DVB Logo
Home
လူမှုရေး
ပြည်ခိုင်ဖြိုးအသင်း ရေဖိုး သိန်းချီကောက်ယူ
DVB
·
June 8, 2011
Donate to DVB

ရန်ကုန်တိုင်း​ ဒဂုံမြို့​သစ် (​မြောက်ပိုင်း​) က ပြည်သူ​တွေဟာ ပြည်ခိုင်ဖြိုး​အဖွဲ့​ရဲ့​ ​ရေရရှိ​ရေး​စီမံချက်ကို ​ငွေ​ကြေး​သိန်း​ချီ ထည့်​ဝင်လိုက်ကြ​ပေမယ့်​ ​ရေမလာတာကြာလို့​ တင်ပြတဲ့​အခါ တာဝန်ခံ​ဖြေရှင်း​ပေး​ခြင်း​မရှိလို့​ အခက်​တွေ့​နေကြပါတယ်။

ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​အသင်း​ဟာ ၂ဝဝဂ ခုနှစ်တုန်း​က ဒဂုံမြို့​သစ်​မြောက်ပိုင်း​က ရပ်ကွက်​တွေမှာ ​ရေရရှိ​ရေး​စီမံချက်ကို အ​ကောင်အထည်​ဖော်ခဲ့​တာပါ။

ဒီစီမံချက်အရ ​ရေအလိုရှိတဲ့​ အိမ်ဟာ ပိုက်လိုင်း​နဲ့​ အနီး​အ​ဝေး​ပေါ်မူတည်ပြီး​ ကျပ်​ငွေ ၁၃ဝဝဝဝ က​နေ ၁ဂဝဝဝဝ ​လောက်ထိ အိတ်စိုက်ထည့်​ဝင်ကြရပါတယ်။ ဒီ​ငွေ​တွေကို ​ရေသွယ်ယူ​ရေး​အဖွဲ့​က ငမိုး​ရိပ်​ချောင်း​က​နေ အိမ်​တွေကို ပိုက်လိုင်း​ သွယ်တန်း​ဖြန့်​ဝေတာ ဖြစ်ပါတယ်။

ဒီစီမံချက်အ​ကောင်အထည်​ဖော်စက ​ခြောက်လနီး​ပါး​ ​ရေရရှိ​ပေမယ့်​ ​နောက်ပိုင်း​မှာ မရ​တော့​တာ တနှစ်နီး​ပါး​လောက်ရှိပြီဖြစ်ပါတယ်။ ဒါကို ပိုက်သွယ်တန်း​တဲ့​အိမ်​တွေက တင်ပြတဲ့​အခါ မြို့​နယ်စည်ပင်သာယာနဲ့​ ကြံ့​ခိုင်​ရေး​ပါတီ အပြန်အလှန်လက် ညှိုးထိုး​ပြီး​ တာဝန်လွှဲ​နေကြတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

ဒီအ​ကြောင်း​ကို ​ငွေ ၁ဂဝဝဝဝ ​ပေး​သွင်း​ခဲ့​ရတဲ့​ (၅၁) ရက်ကွက်သား​တဦး​က အခုလို ​ပြောပါတယ်။

“၇ လပိုင်း​၂ဝဝဂ ခုနှစ်က​နေ ​ရေသွယ်ယူ​ရေး​လုပ်ငန်း​တွေကို အ​ကောင်အထည်​ဖော်တယ်။ အဲ​တော့​ ၆ လ၊​ ရလ​လောက် ကြာလာတဲ့​အချိန်မှာ ​ရေက တချို့​နေရာ​တွေမှာ ရသလို၊​ တချို့​နေရာ​တွေမှာ ပိုက်ဆံ ၁ဂဝဝဝဝ သွင်း​ပြီး​တော့​ရေမရဘူး​။ ဘာလို့​မရလဲဆို​တော့​ သက်ဆိုင်ရာလူကြီး​တွေ ​ပြောတာ​တော့​ ကျ​နော်တို့​ကို ဘာမှအ​ဖြေမ​ပေး​ဘူး​။”

(၅၁) ရပ်ကွက် အမျိုး​သမီး​ကလည်း​ အခုလို ​ပြောပါတယ်။

“ကျမတို့​စီမှာ ​ရေက​တော်​တော်ခက်ခဲ​နေတယ်။ အပြင်မှာဝယ်သုံး​ရင် တစည်ကို ၃ဝဝ၊​ တရက်ခြား​၊​ နှစ်ရက်ခြား​ဆို​တော့​ မိသား​စုက များ​တော့​ ဘယ်လိုမှမမီဘူး။ ​ရေဝယ်သုံး​နေရတယ်​ပြော​တော့​ စည်ပင်ကလူကြီး​က ခင်များ​တို့​က သူ​ဌေး​မို့​လို့​ ဝယ်သုံး​တာလို့​ ​ပြောတယ်။ အဲဒီက စာ​ရေး​မက မ​ကျေနပ်ရင် မြို့​တော်ဝန်ကို စာတင်လို့​ပြောတယ်။ ၅ဝ/၄၁/၄၉ ​ရေမလာတာ ကြာပြီ။ ကျန်တဲ့​ရပ်ကွက်​တွေလည်း​ ​ရေကမလာတချက် လာတချက်ပဲ။ ပိုက်ဆံလည်း​မရဘူး​။ ​ရေလည်း​မရဘူး​။”

