DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်ဟားခါးတွင် မြေပြို ၊ ယာဉ်အသွားအလာများ ရပ်ထားရ
DVB
·
July 28, 2015
ချင်းပြည်နယ်ဟားခါးတွင် မြေပြို ၊ ယာဉ်အသွားအလာများ ရပ်ထားရ
Donate to DVB

ချင်းပြည်နယ် ဟားခါးမြို့နယ်ထဲမှာ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာကြောင့် ခရီးအသွားအလာတွေနဲ့ အဝေးပြေးယာဉ်တွေ ရပ်နားထားရပါတယ်။

ပြီးခဲ့တဲ့ အပတ်က မိုးတွေဆက်တိုက်ရွာသွန်းတဲ့အတွက် လွန်ခဲ့တဲ့ စနေနေ့ ဇူလိုင် ၂၅ နေ့ကစပြီး ဒီကနေ့ထိ ကလေးနဲ့ မန္တလေးဘက်ကို သွားမယ့်ကားတွေ မထွက်နိုင်သေးဘူးလို့ ဟားခါးမန်းကားဂိတ်က ယာဉ်လက်မှတ်အရောင်းတာဝန်ခံ မလီလီက ဒီဗွီဘီကို ပြောပါတယ်။

“မိုးတွေတအားရွာပြီး ကားလမ်းပေါ်ကို မြေပြိုကျတာ ၃ နေရာတောင်ရှိတယ်။ ဇိုးခွားရွာနားမှာ တနေရာ၊ ရွာဗန်းမှာရော၊ လုံကျွဲရွာနားမှာရော၊ တချို့နေရာမှာ လမ်းကအပေါက်ကြီး ဖြစ်သွား တယ်။ ကားတွေ အခုထိသွားလို့ မရသေးဘူး။ အခုထက်ထိ မိုးရွာနေတော့ လမ်းလည်း ပြင်လို့ မရသေးဘူးလို့ ပြောပါတယ်ရှင့်။ မန္တလေးကလည်း လာလို့မရ ဒီကနေလည်း သွားလို့မရတာ သုံးလေးရက်ရှိပြီ။”

ဟားခါးမန်း အဝေးပြေးဂိတ်ကနေ မန္တလေးကို ကား ၄ စီးနေ့စဉ် ထွက်သလို ရန်ကုန်ကို တပတ် ၃ ရက်ထွက်ခွာကြောင်း၊ ကားတစ်စီးကို ၀င်ငွေ ၁၀ သိန်းကျော် နေ့စဉ်ရနေရာ ခုလိုရက် အတန်ကြာနားထားရတဲ့အတွက် ၀င်ငွေမရှိတော့သလို ခရီးသည်တွေလည်း လိုရာ မရောက်နိုင်သေးဘူးလို့ ဟားခါးမန်းက ပြောပါတယ်။

ခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချင်းပြည်နယ်နေရာ အနှံ့အပြားမှာလည်း မြေပြိုမှု၊ တံတားကျိုးကျတာ၊ နေအိမ်အလုံးလိုက် ပြိုကျပျက်စီးတာတွေ ရှိနေတယ်လို့ ချင်းတောင် သယံဇာတစောင့်ကြည့်ရေးအဖွဲ့ဝင် ကိုယန်ဇွမ်က ဒီဗွီဘီကို ပြောပါတယ်။

“မြေပြိုတာက နေရာအနှံ့လိုဘဲခင်ဗျ။ ဟားခါးနဲ့ကလေးသွားလမ်းမှာရော၊ ဟားခါး-တီးတိန်၊ ဟားခါး-ဖလမ်း သွားလမ်းမှာရော ပြိုတယ်။ ဟားခါးမြို့ပေါ်မှာ အိမ်တလုံးပြိုတယ်။ မနေ့ညက လည်း တီးတိန်မြို့နယ်ထဲက ကိမ်းလိုင်ကြိုးတံတား ပျက်စီးသွားတယ်။ အဲဒီတံတားက အသစ်ကြီး၊ အစိုးရလုပ်ပေးထားတာ ၂ နှစ်ဘဲရှိသေးတယ်။ တောင်ကျချောင်းရေတွေ တိုက်သွားတာ။”

ခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားနေတာဖြစ်ပြီး ဇူလိုင်လ ၂၅ ရက်က ရှမ်းပြည်နယ် သီပေါမြို့နယ်မှာ နမ့်ပေါ့ချောင်းတံတားကျိုးကျလို့ လူ ၅ ဦး သေဆုံးသွားခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013