DVB Logo
Home
နိုင်ငံရေး
ဘုရားသုံးဆူ မြို့လယ်ခေါင်ဗုံးကွဲ သုံးဦးထက်မနည်းသေ
DVB
·
June 7, 2011
Donate to DVB

ထိုင်း​မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရား​သုံး​ဆူမြို့​က စရဖရုံး​နဲ့​ ဓမ္မာရုံ​တွေမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့​တဖွဲ့​ မ​နေ့​ည​နေက ဝင်​ရောက်ပစ်ခတ်ခဲ့​သလို အရပ်သား​တွေကိုပါ ပစ်ခတ်မှု​ကြောင့်​ အသက် ဆယ့်​သုံး​နှစ်အရွယ် အရပ်သား​ မိန်း​က​လေး​ငယ်တဦး​အပါအဝင် အနည်း​ဆုံး​ သုံး​ဦး​ ​သေဆုံး​သွား​ပြီလို့​ မြို့​ခံတဦး​က ​ပြောပါတယ်။

မ​နေ့​ ​နေ့​လယ် ​လေး​နာရီခန့်​က မျက်နှာဖုံး​စွပ် အရပ်ဝတ်လက်နက်ကိုင် ​လေး​ဦး​က ဝင်​ရောက်ပစ်ခတ်တာ ဖြစ်ပါတယ်။

အမည်မသိ ​သေနတ်သမား​တွေဟာ ကား​တစီး​ကို ​ချောဆွဲပြီး​ မြို့​တွင်း​ဝင်​ရောက်လာပြီး​ နှစ်ဦး​က ​ဈေး​အနီး​က စရဖရုံး​ကို ဝင်​ရောက်ပြီး​ ​သေနတ်နဲ့​ပစ်ခတ်လို့​ စရဖ တပ်ကြပ် ​ကျော်​ကျော်​အောင် ပွဲချင်း​ပြီး​ ​သေဆုံး​ခဲ့​သလို စရဖအရာရှိ ဦး​စိုး​ဝင်း​လည်း​ ဒဏ်ရာပြင်း​ထန်တယ်လို့​ မြို့​ခံက ဆိုပါတယ်။

သေနတ်သမား​ကျန်နှစ်ဦး​က ဓမ္မာရုံမှာ ချိန်ကိုက်မိုင်း​ထောင်ပုံရပြီး​ ဒီ​နောက် ပစ်ခတ်သူနှစ်ဦး​နဲ့​ မိုင်း​ထောင်သူ နှစ်ဦး​ဟာ ကား​ပေါ်ပြန်တက် ​မောင်း​ပြေး​တယ်လို့​ ဆိုပါတယ်။

ဒီ​နောက် ​ဈေး​အလွန်နား​က ​ရွှေဆိုင်တခုအနား​ရောက်မှာ အ​ဝေး​ထိန်း​နဲ့​ ဓမ္မာရုံထဲက ​ထောင်ထား​တဲ့​မိုင်း​ကို ခွဲလိုက်ပြီး​ အပြစ်မဲ့​ပြည်သူ​တွေထံကို လှည့်​ပတ်ပစ်ခတ်ခဲ့​တာလို့​ မြို့​ခံက ​ပြောပါတယ်။

“ပုံစံက ကား​ကို မြို့​ထဲ​လောက်က ​ချောဆွဲတဲ့​ ပုံစံမျိုး​သုံး​တာ။ လာတာ​တော့​ ဆိုင်ကယ်နဲ့​ပဲ။ စရဖရုံး​ထဲကို နှစ်​ယောက်ဝင်ပစ်တာ။ အဲဒီမှာ ပစ်ခံထိတဲ့​ စရဖ တ​ယောက်​သေသွား​တယ်။ တကိုယ်လုံး​ပွင့်​သွား​တယ်။ ကား​ပေါ်တက်ပြီး​တော့​ ​ဈေး​အ​ပေါ်နား​မှာ ​ဦး​နိပွန် ​ဒေါ်​စောမြိုင် ​ရွှေဆိုင်ဆိုတာရှိတယ်။ အဲဒီနား​လောက်ကို ​ရောက်မှ သူက အ​ဝေး​ထိန်း​နဲ့​ လှမ်း​ခွဲပြီး​တော့​ အဲဒီ ​ရွှေဆိုင်​ရှေ့​မှာပဲ ပစ်ချလိုက်တာ။ အ​ဝေး​ထိန်း​ ပစ်ချပြီး​တော့​ ပတ်ရမ်း​လိုက်တာ ဆိုင်ကယ်သမား​တ​ယောက် ထိတယ်။ ပြီး​တော့​ ဆံပင်ညှပ်ဆိုင်က ဆံပင်ညှပ်​နေတဲ့​ ​ကောင်မ​လေး​ အသံကြား​လို့​ ထွက်ကြည့်​တာ တ​ယောက်ထိတယ်။ ​ကောင်မ​လေး​က မ​နေ့​ကတည်း​က ​သေသွား​တယ်။ ဆိုင်ကယ်သမား​ကို ကြိုး​စား​ပြီး​ကုတာ ဒီ​နေ့​နေ့​လယ် ၁၁ နာရီ​လောက်မှာ ဆိုင်ကယ်သမား​ ​သေသွား​တယ်။”

