DVB Logo
Home
မြန်မာသတင်း
ရခိုင် ကမ်းရိုးတန်း ကမ်းလွန်ဒေသတွင် မိုးများ၊ လေပြင်းထန်၊ လှိုင်းကြီးနိုင်
DVB
·
July 27, 2015
ရခိုင် ကမ်းရိုးတန်း ကမ်းလွန်ဒေသတွင် မိုးများ၊ လေပြင်းထန်၊ လှိုင်းကြီးနိုင်
Donate to DVB

ရခိုင်ကမ်းရိုးတန်းကမ်းလွန်ဒေသမှာ မိုးများပြီး လေပြင်းထန်ကာ လှိုင်းကြီးနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ဒီကနေ့မနက် ခန့်မှန်းထုတ်ပြန်ပါတယ်။

ဒီကနေ့မနက် ၇ နာရီ ၃၄ မိနစ် ခန့်မှန်းချက်ထဲမှာ “မြန်မာ့ပင်လယ်ပြင်အခြေအနေနဲ့ပတ်သက်လို့  မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ တခါတရံ မိုးသက်လေပြင်းများ တိုက်ခတ်နိုင်ပြီး လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေဟာ ၁ နာရီ ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါတယ်။ ကျန်မြန်မာ့ ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်း အတင့်အတင့်ရှိပါမယ်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းနဲ့ ကမ်းလွန် ပင်လယ်ပြင်တွေမှာ လှိုင်းအမြင့် ၈ ပေ မှ ၁၁ ပေ ခန့်၊ ကျန် မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်း အမြင့် ၅ ပေမှ ၇ ပေခန့်အထိရှိနိုင်ပါတယ်။” လို့ ဖော်ပြပါတယ်။

“ရေဖုံးလွှမ်းခံရမှုအန္တရာယ် မြင့်မားနိုင်သောဒေသများမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ် အနောက်တောင်ပိုင်း၊ ဧရာဝတီတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း ဒေသများနဲ့ ရေဖုံးလွှမ်းခံရမှုအန္တရာယ် အသင့်အတင့်ရှိနိုင်သော ဒေသများကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းတို့ ဖြစ်ကြပါတယ်။” လို့ သူက သတိပေးထားပါတယ်။

“ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှာ နေရာကျဲကျဲ၊ ကျန်ဒေသတွေမှာ နေရာစိပ်စိပ် မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။ နောက် ၂ ရက်မှာ ချင်းပြည်နယ်နဲ့ ရခိုင်ကမ်းရိုးတန်း ဒေသတွေမှာ မိုးဆက်လက်ရွာနိုင်တယ်” လို့  ဒေါက်တာထွန်းလွင်က ခန့်မှန်းပါတယ်။

မြန်မာနိုင်ငံအနောက်ဘက်ခြမ်းက လေဖိအားနည်းရပ်ဝန်းကနေတဆင့် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်တယ်လို့လည်း သူက သတိပေးထားပါတယ်။

“ဇူလိုင် ၂၆ ရက်နေ့က ဘင်္ဂလားပင်လယ်အောင် မြောက်ပိုင်းရှိ ဘင်္ဂလားနိုင်ငံကုန်းခြေပေါ်မှာအစပျိုးခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း ရေပြင်ပေါ်ကို ဆင်းလာပြီး ပိုအားကောင်းကာ ဒီကနေ့ ဇူလိုင် ၂၇ ရက်နေ့က စပြီး မုန်တိုင်းငယ်အဖြစ်ကို ရောက်လာနိုင်ကြောင်းနဲ့၊ ဇူလိုင် ၃၀ ရက်နေ့ကျရင် အပူပိုင်းမုန်တိုင်းအဖြစ်ကို ရောက်ရှိလာပြီး အနောက်မြောက်ယွန်းယွန်းကို ရွေ့သွားကာ ပိုမိုအားကောင်းပြီး ၃၁ ရက်နေ့မှာတော့ ဆိုင်ကလုန်း မုန်တိုင်းအဖြစ်ကို ရောက်ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဇူလိုင် ၃၁ ရက်နေ့ကျရင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ WestBengal ပြည်နယ်ရှိ Kolkata မြို့အနီးမှ ဖြတ်ကျော်ကာကုန်းတွင်းကို ၀င်ရောက်သွားလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။” လို့ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013