DVB Logo
Home
နိုင်ငံရေး
သင်္ကန်းကျွန်း ဦးသိန်းညွန့်ခေါင်းဆောင်ပြီး ပါတီသစ်ထောင်မည်
DVB
·
June 8, 2011
Donate to DVB

အမျိုး​သား​ဒီမိုက​ရေစီအင်အား​စုပါတီ တည်​ထောင်သူတဦး​လည်း​ဖြစ်၊​ ပါတီကိုယ်စား​ပြုအမတ်လည်း​ဖြစ်တဲ့​ ဦး​သိန်း​ညွန့်​က ပါတီသစ်တရပ်ကို ထူ​ထောင်မယ်လို့​ ​ပြောပါတယ်။

အခုလို ​ပြောဆိုချက်ဟာ ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်က ဦး​သိန်း​ညွန့်​ကို တသီး​ပုဂ္ဂလအဖြစ် အသိအမှတ်ပြုတယ်လို့​ စာကို လက်ခံရရှိခဲ့​ပြီး​နောက် ​ပြောဆိုချက် ဖြစ်ပါတယ်။

၁၉၉ဝ ​ရွေး​ကောက်ပွဲအနိုင်ရ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ခေါင်း​ဆောင်​ဟောင်း​တွေဖြစ်တဲ့​ ဦး​ခင်​မောင်​ဆွေ၊​ ​ဒေါက်တာသန်း​ငြိမ်း​နဲ့​ ဦး​သိန်း​ညွန့်​အပါအဝင် ​ခေါင်း​ဆောင်တချို့​ဟာ အန်ဒီအက်ဖ်ပါတီကိုထူ​ထောင်ပြီး​ ၂ဝ၁ဝ ​ရွေး​ကောက်ပွဲဝင်ရာမှာ ၁၆ ​နေရာ အနိုင်ရပါတယ်။

ရွေး​ကောက်ပွဲအပြီး​ ဆယ်ရက်အကြာမှာ အန်ဒီအက်ဖ်ပါတီက ဦး​သိန်း​ညွန့်​ကို ပါတီက​နေထုတ်ပယ်ပြီး​ ​ကော်မရှင်ထံကို စာပို့​ပါတယ်။ ဒါ​ပေမယ့်​ လွတ်​တော်အစည်း​အ​ဝေး​တွေမှာ အန်ဒီအက်ဖ်ကိုယ်စား​ပြု​နေဆဲဖြစ်တာ​ကြောင့်​ သင်္ကန်း​ကျွန်း​ အန်ဒီအက်ဖ်နဲ့​ပင်မအန်ဒီအက်ဖ်ဆိုပြီး​ ကွဲသွား​ပါတယ်။

ဒီကိစ္စကို နှစ်ဘက်တာဝန်ရှိသူ​တွေကို ​ခေါ်ယူ​မေး​မြန်း​ပြီး​တဲ့​နောက် ​ကော်မရှင်ဘက်က ဆုံး​ဖြတ်​ပေး​လိုက်တာဖြစ်ပါတယ်။

အခုထူ​ထောင်မယ့်​ပါတီမှာ ရန်ကုန်တိုင်း​ဒေသကြီး​က​နေ ဝင်အ​ရွေး​ခံထား​ရတဲ့​ ဦး​ကျော်၊​ ဦး​ဘုန်း​မြင့်​အောင်၊​ ​ဒေါ်စန်း​စန်း​မြင့်​နဲ့​ လသာမြို့​နယ်ကိုယ်စား​လှယ် ဦး​ကြည်မြင့်​တို့​ကို အ​ခြေခံပြီး​ ပါတီတရပ်ထူ​ထောင်သွား​မယ်လို့​ ဦး​သိန်း​ညွန့်​က ​ပြောပါတယ်။

