တာလည်း​ရှိတယ်။ ​ကောင်း​တာလည်း​ ရှိတယ်​ပေါ့​လေ။ အမှန်က​တော့​ ​ဒေါ်လာက မူလက ရှိ​နေတာဗျာ။ ​ဒေါ်လာ အရင်တုန်း​က ၃၁၀-၃၇၅ ကျပ်နဲ့​တောင် ရှိလာခဲ့​သေး​တာပဲ။ တဖြည်း​ဖြည်း​ တက်လာတယ်။ တက်လိုက် ကျလိုက် ဆိုတဲ့​ဥစ္စာက​တော့​ အရမ်း​ကြီး​ပေါ့​လေ စိုး​ရိမ်ဖို့​ မရှိဘူး​နဲ့​တူပါတယ်။ တဖက်က ​ကောင်း​တာလည်း​ ရှိတာပဲ မ​ကောင်း​တာလည်း​ ရှိတာပဲ။”

စီး​ပွား​ရေး​ပညာရှင်​တွေ လုပ်ငန်း​သမား​တွေ ​ပြောတာက ဒီ အစိုး​ရသစ် လက်ထက်မှာ ကုန်သွယ်​ရေး​မှုဝါဒနဲ့​ ပတ်သက်လို့​ အ​ပြောင်း​အလဲ​တွေ လုပ်​နေတာ​တော့​ ​တွေ့​ရတယ်။ ဒါ​ပေမယ့်​ မူဝါဒ​ပြောင်း​လဲရုံတင် မရဘူး​ ​ငွေ​ကျေး​လဲလှယ် နှုန်း​ထား​ကိုပါ ​ပြောင်း​ရမယ် ဆိုတဲ့​ သုံး​သပ်ချက်​တွေ ​ပေါ်ထွက်ပါတယ်။ ​ငွေ​ကြေး​မူဝါဒနဲ့​ ပတ်သက်လို့​ ဆရာအမြင်က ဘယ်လို ရှိပါသလဲ။

