DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့နယ် ပလဖ စခန်းကို NUG-MOD တပ် ဝင်စီးနင်း၊ ပလဖ တာ၀န်ခံ ကျဆုံး
DVB
·
June 30, 2026
Photo: မုံရွာမြို့နယ် ပလဖ
Photo: မုံရွာမြို့နယ် ပလဖ
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (မုံရွာမြို့နယ် ပလဖ) စခန်းကို NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံတပ်ရင်းအချို့က ဇွန် ၂၉ ရက် ညနေပိုင်းမှာ စီးနင်း တိုက်ခိုက်ခဲ့တာကြောင့် ပလဖ တာ၀န်ခံ ကိုအာကူး ကျဆုံးသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ကနေ သိရပါတယ်။

မုံရွာရဲ့အရှေ့ခြမ်းမှာ အခြေစိုက်တဲ့ မုံရွာပလဖ စခန်းကို  အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံတပ်ရင်းတွေဘက်က ဝင်စီးခံရတဲ့အချိန်မှာ ကျဆုံးတာလို့ သိရကြောင်း မုံရွာမြို့နယ်အခြေစိုက် တော်လှန်ရေးရဲဘော်တယောက်က ပြောပါတယ်။

မုံရွာမြို့နယ် ပကဖ ရဲဘော်တယောက်က “ကိုအာကူး ကျသွားတာ မှန်ပါတယ်။ MOD အောက်က ခရိုင်တပ်ရင်းတွေဘက်က ပလဖ ရဲဘော်တွေကို ဒလန်ရှင်းတာတွေ၊ ပြန်ပေးဆွဲတာတွေနဲ့ ပတ်သက်ပြီး ပြစ်မှုတွေရှိလို့ တပ်ရင်းတွေဘက် ဝင်ဖမ်းတာမှာ သူတို့ဘက်ကစပစ်လို့ တိုက်ပွဲဖြစ်ပြီး ပလဖ တာဝန်ခံ ကိုအာကူး ကျသွားတဲ့အပြင် နောက်ထပ်သေဆုံးဒဏ်ရာရတဲ့အထဲမှာ ပြည်သူတွေလည်း ပါနေလို့ အတိအကျတော့ မသိရသေးဘူး။ တပ်ရင်းတွေဘက်က ပြစ်မှုနဲ့ ဖမ်းမဲ့အထဲမှာတော့ ကိုအာကူး မပါဘူးလို့လည်း သိရတယ်။ သူ့ရဲဘော်တွေဘက်က အရင်ဖြစ်ခဲ့ကြတဲ့ဖြစ်စဥ် အသေးစိတ်တွေကတော့ ပြောပြလို့မရသေးပါဘူး။ အချိန်တန်ရင်တော့ သိရမှာပါ” လို့ DVB ကို ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ခဲ့တဲ့နေရာကို ဇွန် ၃၀ ရက် နေ့လယ်ပိုင်းမှာ မုံရွာအခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ထဲကနေ စစ်သည်အင်အားအများအပြား စစ်ကြောင်းထိုး ထွက်ခွာသွားကြပြီလို့လည်း သူက ဆက်ပြောပါတယ်။

အဆိုပါဖြစ်စဥ်ကို အသေးစိတ်သိရှိနိုင်ဖို့ မုံရွာမြို့နယ်၊ မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဆီကို DVB က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းနဲ့ အင်တာနက်လိုင်း အခက်အခဲကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။  အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ကာကွယ်ရေးဝန်ကြီးဌာန (MOD) ကလည်း ဒီစီးနင်းမှုနဲ့  ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

အခုလပိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ အ​ချင်းချင်းကြား မကျေနပ်မှုတွေနဲ့ မညီညွတ်မှုတွေကို အရင်းခံပြီး ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပေါ်နေတဲ့အတွက်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ အလားတူဖြစ်စဥ်မျိုးတွေ ထပ်မဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ပေးဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က လိုလားနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013