DVB Logo
Home
နိုင်ငံရေး
ထပ်စင်၏ညီမကို မဟုတ်မမှန်ထွက်ဆိုမှုဖြင့် အရေးယူရန် တောင်းဆို
DVB
·
June 8, 2011
Donate to DVB

မကြာခင်ကျင်း​ပမယ့်​ ထိုင်း​နိုင်ငံ​ရွေး​ကောက်ပွဲမှာ ​ရေပန်း​စား​နေတဲ့​ ဝန်ကြီး​ချုပ်​ဟောင်း​ ထပ်စင်ရှင်နဝပ်ရဲ့​ အမှုတုန်း​က ညီမဖြစ်သူဟာ ရုံးတော်မှာ မမှန်မကန် ထွက်ဆိုခဲ့​တယ်ဆိုပြီး​ တရား​စွဲ​ရေး​တိုက်တွန်း​ဖို့​ ထိုင်း​နိုင်ငံ​ရေး​ပညာရှင်အဖွဲ့​တခုကို ဒီက​နေ့​ ဖွဲ့​စည်း​လိုက်ပါတယ်။

ရောင်စုံအင်္ကျီအဖွဲ့​ခေါင်း​ဆောင် ​ဒေါက်တာတုန် စစ်ထိစုမ်ဝုန်နဲ့​ အထက်လွှတ်​တော် အမတ်​ဟောင်း​ က​ယောက်စံတို့​ဟာ နိုင်ငံ​ရေး​သမား​တွေရဲ့​မသမာမှု​တွေကို စုံစမ်း​ဖော်ထုတ်အ​ရေး​ယူနိုင်ဖို့​ ဇွန်လ ၇ ရက်​နေ့​မှာ “ထပ်စင် လိမ်လည်ဖြတ်စား​မှု လွတ်ငြိမ်း​ချမ်း​သာခွင့်​ တား​ဆီး​ရေး​ လူထုကွန်ရက်” အဖြစ် ပူး​ပေါင်း​ဖွဲ့​စည်း​ကြောင်း​ကိုလည်း​ ထိုင်း​မီဒီယာ​တွေက​နေတဆင့်​ ​ကြေညာခဲ့​ပါတယ်။

ဒီအဖွဲ့​ရဲ့​ပထမဆုံး​လှုပ်ရှား​မှုအဖြစ် လာမယ့်​ရွေး​ကောက်ပွဲမှာ ဝန်ကြီး​ချုပ်​ဟောင်း​ကို ​ထောက်ခံတဲ့​ ​ဖေ့​ထိုင်း​ပါတီ အနိုင်ရဖို့​ မဲဆွယ်မှု​တွေလုပ်​နေတဲ့​ မစ္စတာ ထပ်စင်ရှင်နဝပ်ရဲ့​နှမ ရင့်​ရတ်ရှင်နဝပ်ကို တရား​စွဲ​ရေး​ တိုက်တွန်း​မှာဖြစ်ပါတယ်။

ထိုင်း​ဝန်ကြီး​ချုပ်​ဟောင်း​ ထပ်စင်ရှင်နဝပ်ရဲ့​ညီမဟာ သူ့​အစ်ကိုဖြစ်သူရဲ့​ အစုရှယ်ရာ ကွယ်ဝှက်မှုတုန်း​က လိမ်လည်သက်​သေခံခဲ့​တယ်လို့​ လူထုကွန်ရက်က ထိုင်း​ရုပ်မြင်သံကြား​တွေနဲ့​ ထိုင်း​မီဒီယာ​တွေမှာ ​ပြော​နေတာ ဖြစ်ပါတယ်။

ထိုင်း​နိုင်ငံ ​ရှေ့​နေများ​ကောင်စီ ထိုင်း​နိုင်ငံ​ရေး​ အမှုအခင်း​ ကျွမ်း​ကျင်သူတဦး​က ဒီအ​ကြောင်း​နဲ့​ပတ်သက်လို့​ အခုလို​ပြောပါတယ်။

