DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်တွင် ပထမဆုံးအကြိမ် ဖက်ဒရယ် ဆွေးနွေးပွဲ ကျင်းပ
DVB
·
July 30, 2015
ရှမ်းပြည်နယ်တွင် ပထမဆုံးအကြိမ် ဖက်ဒရယ် ဆွေးနွေးပွဲ ကျင်းပ
Donate to DVB

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ပထမဆုံးအကြိမ် ဖက်ဒရယ်စနစ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ တွေ့ဆုံဆွေးနွေးပါတယ်။

ရှမ်းပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုနဲ့ လူမှုအခြေပြုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ ဆွေးနွေးနေကြတာပါ။

မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုနိုင်ငံ ပေါ်ပေါက်လာရေးအတွက် ရည်ရွယ်ပြီး ဒီဆွေးနွေးပွဲကို ကျင်းပတာလို့  ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကိုနေမျိုးက ဒီဗွီဘီကို ပြောပါတယ်။

“အနာဂတ်ဖက်ဒရယ် ဒီမိုကရက်တစ်ပြည်ထောင်စုနိုင်ငံ ဖော်ဆောင်ရေးမှာ ကျနော်တို့ ဖက်ဒရယ်ဆိုတာဘာလဲ၊ ဖက်ဒရယ်ဆိုတာ အစိုးရကလည်း တောင်းဆိုတယ်၊ အတိုက်အခံတွေကလည်း တောင်းဆိုတယ်၊ တိုင်းရင်းသားအဖွဲ့တွေကလည်း တောင်းဆိုတယ်၊ ဒါကြောင့် အဲဒါတွေကို ကျနော်တို့က လေ့လာဆွေးနွေးကြတာပါ။ ကျနော်တို့နိုင်ငံနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ်ဆိုတာ ဘယ်လိုမျိုးဖြစ်မလဲ၊ လေ့လာရုံပဲဗျ၊ ဆုံးဖြတ်ဖို့မဟုတ်ဘူး၊ နောင်အနာဂတ်ခေါင်းဆောင်လုပ်မယ့် လူငယ်တွေကို ဖက်ဒရယ်ဆိုတာ ဘာလဲ ဆိုတဲ့ဟာကို ပြန်ရှင်းပြနိုင်အောင် လေ့လာဆွေးနွေးတာဖြစ်ပါတယ်။”

ဒီဆွေးနွေးပွဲကို ဇူလိုင်လ ၂၉ နဲ့ ၃၀ ကျင်းပသွားဖို့ရှိပြီး အဓိက ဖက်ဒရယ်အစိုးရတွင် လွှတ်တော် ၂ ရပ်ရဲ့အခန်းကဏ္ဍ၊ ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ်နဲ့ သယံဇာတခွဲဝေမှု၊ ဖက်ဒရယ်နဲ့ အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေး၊ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးအစိုးရရဲ့ လုပ်ပိုင်ခွင့်အာဏာတွေ၊ ဖက်ဒရယ်နဲ့ နိုင်ငံတော်လုံခြုံရေး၊ ဖက်ဒရယ်နဲ့ အများပြည်သူဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု၊ ဖက်ဒရယ်နဲ့ ပညာရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စတဲ့ ခေါင်းစဉ်ပါ အကြောင်းအရာတွေ လေ့လာဆွေးနွေးသွားမယ်လို့ သူကဆက်ပြောပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ဆွေးနွေးပွဲကို ရှမ်းပြည်နယ်က အစိုးရနဲ့ ပဏာမအပစ်ခတ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ လူမှုအခြေပြုအဖွဲ့၊ တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဖိတ်ကြားထားတဲ့ နိုင်ငံရေးပါတီတွေထဲက ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ တစညပါတီ ၂ ခုကလွဲရင် ကျန်တဲ့ နိုင်ငံရေးပါတီတွေရော၊ မြန်မာ့နိုင်ငံရေးအကြောင်း ရှေ့မီနောက်မိ သိရှိကျွမ်းကျင်သူ ၀ါရင့်နိုင်ငံရေးသမားတွေပါ အားလုံး စုစုပေါင်း ၈၀ ကျေ် တက်ရောက်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို ဂျာမန်အခြေစိုက် Hanns Seidel Foundation မြန်မာ့လူထုဖိုရမ်နဲ့ ရှမ်းပြည်နယ်က အရပ်ဘက်အဖွဲ့အစည်း ၃ ဖွဲ့တို့က  ပူးပေါင်းစီစဉ်ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013