ပြည်ခိုင်ဖြိုး​အဖွဲ့​က ​ငွေယူပြီး​ ​ရေမရတဲ့​ကိစ္စကို ​ဖြေရှင်း​ဆောင်ရွက်​ပေး​ဖို့​ ဒဂုံမြို့​သစ်​မြောက်ပိုင်း​ ခရိုင်အုပ်ချုပ်​ရေး​မှူး​ထံကို အမှတ် (၅၁) ရပ်ကွက်သား​ ၂ဝ ​ကျော်က လိပ်မူတပ်ပြီး​ မ​နေ့​က ​ပေး​ပို့​တိုင်ကြား​ပါတယ်။

(၄၄) ရပ်ကွက်က အမျိုး​သမီး​ကြီး​တဦး​ကလည်း​ သူတို့​ရပ်ကွက်မှာ ​ရေသွယ်ခက ကျပ်​ငွေ ၁၃ဝဝဝဝ ​တောင်း​တယ်လို့​ ဆိုပါတယ်။ ဒါကိုမ​ကျေနပ်လို့​ မြို့​တော်ဝန် ဦး​အောင်သိန်း​လင်း​ကို သွား​တင်ပြတဲ့​အခါ ​လေး​ထောင်​လျှော့​ပေး​ဖို့​ ညွှန်ကြား​ခဲ့​ပါတယ်။ တကယ်ပြန်သွား​တောင်း​တဲ့​အခါ အလှူ​ငွေအဖြစ် ထည့်​ဝင်ခိုင်း​ပြီး​ ပြန်မရ​တော့​ဘူး​လို့​ ဆိုပါတယ်။

“ရဝတ ပြုတ်​တွေကို ​ရေ​ကော်မတီဆိုပြီး​ တာဝန်​ပေး​ပြီး​တော့​ ​ရေ​ကော်မတီ ဥက္ကဋ္ဌကို ​ရေဘာလို့​မလာလဲဆို​တော့​ ကျ​နော်​တောင် ​ရေဝယ်သုံး​နေတာ သုံး​လရှိပြီလို့​ ​ပြောတယ်။ အစက ပိုက်ဆံသွင်း​ရင် ​ရေရမယ်လို့​ပြော​တော့​ ရပ်ကွက်မှာ ၁ဝဝဝ ​ကျော်ရှိတယ်။ ၈၀၀ ​ကျော်က ​ရေသွယ်တယ်။ ရမယ်လို့​ပြောတဲ့​အတွက် ကျမက ​ပြောလိုက်တဲ့​အခါကျ​တော့​ အဲဒါက ကြံ့​ခိုင်​ရေး​က လုပ်ခိုင်း​လို့​ ကျ​နော်တို့​က တာဝန်အရလုပ်​ပေး​ရတာပါတဲ့​။ အဲ​တော့​ ကျမတို့​က ကြံ့​ခိုင်​ရေး​ကို ​ပြော​တော့​လည်း​ စည်ပင်ကို​ပြောပါတဲ့​။ ပိုက်ဆံ​ကောက်တာ စည်ပင်က ​ကောက်တာပါတဲ့​။ စည်ပင်က​ပြော​တော့​လည်း​ ကြံ့​ခိုင်​ရေး​က သူတို့​ကို ​ငွေအပြည့်​အစုံနဲ့​ လာပြီး​တော့​ တရား​ဝင်မအပ်​သေး​ဘူး​တဲ့​။ ဟိုပုတ်ချ ဒီပုတ်ချ ​ပြော​နေ​တော့​ အခု သမ္မတကြီး​ ဦး​သိန်း​စိန်အ​နေနဲ့​ ပြည်သူကို မျက်နှာပြုတယ်ဆိုရင် ကျမတို့​ကို အဲဒါ​လေး​ ​ဖြေရှင်း​ပေး​ပါလို့​။”

စစ်အစိုး​ရလက်ထက်က နိုင်ငံပိုင်​ငွေ​ကြေး​တွေနဲ့​ ​ထောက်ပံ့​တည်​ထောင်ထား​တဲ့​ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ဖွံဖြိုး​ရေး​အသင်း​ဟာ လူမှု​ရေး​အသင်း​အဖြစ် ရပ်တည်ရာက​နေ ၂ဝ၁ဝ ​ရွေး​ကောက်ပွဲမတိုင်မီမှာ အသင်း​က​နေ ပါတီအဖြစ် အသွင်​ပြောင်း​ပြီး​ အသင်း​ပိုင်ပစ္စည်း​အား​လုံး​ကို အ​မွေဆက်ခံတယ်လို့​ ​ကြေညာသိမ်း​ပိုက်ခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013