DVB Logo
Home
မြန်မာသတင်း
ဦးကျော်သူ ၂၀၁၅ ရေမွန်မက်ဆေးဆေးဆု ရရှိ
DVB
·
July 29, 2015
ဦးကျော်သူ ၂၀၁၅ ရေမွန်မက်ဆေးဆေးဆု ရရှိ
1 / 2
Donate to DVB

နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူကို  အာရှတိုက်ရဲ့ နိုဘယ်လ်ဆုလို့ တင်စား ခေါ်တဲ့ ၂၀၁၅ ခုနှစ် ရေမွန် မက်ဆေးဆေး (Ramon MagSaysay Award)  ဆု ဖိလစ်ပိုင်နိုင်ငံက ရွေးချယ်ပေးအပ်လိုက်ပါတယ်။

မြန်မာနိုင်ငံ လူထုအတွက် အသက်ရှင်နေထိုင်သူတွေတွေရော၊ နာရေးကိစ္စတွေမှာပါ အရေးပါဆုံး လိုအပ်ချက်ကို ဘာသာ၊ လူမျိုးမခွဲခြားပဲ လုပ်ဆောင်မှုတွေ လုပ်ခဲ့ပြီး တခြားသော သူ့ရဲ့ လူထုအကျိုးပြု လုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်မှုအတွက် အသိအမှတ်ပြု ချီးမြှင့်တာဖြစ်တယ်လို့ ဆုရွေးချယ် ချီးမြှင့်ရေးကော်မတီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူက “ကျနော်လည်း ဒီနေ့မှသိတာပါ။ ခုလို ဆုရတယ်ဆိုတော့လည်း ကိုယ်ရဲ့လုပ်ရပ်အပေါ် အသိအမှတ်ပြုတယ်ဆိုတော့ ဒါက အားဆေးတခွက်ပါ။ ဆုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကိုယ်လုပ်စရာရှိတာတွေတော့ လုပ်နေရမှာပဲ။ ကျနော်လုပ်နေတယ်ဆိုတာလည်း ဒီဆုရပါစေတော့ဆိုပြီး လုပ်နေတာလည်း မဟုတ်ပါဘူး။ ခုလို ဆုရတယ်ဆိုတော့ ပိုအားထည့်ပြီးလုပ်ရမှာပေါ့” လို့ ဒီဗွီဘီကိုပြောပါတယ်။

ဒီနှစ်အတွက်  ဆုရသူ ၅ ဦး ရွေးချယ်ရာမှာ လာအိုက Kommaly Chanthavong၊ ဖိလစ်ပိုင်က Ligaya Fernando Amilbangsa၊ အိန္ဒိယနိုင်ငံက Anshu Gupta  နဲ့ Sanjiv Chaturvedi  တို့ ၂ ဦးနဲ့အတူ   မြန်မာနိုင်ငံက ဦးကျော်သူလည်း ပါဝင်လာတာပါ။

11825671_925904840781350_5424121983631896227_nရေမွန် မက်ဆေးဆေးဆုကို အာရှနိုင်ငံတွေက လူမှုရေးနဲ့ လူသားချင်းစာနာမှုလုပ်ငန်းတွေ ထူးချွန်စွာ ကြိုးပမ်းအားထုတ်သူတွေ၊ အပြောင်းအလဲ လုပ်နိုင်တွေကို ရွေးချယ်ပေးအပ်နေ တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ကရင်တိုင်းရင်းသား ဒေါက်တာ စင်သီယာမောင်၊ သဘာဝပတ်ဝန်းကျင်းအရေး လှုပ်ရှားသူ ကစောဝါးနဲ့  ကချင်အမျိုးသမီး လဖိုင်ဆိုင်းရော် စသူတို့ လည်း  ရရှိခဲ့ဖူးပါတယ်။

ဒီဆုကို  ၁၉၅၇ ခုနှစ်က လေယာဉ်ပျက်ကျပြီး ကွယ်လွန်သွားခဲ့တဲ့ ဖိလဝ်ပိုင်သမ္မတဟောင်း ရေမွန် မက်ဆေးဆေးကို  ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် ပေး အပ်လေ့ရှိတဲ့ ဆုတခု ဖြစ်ပြီး ဆုရရှိသူတွေကို အမေရိကန် ဒေါ်လာ ၅ သောင်းနဲ့ သမ္မတပုံပါ ဆုတံဆိပ်ကို ပေးအပ်ချီးမြှင့်လေ့ ရှိပါတယ်။

ဆုပေးပွဲအခမ်းအနားကို လာမယ့် သြဂုတ် ၃၁ ရက်နေ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က ယဉ်ကျေးမှုစင်တာမှာ ကျင်းပဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013