DVB Logo
Home
နိုင်ငံရေး
မြန်မာအစိုးရ အဓမ္မလုပ်အားခိုင်းစေမှုနှင့်ပတ်သက်၍ အိုင်အယ်လ်အိုညီလာခံတွင် စစ်ဆေး
DVB
·
June 8, 2011
Donate to DVB

အပြည်ပြည်ဆိုင်ရာအလုပ်သမား​အဖွဲ့​ချုပ် အိုင်အယ်လ်အိုရဲ့​ အကြိမ်တရာ​မြောက်ညီလာခံကို ဂျီနီဗာမှာ ဇွန်လ ၁ ရက်က​နေ ၁၇ ရက်​နေ့​အထိ ကျင်း​ပ​နေပါတယ်။

မြန်မာအစိုး​ရကိုယ်စား​လှယ်က လက်ရှိ​ပေါ်​ပေါက်လာတဲ့​ မြန်မာအစိုး​ရသစ်အ​ကြောင်း​၊​ ဒီမိုက​ရေစီစနစ်ကို ဖြည်း​ဖြည်း​ခြင်း​ အသွင်ကူး​ပြောင်း​ပြီး​ ​ဆောင်ရွက်​နေတဲ့​အ​ကြောင်း​ ၁၅ မိနစ်ကြာ အ​သေး​စိတ်တင်ပြသွား​ခဲ့​ကြပါတယ်။

မြန်မာစစ်အစိုး​ရအ​နေနဲ့​အိုင်အယ်လ်အိုနဲ့​ပူး​ပေါင်း​ပြီး​ အဓမ္မလုပ်အား​ပေး​ ​စေခိုင်း​နေမှု​တွေ ပ​ပျောက်​စေဖို့​ကတိ​တွေအကြိမ်ကြိမ်​ပေး​ခဲ့​ပေမယ့်​ ဒီက​နေ့​ထိ ပျက်ကွက်​နေ​သေး​တဲ့​အ​ကြောင်း​ မြန်မာနိုင်ငံအလုပ်သမား​သမဂ္ဂများ​အဖွဲ့​ချုပ် (အက်ဖ်တီယူဘီ) ရဲ့​ သက်​သေအ​ထောက်အထား​အချက်လက်​တွေနဲ့​တင်ပြချက်​တွေကို မြန်မာစစ်အစိုး​ရကိုယ်စား​လှယ်​တွေ ရင်ဆိုင်​ဖြေရှင်း​ခဲ့​ကြရပါတယ်။

မြန်မာနိုင်ငံ အလုပ်သမား​သမဂ္ဂများ​အဖွဲ့​ချုပ်က ဒုဥက္ကဋ္ဌ ဦး​သန်း​လွင်၊​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​မောင်​မောင်နဲ့​ဒေသဆိုင်ရာ အတွင်း​ရေး​မှူး​ ကိုဇာနည်​သွေး​တို့​က အိုင်အယ်လ်အိုညီလာခံမှာ တက်​ရောက်ပြီး​ အခုလို တင်ပြ​ဆွေး​နွေး​ခဲ့​တာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုး​ရရဲ့​ အဓမ္မလုပ်အား​ပေး​စေခိုင်း​နေမှု​တွေနဲ့​ က​လေး​စစ်သား​ စုဆောင်း​နေမှု​တွေကို ပြီး​ခဲ့​တဲ့​ ဇွန် ၄ ရက်မှာ ကြား​နာစစ်​ဆေး​ခဲ့​ပြီး​ ဇွန် ၆ ရက်​နေ့​မှာ ဆုံး​ဖြတ်ချက်ချမှတ်ခဲ့​ပါတယ်။

အိုင်အယ်အိုညီလာခံမှာ တက်​ရောက်​ဆွေး​နွေး​ခဲ့​တဲ့​ ကိုဇာနည်​သွေး​က အခုလို ​ပြောပြပါတယ်။

