DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေး ပါတီ ၇ ခုမှ အမတ်လောင်းများ ကော်မရှုင်တွင် အမည်စာရင်းစတင်သွင်း
DVB
·
July 27, 2015
နိုင်ငံရေး ပါတီ ၇ ခုမှ အမတ်လောင်းများ ကော်မရှုင်တွင် အမည်စာရင်းစတင်သွင်း
Donate to DVB

၂၀၁၅ ရွေးကောက်ပွဲဝင်ဖို့ ရွေးကောက်ပွဲကော်မရှင်မှာ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားတဲ့ နိုင်ငံရေးပါတီ ၇ ပါတီနဲ့ ကိုယ်စားလှယ်စုစုပေါင်း ၄၆ ဦးရှိနေပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။

ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ စတင်လျှောက်ထားခွင့်ပြုတဲ့ ဇူလိုင် ၂၀ ရက်ကနေ ၂၆ ရက်အထိ ပါတီ ၇ ပါတီနဲ့ တသီးပုဂ္ဂလတွေက  ပြည်သူ့လွှတ်တော်အတွက် ၁၀ ဦး၊ အမျီုးသားလွှတ်တော်အတွက် ၄ ဦးနဲ့ ပြည်နယ် တိုင်းဒေသကြီး လွှတ်တော်အတွက် ၂၃ ဦး စုစုပေါင်း ၄၆ ဦး တင်တသွင်ထားတာလို့ ဆိုပါတယ်။

အမတ်လောင်း စတင်သွင်းတဲ့ ပါတီ ၇ ပါတီထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ယူအက်စ်ဒီပီ) အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (အန်ဒီအက်ဖ်) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညီညွတ်သော ကရင်မျိုးသားဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)  တို့ပါဝင်ပြီး အမည်စာရင်းသွင်းထားတဲ့ တသီးပုဂ္ဂလအမတ် အရေအတွက်ကတော့  ၁၃ ဦးပါဝင်ပါတယ်။

ပါတီတွေထဲမှာ တစညပါတီက ၁၄ ဦးနဲ့ ကိုယ်စားလှယ်လောင်း ဦးရေ အများဆုံးဖြစ်ပြီး၊ အန်ဒီအက်ဖ်ပါတီက ၇ ဦး ကြံ့ခိုင်ရေးပါတီက ၅ ဦး၊ အန်အယ်လ်ဒီပါတီကတော့   ပြည်နယ်တိုင်းလွှတ်တော်မှာ  ၁ ဦး ပါဝင်ပါတယ်။

လွှတ်တော်အသီးသီးရဲ့ မဲဆန္ဒနယ်တွေအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ဇူလိုင် ၂၀ ရက်ကနေ သြဂုတ် ၈ ရက်ထိ နောက်ဆုံးထား ကော်မရှင်မှာ တင်သွင်းခွင့်ပြုထားတာပါ။

ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာရုပ်သိမ်းလိုပါက သြဂုတ် ၁၁ ရက်နောက်ဆုံးထား ရုပ်သိမ်းနိုင်ပြီး ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေကို သြဂုတ် ၁၂ ရက်ကစ ၂၁ ရက်အထိ စိစစ်သွားပြီးနောက် ကော်မရှင်က အတည်ပြုကြေညာပေးဖို့ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013