DVB Logo
Home
လူမှုရေး
ရေလွှမ်းမိုးမှုကြောင့် ချင်းပြည်သူများ လယ်ယာလုပ်ငန်းမစနိုင်
DVB
·
June 8, 2011
Donate to DVB

ပြီး​ခဲ့​တဲ့​နှစ်က ချင်း​ပြည်နယ်ထဲမှာ ကုလား​တန်မြစ်​ရေ လွှမ်း​မိုး​မှုဖြစ်ခဲ့​တဲ့​အတွက် ​မြေဆီလွှာ​တွေ တိုက်စား​ခံရပြီး​ ဒီနှစ်စိုက်ပျိုး​ရေး​ရာသီမှာ စိုက်ပျိုး​ရေး​လုပ်ငန်း​ မစတင်နိုင်​သေး​သလို ​ဒေသခံ​တွေ စား​နပ်ရိက္ခာ အခက်အခဲ ​တွေ့​နေရပါတယ်။

ပြီး​ခဲ့​တဲ့​နှစ် ​အောက်တိုဘာလတုန်း​က ချင်း​ပြည်နယ်ထဲမှာ မိုး​သည်း​ထန်ပြီး​ ကုလား​တန်မြစ်​ ရေလွှမ်း​မိုး​ခဲ့​တဲ့​အတွက် စပါး​တွေ ပျက်စီး​ခဲ့​သလို ​ရေကျသွား​ပြီး​တဲ့​နောက်မှာ လယ်ယာ​မြေ​တွေကို ​ရေတိုက်စား​တာ​တွေ ​ရေနုတ်​မြောင်း​ လမ်း​ကြောင်း​ပြောင်း​တာ​တွေလည်း​ ဖြစ်ခဲ့​ပါတယ်။

မတူပီ၊​ ဟား​ခါး​ ထန်တလန် နဲ့​ ပလက်ဝ စတဲ့​ မြို့​နယ်​တွေမှာ ပျက်စီး​ခဲ့​တဲ့​ လယ်ယာ​မြေ ဧက တ​ထောင်​ကျော်ကို ဒီနှစ်ထဲမှာ ပြန်မစိုက်ပျိုး​နိုင်တဲ့​အတွက် အစာ​ရေစာ ပြတ်လပ်မှုကို အကြီး​အကျယ်ကြုံ​တွေ့​ရဖို့​ရှိတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

အစာ​ရေစာ မ​လောက်ငမှုဖြစ်​နေတာနဲ့​ ပတ်သက်ပြီး​တော့​ ​ဒေသခံ​တွေရဲ့​ ​ပြောဆိုချက်ကို ချင်း​ဒီဗွီက ကိုမား​လ်စွမ်ဒွမ်း​ငါက အခုလို ​ပြောပါတယ်။

“အထူး​သဖြင့်​ ဒီမတူပီ နယ်မှာ​တော့​ ဧက ၁၂ဝ မှာ ဂဝ ​လောက် ပျက်စီး​တယ်။ ဒီနှစ်မှာ မျိုး​စပါး​တွေ မရှိ​တော့​ဘူး​ပေါ့​။ ဒီနှစ်​တော့​ ​ရောင်း​မယ့်​စပါး​လည်း​မရှိ​တော့​ဘူး​။ ​ရေလျှံပြီး​ ပျက်စီး​တယ်ဆို​တော့​ ပိုက်ဆံလည်း​မရှိ။ ​နေ့​တိုင်း​စား​ဖို့​လည်း​မရှိတာ။ ​ပြောင်း​ဖူး​ပဲစား​တယ်။ ​ပြောင်း​ဖူး​စား​တာ​တောင်မှ ​ရေနဲ့​ပြုတ်စား​ရတယ်။”

ချင်း​ပြည်နယ်ရဲ့​ ငတ်မွတ်​ခေါင်း​ပါး​မှုပြဿနာ ကုလသမဂ္ဂ လက်​အောက်ခံအဖွဲ့​အစည်း​တချို့​က ကူညီ​နေ​ပေမယ့်​ လိုအပ်ချက်​တော့​ မပြည့်​မီဘူး​လို့​ ချင်း​လူ့​အခွင့်​အ​ရေး​အဖွဲ့​ အိန္ဒိယနိုင်ငံရုံး​ခွဲ ဒါရိုက်တာ ဆလိုင်း​စအုပ်လိုင်း​က ​ပြောပါတယ်။

“သူတို့​ UNDP နဲ့ WFP က​တော့​ အကူအညီ​တော့​ ​ပေး​ထား​တာ ရှိပါတယ်။ ဒါပေမယ့်​ သူတို့​ကလည်း​ ​နေရာတိုင်း​ကို မ​ရောက်နိုင်ဘူး​လေ။ လမ်း​ပန်း​ဆက်သွယ်​ရေး​ အခက်အခဲ​ကြောင့်​ပဲဖြစ်ဖြစ်၊​ တခြား​ အခက်အခဲ​တွေ မိုး​ရာသီလည်း​ ဖြစ်တယ်ဆို​တော့​ သူတို့​ မ​ရောက်နိုင်တာ​တွေဖြစ်တယ်။ အခု​လော​လောဆယ်မှာ​တော့​ လယ်ပျက်တဲ့​ကိစ္စ​တွေ၊​ တူး​မြောင်း​တွေ ပျက်တဲ့​ကိစ္စ​တွေအတွက် ဘယ်သူမှ​တော့​ အကူအညီ​ပေး​တာ မရှိပါဘူး​။ ချင်း​လူမှု ဖွံ့​ဖြိုး​ရေး​ကလည်း​ သူတို့​ ဘုရား​ကျောင်း​တွေက​နေ လိုက်လုပ်တာ​တော့​ ရှိတယ်။ ဒါ​ပေမယ့်​ သူတို့​ကလည်း​ အား​လုံး​ကိုမကူညီနိုင်ဘူး​။ ​ငွေ​ရေး​ကြေး​ရေး​ အခက်အခဲရှိတယ်။”

ချင်း​ပြည်သူ​တွေ ငတ်မွတ်​ခေါင်း​ပါး​မှုမဖြစ်ရ​အောင် ပြည်တွင်း​နဲ့​ နိုင်ငံတကာ အသိုင်း​အဝိုင်း​က အကူအညီ​ပေး​ဖို့​ လိုအပ်​နေတယ်လို့​ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013