ဆံပင်ညှပ်ဆိုင်က​နေ ထွက်ကြည့်​ရင်း​ ​သေဆုံး​သူ အမျိုး​သမီး​ငယ်ဟာ ​နော်ချစ်စနိုး​ဦး​ဖြစ်ပြီး​ ဒီက​နေ့​ အသုဘချပါတယ်။

မွန်ပြည်သစ်ပါတီရဲ့​ ကြံ​တောနယ်စပ် ဂိတ်မှူး​ နိုင်​အောင်ချမ်း​ဟာ မ​နေ့​ည​နေက ဘုရား​သုံး​ဆူမြို့​ထဲကို ​ဈေး​ဝယ်သွား​ရင်း​ ​သေနတ်သမား​တွေရဲ့​ ပစ်ခတ်မှု​ကြောင့်​ လက်နဲ့​ခြေ​ထောက်​တွေမှာ ထိမှန်ဒဏ်ရာရသလို မွန်ပြည်သစ်ပါတီထိန်း​ချုပ်ရာ ဂျပန်​ရေတွင်း​ ​ဆေး​ရုံတက်​နေရပြီး​ ညဘက်လက်ခလယ်တ​ချောင်း​ ဖြတ်လိုက် ရပါတယ်။

“စရဖတ​ယောက်က အရင်ထိတယ်။ ​နောက်ထွက်​ပြေး​တဲ့​အချိန်မှာ ဓမ္မာရုံကို ဗုံး​ခွဲတယ်။ ကျ​နော့်​ကို ရပ်ဆို​ပြောပြီး​တာနဲ့​ တခါတည်း​ပစ်ထည့်​တာပဲ။ ကျ​နော့်​လက်နှစ်ဖက် ထိတယ်။ ​နောက်မှ တချက်ထပ်ပစ်​တော့​ ​ခြေ​ထောက်ထိတယ်။”

ဒီပစ်ခတ်မှုရဲ့​ လက်သည်ကို မ​ဖော်ထုတ်နိုင်​သေး​သလို ပစ်ခတ်သူ​တွေကလည်း​ ဘာ​တောင်း​ဆိုချက်မှ ထုတ်ပြန်​တောင်း​ဆိုတာမရှိပါဘူး​။

ဘုရား​သုံး​ဆူရဲက ​သေနတ်သမား​တွေ ပစ်ချကျန်ရစ်တဲ့​ ရီမုဒ်ကွန်ထရိုး​တခုကို သိမ်း​ဆည်း​လိုက်တယ်လို့​ ဆိုပါတယ်။

ဒီက​နေ့​ မွန်း​လွဲပိုင်း​မှာလည်း​ ဘုရား​သုံး​ဆူအပြင်ဘက် မဲ့​ကသာရွာဘက်မှာ ​သေနတ်ပစ်ခတ်သံ​တွေ ကြား​နေရတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

မ​နေ့​က ပစ်ခတ်မှုဖြစ်ချိန်ဟာ ဘုရား​သုံး​ဆူမြို့​ပေါ်က တပ်အ​ပြောင်း​အ​ရွှေ့​ကာလဖြစ်ပြီး​ အရင်တုန်း​ကဆို တပ်အ​ပြောင်း​အ​ရွှေ့​ချိန်ဆို စစ်သား​တွေ လုံခြုံ​ရေး​ရှိ​နေ​ပေမယ့်​ မ​နေ့​က​တော့​ လုံခြုံ​ရေး​တပ်ဖွဲ့​ဝင်​တွေ မရှိတာ ထူး​ခြား​မှုတခုဖြစ်တယ်လို့​ မြို့​ခံ​တွေက သုံး​သပ်ပါတယ်။

ပြီး​ခဲ့​တဲ့​ ​မေလ ၉ ရက်​နေ့​ကလည်း​ ဘုရား​သုံး​ဆူမြို့​အဝင် ထိုင်း​-မြန်မာနယ်စပ် ဂိတ်အနီး​ ဗုံး​ပေါက်ကွဲမှု ဖြစ်ပွား​ခဲ့​ပါ​သေး​တယ်။

ကရင်ပြည်နယ် ဘုရား​သုံး​ဆူမြို့​အတွင်း​မှာ ပြီး​ခဲ့​တဲ့​နှစ် နိုဝင်ဘာ ၇ ရက်​နေ့​ ​ရွေး​ကောက်ပွဲ​နေ့​ကစပြီး​ တိုက်ပွဲ​တွေ၊​ ဗုံး​ကွဲမှု​တွေ ဆက်တိုက်ဖြစ်​နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013