“​ငွေ​ကြေး​မူဝါဒနဲ့​ ပတ်သက်လို့​က ​လော​လောဆယ်အား​ဖြင့်​လည်း​ပဲ နှုန်း​သတ်မှတ်ထား​တာ ရှိတာပဲ။ ၁ ​ဒေါ်လာကို ၆ ကျပ်​ပေါ့​လေ။ သို့​သော် အဲဒီ နှုန်း​သတ်မှတ်ချက်က​တော့​ တကယ့်​အဖြစ်မှန်နဲ့​ အင်မတန်မှာ ကွာဟ​နေ​တော့​ ဒီ နှုန်း​သတ်မှတ်ချက်ကို ဘယ်သူမှလည်း​ ထည့်​ပြီး​တော့​ မတွက်ဘူး​။ မတွက်​တော့​ စီး​ပွား​ရေး​အ​ပေါ်မှာ​ပေါ့​လေ ဘာမှ လာပြီး​တော့​ ရိုက်ခတ်မှု မရှိဘူး​ပေါ့​လေ။ အဲဒီ​တော့​ အခု ဒီလိုပဲ ​ဒေါ်လာ​ဈေး​ကို ဥပမာ အစိုး​ရက​နေပြီး​တော့​ ၇၀၀ သတ်မှတ်မယ် ၇၅၀ သတ်မှတ်မယ် ဆိုလည်း​ သတ်မှတ်တာက ဒါ စီး​ပွား​ရေး​လောကမှာ အမိန့်​နဲ့​သွား​တဲ့​ ပုံစံမျိုး​။ အမိန့်​နဲ့​ သွား​တာက​တော့​ တကယ်ကျရင်​တော့​ သူ့​ စီး​ပွား​ရေး​အင်အား​စုက သူ့​ ဝယ်လိုအား​ ​ရောင်း​လိုအား​နဲ့​ သွား​မှာပဲ။ အမိန့်​ပေး​လို့​ ရမှာမဟုတ်ဘူး​လို့​ ထင်တယ်။ သို့​သော်လည်း​ပဲ အခုကျ​တော့​ ​ဒေါ်လာ​ဈေး​ကို အဲဒီလိုပဲ အစိုး​ရက​နေပြီး​တော့​ တကယ်ဖြစ်ပျက်တဲ့​ နည်း​နဲ့​ နီး​နီး​စပ်စပ် အမိန့်​ပေး​လိုက်တယ် ဆိုရင်​တော့​ ​ဈေး​က တက်​နေကျ တက်တတ်တယ်​ပေါ့​လေ။ အဲဒီ​တော့​ အစိုး​ရက အခုဟာက​တော့​ ၇၀၀၊​ ၇၅၀ သတ်မှတ်မယ် ဆိုရင် တကယ် ဖြစ်​နေတဲ့​ နှုန်း​နဲ့​ သိပ်ပြီး​တော့​ မကွာဘူး​။ သိပ်မကွာ​တော့​ သူကလည်း​ နည်း​နည်း​ အရာဝင်လာမှာ​ပေါ့​။ လူ​တွေ ထည့်​တွက်လာမှာ​ပေါ့​။ လူ​တွေထည့်​တွက်လာတဲ့​ အခါမျိုး​ကျရင်​တော့​ ပြီး​ခဲ့​တဲ့​ အ​တွေ့​အကြုံသစ် ကိစ္စရပ်အတွက်က​တော့​ အစိုး​ရက​နေပြီး​တော့​ အဲဒီလို ​ဈေး​နှုန်း​ သတ်မှတ်လိုက်တယ်ဆိုရင် တကယ့်​ဈေး​က အဲဒါနဲ့​ အများ​ကြီး​ ထိုး​တက်သွား​တာမျိုး​ ဖြစ်နိုင်ပါတယ်။ ​ရွှေနဲ့​ယှဉ်ပြီး​ နမူနာ ​ပြောတာပါ။ ​ရွှေ သူ့​ဟာနဲ့​သူ ရှိ​နေတယ်။ ၁ သိန်း​ခွဲ ၂ သိန်း​ စသည်အား​ဖြင့်​ ရှိ​နေတယ်။ အစိုး​ရက​နေ ဝင်ပြီး​တော့​ ဘယ်​လောက်​ဈေး​ သတ်မှတ်တယ်ဆို​တော့​ ​ရွှေ​ဈေး​က တက်သွား​တာမျိုး​ပေါ့​။ သို့​သော်လည်း​ပဲ ဘာ​ပြော​ပြော အစိုး​ရက သတ်မှတ်တယ်ဆိုတာက လူ​တွေရဲ့​ ဆိုင်ကို​ပေါ့​။ အဲဒီအ​ပေါ်မှာ​တော့​ ထင်ဟပ်မှု ရှိပါတယ်။ ​ခေတ်အ​ပေါ်မှာ ထင်ဟပ်မှုရှိပြီး​တော့​ အရင်တုန်း​က​တော့​ ရှိဘူး​လား​ဆို​တော့​ အရင်တုန်း​က​တော့​ မရှိဖူး​ဘူး​။ ဘာ​ကြောင့်​လည်း​ဆို​တော့​ သတ်မှတ်တဲ့​နှုန်း​နဲ့​ တကယ့်​လက်​တွေ့​နှုန်း​က မိုး​နဲ့​မြေလို ကွာခြား​နေ​တော့​ဘာမှ အရာမဝင်ဘူး​။ ဘယ်သူမှလည်း​ ထည့်​မစဉ်း​စား​ဘူး​။ ဘယ်သူမှလည်း​ ထည့်​မတွက်ဘူး​။ တကယ်လုပ်ငန်း​လုပ်ကိုင်တဲ့​ ​လောကမှာ ​ပြောတာ။ အခုကျ​တော့​ နီး​နီး​စပ်စပ် ထည့်​ပြီး​တော့​ သတ်မှတ်ချက်သည် တကယ်ဖြစ်ရပ်နဲ့​ သိပ်မကွာဘူး​ဆိုရင် သူ့​ကိုထည့်​တွက်လာတယ်ဆိုရင်​တော့​ သက်​ရောက်မှု​တော့​ ရှိနိုင်ပါတယ်။

ဒေါ်လာ​ငွေရဲ့​ ထိုး​စိုက်ကျဆင်း​မှုဟာ ​ရွေး​ကောက်ပွဲအပြီး​ အစိုး​ရလက်ထက်မှာ ဖြစ်တာဆို​တော့​ ဒီအစိုး​ရအ​ပေါ်မှာ လူထုက ယုံကြည်သလိုပဲ မြန်မာ​ငွေ​ဈေး​ တက်တယ်လို့​ ယူဆလို့​ရပါသလား​။

“ပြုတ်ကျတာက မြန်မာ​ငွေတင်မဟုတ်ဘူး​။ ​ဒေါ်လာကိုယ်တိုင်က သူ့​နိုင်ငံတကာ မျက်နှာစာမှာ သူကကျ​နေတယ်ဆို​တော့​ ဒီအစိုး​ရအ​ပေါ်မှာ လူ​တွေက ယုံကြည်မှုရှိလို့​၊​ မရှိလို့​ဆိုတာမျိုး​လည်း​ ပါချင်ပါမယ်။ ပါရင်လည်း​ အနည်း​ငယ်ပါပဲ။ ​ဒေါ်လာ​ဈေး​ကိုက နိုင်ငံတကာ မျက်နှာစာမှာ ကျ​နေတာ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013