DVB Logo
Home
နိုင်ငံရေး
အစိုးရသစ်၏အပြောင်းအလဲများကို စောင့်ကြည့်နေဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
DVB
·
June 8, 2011
Donate to DVB

အစိုး​ရသစ်အ​ပြောင်း​အလဲများ​ကို သတိထား​စောင့်​ကြည့်​နေတယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​လိုက်ပါတယ်။

ဒီက​နေ့​မနက် ၁ဝ နာရီခွဲ​လောက်က အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်က မြန်မာနိုင်ငံကို အလည်အပတ် ​ရောက်ရှိ​နေတဲ့​ ဂျာမန် လူ့​အခွင့်​အ​ရေး​မူဝါဒနှင့်​ လူသား​ချင်း​စာနာ​ထောက်ထား​မှုဆိုင်ရာ ​ကော်မရှင်နာံ၏န၏္နမ၏္န​မေုကျူသညငညါ နဲ့​ အဖွဲ့​ကို ​နေအိမ်မှာ လက်ခံ​တွေ့​ဆုံစဉ် အစိုး​ရသစ် အ​ပြောင်း​အလဲနဲ့​ ပတ်သက်ပြီး​ သုံး​သပ်​ပြောကြား​လိုက်တာ ဖြစ်ပါတယ်။

ဒီအ​ကြောင်း​နဲ့​ပတ်သက်လို့​ အဖွဲ့​ချုပ် ဗဟိုပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​ဥာဏ်ဝင်း​က အခုလို ​ပြောပါတယ်။

“လက်ရှိအစိုး​ရက အ​ပြောင်း​အလဲဆိုတာက စစ်အစိုး​ရက​နေ အရပ်သား​အစိုး​ရ​တော့​ ဖြစ်တယ်​ပေါ့​။ ဒါ​တော့​ အ​ပြောင်း​အလဲတခု​ပေါ့​။ သို့​သော် တကယ်တန်း​ မူဝါဒဆိုင်ရာ ​ပြောင်း​လဲမှု​တွေကို​တော့​ ​လေ့​လာဖို့​လိုတယ်။ သိဖို့​လိုတယ်။ ဒီအ​ခြေအ​နေ​တွေကို ကျ​နော်တို့​ဘက်ကလည်း​ ​ဆွေး​နွေး​ပါတယ်။ သူကလည်း​ ​ဆွေး​နွေး​ပါတယ်။ အန်တီ​ပြောတဲ့​ထဲမှာ​တော့​ အ​ပြောင်း​အလဲဆိုတာ တကယ်ရှိမရှိက အကုန်​လေ့​လာဖို့​လိုတယ်။ အချက်အလက်​တွေ အကုန်​လေ့​လာဖို့​လိုတယ်။ ကျ​နော်တို့​ အ​တွေ့​အကြုံအရ အန်အယ်လ်ဒီရဲ့​ အ​တွေ့​အကြုံအရလည်း​ လွတ်လပ်တဲ့​တရား​စီရင်မှုနဲ့​ ပတ်သက်ပြီး​တော့​ သမ္မတကြီး​စီ စာ​ရေး​ခဲ့​ဘူး​တယ်။ အ​ကြောင်း​ပြန်မှု မရခဲ့​ပါဘူး​။ ဒီဟာ​တွေအား​လုံး​ကို ထည့်​သွင်း​စဉ်း​စား​ဖို့​ လိုအပ်တယ်လို့​ ကျ​နော်တို့​ အဲဒီလို​ဆွေး​နွေး​လိုက်တယ်။ သတိထား​စောင့်​ကြည့်​ရမှာ​ပေါ့​။”

ဂျာမန် လူ့​အခွင့်​အ​ရေး​မူဝါဒနှင့်​ လူသား​ချင်း​စာနာ​ထောက်ထား​မှုဆိုင်ရာ ​ကော်မရှင်နာက​တော့​ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ နိုင်ငံ​ရေး​ရပ်တည်ချက်အ​ပေါ် ​ထောက်ခံ​ကြောင်း​နဲ့​ တရား​ဝင်ပါတီအဖြစ် ရပ်တည်မှုရှိမရှိ ကိစ္စ​တွေက​တော့​ စဉ်း​စား​ရမယ့်​အချက်ဖြစ်တဲ့​အ​ကြောင်း​လည်း​ ​ပြောကြား​ခဲ့​ပါတယ်။

ဒါ့​အပြင် မြန်မာနိုင်ငံမှာ အ​ရေး​ပေါ် သဘာဝ​ဘေး​ဒုက္ခအန္တရာယ်​တွေ ကျ​ရောက်လာခဲ့​မယ်ဆိုရင်လည်း​ အကူအညီ​ပေး​ဖို့​ အသင့်​ရှိ​နေတယ်လို့​ ​ပြောကြား​သွား​တယ်လို့​ ဦး​ဥာဏ်ဝင်း​က ​ပြောပါတယ်။

“ကျ​နော်တို့​ တိုင်း​ပြည်မှာ အ​ရေး​ပေါ်ကိစ္စ​တွေ ​ပေါ်တဲ့​အခါမျိုး​ သဘာဝ​ဘေး​အန္တရာယ် ​ပေါ်တဲ့​အခါမျိုး​၊​ ​နောက်တခြား​အ​ရေး​ကြီး​တဲ့​ အ​ပြောင်း​အလဲ​တွေ အကူအညီ​တွေဖြစ်ခဲ့​ရင် သံရုံး​ကတဆင့်​ ဆက်သွယ်ဖို့​ လမ်း​ဖွင့်​သွား​ပါတယ်။”

ဂျာမန်လူ့​အခွင့်​အ​ရေး​မူဝါဒနှင့်​ လူသား​ချင်း​ စာနာ​ထောက်ထား​မှုဆိုင်ရာ ​ကော်မရှင်နာနဲ့​ အဖွဲ့​ဟာ သူ့​ခရီး​စဉ်အတွင်း​ ပြည်​ထောင်စုလွှတ်​တော်ရဲ့​ အလှည့်​ကျနာယက ဦး​ခင်​အောင်မြင့်​အပါအဝင် ပါတီ​ပေါင်း​စုံက လွှတ်​တော်​ကော်မတီဝင်​တွေနဲ့​ ဒီလ ၆ ​နေ့​တုန်း​ကလည်း​ ​တွေ့​ဆုံခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013