DVB Logo
Home
မြန်မာသတင်း
ထိုင်း မိုဘိုင်းဖုန်း ဆင်းမ်ကတ်သုံးသူများ မှတ်ပုံတင်ရန် ၄ ရက်သာကျန်ရှိ
DVB
·
July 27, 2015
ထိုင်း မိုဘိုင်းဖုန်း ဆင်းမ်ကတ်သုံးသူများ မှတ်ပုံတင်ရန်  ၄ ရက်သာကျန်ရှိ
1 / 2
Donate to DVB

ထိုင်းအစိုးရက နိုင်ငံတ၀န်း အသိပေးကြေညာထားတဲ့ ငွေဖြည့်တယ်လီဖုန်း ဆင်းမ်ကတ်တွေ မှတ်ပုံတင်ရေး အစီအစီအစဉ်ဟာ လာမယ့် ဇူလိုင် ၃၁ ရက် သတ်မှတ်ရက် ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

လုံခြုံရေးနဲ့ သုံးစွဲသူတွေကို ပိုမိုကောင်းမွန်တဲ့ ၀န်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက်  ငွေဖြည့် တယ်လီဖုံးဆင်းမ်ကတ် (ဖုန်းနံပါတ်) ရှိ မိုဘိုးဖုန်းသုံးသူတိုင်း ပိုင်ရှင်ဖြစ်ကြောင်း မှတ်ပုံတင်ဖို့  ထိုင်းအမျိုးသားရုပ်သံနဲ့ တယ်လီဖုံးဆက်သွယ်ရေးဦးစီးဌာနက ဒီနှစ်ဆန်းပိုင်းကစ ထုတ်ပြန်ကြေညာထားတာပါ။

ထိုင်းနိုင်ငံက Happy -DTAC ဟက်ပီး- ဒီထက်၊ AIS-12 call  အေအိုင်အက်စ် - ၀မ်းတူးကောလ်၊ Truemove ထရူးမုဖ်၊ CAT ခက်ထ်၊ TOT တီအိုတီ အစရှိတဲ့ ငွေဖြည့်ဆင်းမ်ကတ် သုံးစွဲသူတွေအနေနဲ့ ၂၀၁၅ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၁၅ ဇူလိုင် ၃၁ ရက်နေ့အတွင်း ပိုင်ရှင်ဖြစ်ကြောင်း လာရောက်မှတ်ပုံတင်ထားကြဖို့၊ သတ်မှတ်ရက် ကုန်ဆုံးသွားရင်တော့ အဲဒီဆင်းမ်ကတ်ဟာ အ၀င်ဖုန်း တခုပဲ လက်ခံလို့ရမျာဖြစ်ပြီး  ဖုန်းဆက်တာအပါအ၀င် လိုင်းတွေ၊ အင်တာနက်တွေပါ အသုံးပြုလို့ရတော့မှာ မဟုတ်ဘူးလို့ ထိုင်းအစိုးရက အသိပေးထားပြီး ဖြစ်ပါတယ်။

တယ်လီဖုန်း မှတ်ပုံတင်လိုသူတွေအနေနဲ့ မိမိအထောက်အထား (မှတ်ပုံတင်ကတ်/  နိုင်ငံကူးလက်မှတ်/ အလုပ်သမားကတ်/ တောင်ပေါ်သားကတ်/ နေထိုင်ခွင့်ကတ်) တွေနဲ့အတူ သက်ဆိုင်ရာ တယ်လီဖုန်းစင်တာ ဒါမှမဟုတ် စင်တာလိုင်းခွဲတွေရှိတဲ့ ဘဏ်တိုက်၊ ကုန်တိုက်၊ အပြင် ဆဲဗဲန်းအလဲဗင်း ၂၄ နာရီဖွင့်တဲ့ အရောင်းဆိုင်တွေမှာပါ သွားရောက် ဆက်သွယ်မှတ်ပုံတင်နိုင်ပါတယ်။

ထိုင်းနိုင်ငံမှာ အသုံးပြုနေတဲ့ ဆင်းမ်ကဒ်တွေ သန်းပေါင်း ၉၀ ရှိပြီး မှတ်ပုံတင်ရန် ၀န်ဆောင်မှု ဌာနပေါင်း တနိုင်ငံလုံးမှာ ၂၄၃၆ နေရာ ဖွင့်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013