“အချက် ၁၁ ချက်ပါတဲ့​ ဆုံး​ဖြတ်ချက်ကို ချမှတ်ခဲ့​ပါတယ်။ အဲဒီအချက် ၁၁ ချက်ထဲမှာ​တော့​ ကျ​နော်တို့​ ၁၉ဝရ ခုနှစ်မှာ ထုတ်ပြန်ထား​တဲ့​ ​ကျေး​ရွာများ​အက်ဥပ​ဒေနဲ့​ မြို့​ပြများ​ဆိုင်ရာ အက်ဥပ​ဒေထဲမှာ အဓမ္မ အလုပ်ခိုင်း​စေခြင်း​နဲ့​ ပတ်သက်လို့​ တား​မြစ်ထား​တဲ့​ ဥပ​ဒေကို အဲဒီလိုမျိုး​ အခုလည်း​ပဲ အဓမ္မ အလုပ်ခိုင်း​စေခြင်း​နဲ့​ ပတ်သက်လို့​ အိုင်အယ်လ်အိုရဲ့​ ကွန်ဗန်း​ရှင်း​အမှတ် ၂၉ ကို တရား​ဝင်ဥပ​ဒေအတွင်း​မှာ ထည့်​သွင်း​ပြီး​ အတည်ပြုဖို့​နဲ့​ အဲဒီ ပြည်သူ့​ကြား​မှာ ချက်ချင်း​လိုက်နာ​ဆောင်ရွက် နိုင်ဖို့​ကို အပိုဒ် (၁) မှာ ​ဖော်ပြထား​တယ်။ ပြီး​တဲ့​အခါကျ​တော့​ ကျ​နော်တို့​ အဲဒီလိုမျိုး​ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေထဲမှာလည်း​ တရား​ဝင်ထည့်​သွင်း​ပြီး​တဲ့​အခါမှာလည်း​ တား​မြစ်ချက်​တွေကို အဆင့်​ဆင့်​သော လုပ်ငန်း​ရပ်​တွေနဲ့​ ​နေရာဌာနတိုင်း​ကိုလည်း​ စနစ်တကျ ဖြန့်​ဝေပြီး​တော့​ တိတိကျကျ တား​မြစ်​ပေး​ဖို့​၊​ ​နောက်တခါ တကယ်လိုက်နာခြင်း​ ရှိ၊​ မရှိ၊​ တကယ်ချိုး​ဖောက်ခြင်း​ ရှိ၊​ မရှိဆိုတာကိုလည်း​ အမြဲတမ်း​ သူတို့​ကလည်း​ မျက်ခြည်မပြတ်လိုက်ပြီး​တော့​ ​စောင့်​ကြည့်​နေဖို့​နဲ့​ ​စောင့်​ကြည့်​နိုင်ဖို့​ အတွက်ကို အဓမ္မ အလုပ်ခိုင်း​စေမှု ပ​ပျောက်​ရေး​ဆိုင်ရာ၊​ ​ကော်မတီ​တွေ အစုအဖွဲ့​တွေ အ​သေး​စိတ် လိုက်လံပြီး​တော့​ ကြီး​ကြပ်​ဆောင်ရွက်​ပေး​ဖို့​၊​ အဓမ္မ အလုပ်ခိုင်း​စေမှုနဲ့​ ပတ်သက်လို့​ ကာကွယ်​ရေး​ဝန်ကြီး​ဌာနနဲ့​ တကွ၊​ စစ်တပ်ထဲက သင်တန်း​ဆင်း​တဲ့​ ပုဂ္ဂိုလ်​တွေကလည်း​ သူ့​တပ်တွင်း​ကို အဆင့်​ဆင့်​ ဆင့်​ကဲဆင့်​ကဲ အမိန့်​တွေ ချမှတ်ပြီး​တော့​ ပြင်း​ပြင်း​ထန်ထန်​ဆောင်ရွက်​ပေး​ဖို့​ အဲဒါ​တွေကို ​တောင်း​ဆိုထား​ပါတယ်။

“အဲဒီလို​တောင်း​ဆိုထား​ပြီး​တော့​ ​နောက်ထပ်တခါ က​လေး​စစ်သား​နဲ့​ ပတ်သက်တဲ့​ ကိစ္စကို​တော့​ လုံး​လုံး​လျား​လျား​ ​နောက်ထပ် ဘယ်​သောအခါမှ မကျူး​လွန်ဖို့​ အတွက်ကို တိတိကျကျ တား​မြစ်ထား​တယ်။ တကယ်လို့​ အဲဒီလို တား​မြစ်မယ်ဆိုရင် ချက်ချင်း​အ​ရေး​ယူ ​ဆောင်ရွက်မယ်ဆိုတာ လည်း​ရှိလာပါတယ်။ ဘယ်အရာနဲ့​မှမဆို အကြမ်း​ဖက် အနိုင်ကျင့်​မှု​တွေ အကုန်လုံး​ကိုလည်း​ မပြုလုပ်ဖို့​ အဲဒီလို အချက်အလက်​တွေ ပါဝင်တဲ့​ အချက်​ပေါင်း​ ၁၁ ချက်ကို ကျ​နော်တို့​ ချက်ချင်း​လက်ငင်း​ပဲ ဒီ​နေ့​မှာ ဆုံး​ဖြတ်ချက်ကို ချမှတ်နိုင်ခဲ့​ပါပြီ။”

အခုလာမယ့်​တပတ်အတွင်း​မှာ မြန်မာနိုင်ငံအတွင်း​ လွတ်လပ်တဲ့​ အလုပ်သမား​သမဂ္ဂ​တွေ ဖွဲ့​စည်း​ခွင့်​နဲ့​လယ်ယာ​မြေ​တွေကို အဓမ္မသိမ်း​ပိုက်​နေတဲ့​ ကိစ္စ​တွေကို မြန်မာနိုင်ငံ အလုပ်သမား​သမဂ္ဂများ​အဖွဲ့​ချုပ်အ​နေနဲ့​ဆက်လက်တင်ပြ ​ဆွေးနွေး​သွား​မယ်လို့​ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013