DVB Logo
Home
မြန်မာသတင်း
အမျိုးသားတိုးတက်ရေးပါတီ အမတ်လောင်း ၂၅၀ ကျော် ရွေးကောက်ပွဲဝင်မည်
DVB
·
July 28, 2015
အမျိုးသားတိုးတက်ရေးပါတီ အမတ်လောင်း ၂၅၀ ကျော် ရွေးကောက်ပွဲဝင်မည်
1 / 3
Donate to DVB

သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးအဖွဲ့ဝင်ဟောင်း ဒေါက်တာနေဇင်လတ် ခေါင်းဆောင်တဲ့ အမျိုးသားတိုးတက်ရေးပါတီဟာ လာမယ့် နိုဝင်ဘာ ၈ ရက် အထွေထွေ ရွေးကောက်ပွဲမှာ  နိုင်ငံအနှံ့ ကိုယ်စားလှယ်လောင်း ၂၅၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။

တိုင်းဒေသကြီး ၇ ခုစလုံးနဲ့ ပြည်နယ်အချို့မှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် အချို့ကလည်း အမျိုးသားတိုးတက်ရေး ပါတီကိုယ်စားလှယ်လောင်းအဖြစ် ကမ်းလှမ်းတာ ရှိတယ်လို့ ပါတီဥက္ကဋ္ဌ ဦးနေဇင်လတ်က ဒီဗွီဘီ ရွေးကောက်ပွဲ အစီအစဉ်အတွက် သီးသန့်တွေ့ဆုံမေးမြန်းစဉ်မှာ ပြောပါတယ်။

NayZinLatt“ကျနော်တို့ခန့်မှန်းချေ ၂၅၀ နဲ့ ၃၀၀ ကြားလောက်တော့ ပြိုင်နိုင်ဖို့ရှိတယ်။ ဒါ လောလောဆယ် အနေအထားပေါ့။ နောက်တခါ ပြည်ခိုင်ဖြိုးက တယောက်စ နှစ်ယောက်စပါ ကြားလူနဲ့ ကမ်းလှမ်းတာရှိတယ်။ သူတို့ဆီမှာလည်း အခွင့်အရေးရှိတယ်။ နိုင်ငံသား တယောက်အနေနဲ့ အခွင့်အရေးရှိတယ်ပေါ့။ ဘာကြောင့်လဲဆိုတော့  ပြည်သူတယောက်အနေနဲ့ တခြားပါတီကို သွားပြီး လျှောက်ထားရင် အဲဒီပါတီက စဉ်းစားပေးရမှာပဲ။ နောက်ဆုံးမှာကတော့ ကျနော်တို့ လူတွေနဲ့ပဲ၊ သက်ဆိုင်ရာနယ်မြေနဲ့ လူနဲ့ပဲ စဉ်ထားတဲ့အတွက်ကြောင့်မို့လို့ သူတို့ဝင်လာရင်တောင်မှ ကျနော်တို့ ပေးစရာနေရာ မရှိတော့ပါဘူး။ နောက်တခုက  တပ်မတော်သားဟောင်းလို့  ပြောတဲ့နေရာမှာ ကျနော်ကိုယ်တိုင်လည်း တပ်မတော်သားဟောင်း၊ သို့သော် အငြိမ်းစားယူတာ နှစ်အစိတ်ရှိသွားပြီ။ ကျနော်နဲ့ မတိမ်းမယိမ်းနဲ့ပေါ့နော် အငြိမ်းစားယူထားတဲ့ နှစ် ၂၀  ကျော်ကျော်လောက်ရှိတဲ့ သူတွေချည်းပဲ  ၄-၅-၆ ယောက်ပဲရှိတယ်။ ဗိုလ်ချုပ်အဆင့်တို့ဘာတို့ မရှိဘူး။ မနေ့တနေ့ကမှ အငြိမ်းစားယူတဲ့သူတွေ ကျနော့်ဆီမှာ မရှိဘူး။”

ပါတီဟာ သမ္မတဦးသိန်းစိန် လမ်းညွှန်ချက်အရ ထူထောင်ထားတဲ့ နိုင်ငံရေးသင်တန်းကျောင်းက သင်တန်းသားပေါင်း ၃၀၀၀ ကျော်နဲ့ စုဖွဲ့ထူထောင်ထားတဲ့ပါတီဖြစ်ပြီး မူဝါဒနဲ့ ရပ်တည်ချက်တူတဲ့ ပါတီတွေနဲ့ မဟာမိတ်လုပ်သွားမယ်လို့လည်း ပြောပါတယ်။

ရန်ကုန် တောင်ဥက္ကလာပမှာ ဌာနချုပ်ဖွင့်လှစ်ထားတဲ့ အမျိုးသားတိုးတက်ရေးပါတီကို ၂၀၁၅ မတ်လက ရွေးကောက်ပွဲကော်မရှင်မှာ ပါတီတည်ထောင်ခွင့် စတင်လျှောက်ထားခဲ့ပြီး  ဇူလိုင်လ ၉ ရက်နေ့မှာ  မှတ်ပုံတင်ခွင့်ပြုချက် ချပေးခဲ့ပါတယ်။

အစိုးရကတော့ ဒေါက်တာ နေဇင်လတ် နာယကအဖြစ် ထူထောင်ထားတဲ့ အမျိုးသား တိုးတက်ရေး ပါတီဟာ နိုင်ငံတော်သမ္မတနဲ့သော်လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ သော်လည်းကောင်း လုံးဝပတ်သက်ခြင်း မရှိဘူးလို့ ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013