DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းတွင် ကြံ့ခိုင်ရေးပါတီ အမတ်လောင်း ၁၄၉ ဦး ယှဉ်ပြိုင်မည်
DVB
·
July 29, 2015
ရန်ကုန်တိုင်းတွင် ကြံ့ခိုင်ရေးပါတီ အမတ်လောင်း ၁၄၉ ဦး ယှဉ်ပြိုင်မည်
Donate to DVB

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနဲ့  ရန်ကုန်တိုင်းဒေကြီးအတွင်း မဲဆန္ဒနယ်တွေမှာ  ကိုယ်စားလှယ်စုစုပေါင်း ၁၄၉ ဦး ပါတီကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ရှိပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦး၊  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၂ ဦး၊ တိုင်းဒေသကြီး လွှတ်တော်အတွက် ၉၀ ဦး၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ၁ ဦးနဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ၁ ဦး ၀င်ပြိုင်မယ်လို့ ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ပြောပါတယ်။

“ဝန်ကြီးသုံးပါးရှိတယ်။ ဝန်ကြီးဦးအုန်းမြင့် ကျောက်တန်းမြို့နယ်မှာရွေးမယ်၊ ဝန်ကြီး ဦးခင်မောင်စိုး သူက လှည်းကူးမြို့နယ်မှာရွေးမယ်။ နောက်ဝန်ကြီး ဦးသန်းအောင် လမ်းမတော်မြို့နယ်က ရွေးမယ်။ ဝန်ကြီးသုံးပါး ဒု-ဝန်ကြီး တပါးရှိတယ်။ ဒေါက်တာပွင့်ဆန်းက မရမ်းကုန်းမြို့နယ်က သူ့ရဲ့မူလနေရာမှာရွေးမယ်" လို့ ပြောပါတယ်။

ပါတီကိုယ်စားလှယ်လောင်း သုံးပုံတပုံဟာ အသစ်ထပ်မံ ရွေးချယ်ထားတာဖြစ်ပြီး တပ်မတော်က နုတ်ထွက်ကာ ကြံ့ခိုင်ရေးပါတီကို ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေလည်း ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက် အရွေးခံမှာ မဟုတ်ဘဲ အနားယူတော့မယ့်အကြောင်းနဲ့ ကြံ့ခိုင်ရေးပါတီအနေနဲ့  ရွေးကောက်ပွဲမှာ မနိုင်စရာအကြောင်း မရှိဘူးလို့ ပြောပါတယ်။

“အမှန်တိုင်းပြောရရင် မန္တလေးသည် တပ်က များနေတယ်။ ပါတီဝင်အင်အားဆိုရင် ကျနော်တို့က ဆယ်သိန်း၊ သူတို့က ကိုးသိန်းနီးပါးဆိုတော့ ကျနော်တို့ကတောင်သာပါတယ်။ အဲ့တော့ ကျွန်တော်တို့သည် ပါတီဝင်အင်အားလည်း နိုင်ငံတော်မှာ အများဆုံး အင်အားရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီရွေးကောက်ပွဲမှာ အရေအတွက်နဲ့ယှဉ်ရင် ကျွန်တော်တို့က ပါတီဝင်တွေကိုယ်တိုင် မဲထည့်မယ်၊ သူတို့ ဆွေမျိုးသားချင်းမိဘတွေ မဲထည့်မယ်။ သူတို့မိတ်ဆွေတွေ တယောက်စ နှစ်ယောက်စ စည်းရုံးမယ်။ မနိုင်စရာ အကြောင်းမရှိဘူး။”

ကြံ့ခိုင်ရေး ပါတီဟာ နိုင်ငံတ၀န်း ရွေးကောက်ပွဲကျင်းပဖို့ရှိတဲ့ မဲဆန္ဒနယ်မြေအားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ပဲခူးတိုင်း ဖြူးမြို့နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် လက်ရှိ ပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်း အပါအ၀င်  ကိုယ်စားလှယ်လောင်း ၁၀၀၀ ကျော် ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013