ထူ​ထောင်မယ့်​ပါတီရဲ့​ မူဝါဒသ​ဘောထား​တွေကို ဦး​သိန်း​ညွန့်​က အခုလို ​ပြောပါတယ်။

“သန့်​ရှင်း​တဲ့​ နိုင်ငံ​ရေး​၊​ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​၊​ ဒီမိုက​ရေစီ​ရေး​၊​ လူ့​အခွင့်​အ​ရေး​ မဟာဗျူဟာ သုံး​ရပ်ကို ကျ​နော်အမြဲ​ပြော​နေကျဖြစ်တဲ့​ တရား​ဥပ​ဒေ ​ဘောင်အတွင်း​က ငြိမ်း​ချမ်း​စွာ​ဖြေရှင်း​ရေး​၊​ နိုင်ငံ​ရေး​ကို နိုင်ငံ​ရေး​နဲ့​ ​ဖြေရှင်း​တဲ့​ နည်း​ဗျူဟာများ​နဲ့​ ကျ​နော်တို့​ နိုင်ငံ​ရေး​ပါတီတခုကို မကြာခင်ဖွဲ့​စည်း​သွား​မယ်။”

လက်ရှိအချိန်မှာ ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်က ဦး​သိန်း​ညွန့်​တဦး​တည်း​ကိုသာ တသီး​ပုဂ္ဂလကိုယ်စား​လှယ်အဖြစ် အသိအမှတ်ပြုထား​ပြီး​ ကျန်သူ​လေး​ဦး​က ​ကော်မရှင်ရဲ့​ အဆုံး​အဖြတ်ကို ​စောင့်​ကြရဦး​မှာ ဖြစ်ပါတယ်။

ဦး​သိန်း​ညွန့်​နဲ့​အတူ ပါတီသစ်ထူ​ထောင်မယ့်​ အမတ်​လေး​ဦး​က အန်ဒီအက်ဖ် ပါတီက​နေ နုတ်ထွက်စာတင်တဲ့​အ​ပေါ် အန်ဒီအက်ဖ်ပါတီ ​ခေါင်း​ဆောင် ဦး​ခင်​မောင်​ဆွေက ပါတီကို မယုံကြည်ဘူး​ဆိုရင်​တော့​ ထွက်လို့​ရတယ်၊​ ပုဂ္ဂိုလ်​ရေး​ကြောင့်​ ထွက်တယ်ဆိုရင်​တော့​ ပြည်သူ​တွေ အ​လေး​အနက်ထား​လို့​ရထား​တဲ့​ ခ​မောက်တံဆိပ်နဲ့​နေရာ​တွေကို သူတို့​ဘက်က ပြန်ပြီး​အ​လေး​အနက်ပြုဖို့​တော့​ လိုမယ်လို့​ ​ပြောပါတယ်။

ဦး​ကြည်မြင့်​နုတ်ထွက်တာကို စဉ်း​စား​နိုင်ခြင်း​မရှိ​သေး​တဲ့​အ​ကြောင်း​လည်း​ ဦး​ခင်​မောင်​ဆွေက အခုလို​ပြောပါတယ်။

“သင်္ကန်း​ကျွန်း​မြို့​နယ်က ကိုယ်စား​လှယ်နှစ်ဦး​က​တော့​ ဦး​သိန်း​ညွန့်​နဲ့​ ​တော်​တော်များ​များ​ နီး​စပ်တယ်ဆို​တော့​ သိပ်​ပြောစရာအ​ကြောင်း​ မရှိဘူး​။ လသာမြို့​နယ်က ဦး​ကြည်မြင့်​က​တော့​ နုတ်ထွက်စာတင်​သော်လည်း​၊​ ကျ​နော်တို့​က စဉ်း​စား​နိုင်ခြင်း​မရှိ​သေး​ဘူး​။ သူနဲ့​ ကျ​နော်တို့​ ပါတီဌာနချုပ်နဲ့​ ရှင်း​ရမယ့်​ ကိစ္စ​လေး​တွေ ရှိ​နေပါ​သေး​တယ်။ အဲ​လောက်ပဲ ​ပြောပါရ​စေ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013