“ဝန်ကြီး​ချုပ်​ဟောင်း​ထပ်စင်က ဖွဲ့​စည်း​ပုံဥပ​ဒေ ကိုလက်တလုံး​ခြား​လုပ်ပြီး​ မိမိကိုယ်ကျိုး​ကို လုပ်ခဲ့​တယ်ဆိုတဲ့​အမှုတုန်း​က ညီမဖြစ်သူရဲ့​ထွက်ဆိုချက်​တွေ​ကြောင့်​ နိုင်ငံ​တော်က ရသင့်​ရထိုက်တာ​တွေကိုဆုံး​ရှံး​ခဲ့​တယ်။ ဒီ​တော့​ နိုင်ငံ​တော်ရဲ့​ကိုယ်စား​ နိုင်ငံ​တော်မှာရှိတဲ့​ ဒီအက်စ်အိုင်တို့​၊​ ရဲဌာနတို့​နဲ့​တရား​ရေး​ဌာန​တွေက ဒီအမှုကိုအ​ရေး​ယူရမယ့်​တာဝန်ရှိတယ်။ ဒါကိုသူတို့​မလုပ်ခဲ့​ကြလို့​ အခုလို ​တောင်း​ဆိုတာဖြစ်တယ်။ ဒါဟာ ထိုင်း​နိုင်ငံရဲ့​ဒီမိုက​ရေစီစနစ်မှာ အာဏာပိုင်အဖွဲ့​အစည်း​နဲ့​ အာဏာပိုင်​တွေရဲ့​ အာဏာချိန်ခွင်လျှာကို ထိန်း​ညိ‡ထား​တဲ့​ အရာတခုဖြစ်တယ်။ ထိုင်း​နိုင်ငံရဲ့​ အမြင့်​ဆုံး​ဥပ​ဒေဖြစ်တဲ့​ ဖွဲ့​စည်း​အုပ်ချုပ်ပုံဥပ​ဒေမှာ ဒါ​တွေကို လူထုက လှုပ်ရှား​တောင်း​ဆိုခွင့်​ရှိတယ်။”

ဒီအမှုဟာ ရာဇဝတ်မှုဖြစ်တဲ့​အတွက် ထိုင်း​ဝန်ကြီး​ချုပ်​ဟောင်း​ ထပ်စင်ရှင်နဝပ်ရဲ့​ညီမ ယင့်​ရတ်ရှင်နဝပ် မှား​တယ် မှန်တယ်ဆိုတာကို တရား​ဥပ​ဒေအရ အဆုံး​အဖြတ်​ပေး​ရမှာဖြစ်ပြီး​ လူထုမဲ​ပေး​ဆုံး​ဖြတ်ရမယ့်​ကိစ္စ မဟုတ်ဘူး​လို့​ အထက်လွှတ်​တော်အမတ်​ဟောင်း​ က​ယောက်စံက ±ုပ်သံအင်တာဗျူး​တွေမှာ ဖွင့်​ဆိုသွား​ပါ​သေး​တယ်။

ရောင်စုံအင်္ကျီအဖွဲ့​ဟာ မနှစ်က ထိုင်း​နိုင်ငံ ဘန်​ကောက်မြို့​မှာ ဖြစ်ပွား​ခဲ့​တဲ့​ ဝန်ကြီး​ချုပ်​ဟောင်း​ ထပ်စင်ရှင်နဝပ်ကို ​ထောက်ခံသူအင်္ကျီအနီဝတ်တချို့​ရဲ့​အကြမ်း​ဖက်မှုကို ဆန့်​ကျင်ဆန္ဒပြခဲ့​တဲ့​ ဘန်​ကောက်လူထု အစုအ​ဝေး​ဖြစ်ပြီး​ အထက်လွတ်​တော်အမတ်​ဟောင်း​ က​ယောက်စံက​တော့​ နိုင်ငံ​ရေး​သမား​မသမာမှု စုံစမ်း​စစ်​ဆေး​ရေး​ကော်မတီကို သူအထက်လွတ်​တော်အမတ်ဖြစ်ခဲ့​စဉ်တုန်း​က ဦး​ဆောင်ခဲ့​သူဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013