DVB Logo
Home
သတင်းမီဒီယာ
အမျိုးအစားအလိုက် စာပေစိစစ်ရေးကင်းလွတ်မည့် မူဝါဒစတင်တော့မည်
DVB
·
June 7, 2011
Donate to DVB

အမျိုး​အစား​တွေအလိုက် ဂျာနယ်၊​ မဂ္ဂဇင်း​နဲ့​ စာ​စောင်​တွေ ဒီလလယ်​လောက်က​နေ စတင်ပြီး​ စာ​ပေစိစစ်​ရေး​ကို တင်စရာမလို​တော့​တဲ့​ စာ​ပေစိစစ်​ရေး​မူဝါဒ​တွေကို ​ပြောင်း​လဲကျင့်​သုံး​တော့​မယ်လို့​ သိရပါတယ်။

ဒီလ ၈ ရက်​နေ့​၊​ ​နေ့​လယ် ရန်ကုန်မြို့​က ပုံနှိပ်​ရေး​နှင့်​ စာအုပ်ထုတ်​ဝေ​ရေး​လုပ်ငန်း​ရုံး​ချုပ် အစည်း​အ​ဝေး​ခန်း​မမှာ ပြုလုပ်မယ့်​ “မူဝါဒများ​ ​ပြောင်း​လဲကျင့်​သုံး​မယ့်​ အစီအစဉ်နဲ့​ ပတ်သက်ပြီး​ လိုက်နာ ​ဆောင်ရွက်ရမယ့်​ လုပ်ငန်း​စဉ်​တွေကို ရှင်း​လင်း​ပြောကြား​မယ့်​ ညှိနှိုင်း​အစည်း​အ​ဝေး​” အပြီး​မှာ စတင်ကျင့်​သုံး​တော့​မှာ ဖြစ်ပါတယ်။

ဒီအစည်း​အ​ဝေး​ကို ထုတ်​ဝေသူ​တွေ၊​ အယ်ဒီတာ​တွေ၊​ စာ​ပေစာနယ်ဇင်း​အဖွဲ့​နဲ့​ ပုံနှိပ်လုပ်ငန်း​ရှင်များ​အသင်း​က တာဝန်ရှိသူများ​ကို ဖိတ်ကြား​ထား​ပြီး​ ဖြစ်တယ်လို့​ အမည်​ဖော်ခွင့်​မရှိတဲ့​ စာ​ပေစိစစ်​ရေး​ဝန်ထမ်း​တဦး​က ​ပြောပါတယ်။

ဒီ ညှိနှိုင်း​အစည်း​အ​ဝေး​ကို တက်​ရောက်ဖို့​ ဖိတ်ကြား​ခံထား​ရတဲ့​ ​ပေါ်ပြူလာဂျာနယ်ရဲ့​ အယ်ဒီတာချုပ် ဆရာဦး​ဟိန်း​လတ်က အခုလို ​ပြောပြပါတယ်။

“အဲဒါ​တွေ​တော့​ အဲဒီ​နေ့​ကစပြီး​ အကုန်ချပြမယ်​ပြောတယ်။ အရင်ကတည်း​က ဒါမျိုး​တွေကို ကြား​နေရတယ်။ သိပ်မ​သေချာ​သေး​ဘူး​။ အရင်က သတင်း​ထောက်​တွေလည်း​ မတက်ရဘူး​။ အခု​တော့​ သတင်း​ထောက်​တွေပါ တက်ရတယ်။ ဖိတ်ကြား​ထား​ပြီး​အပြင် သတင်း​ထောက်တ​ယောက်ပါ တက်လို့​ ရမယ် ​ပြောတယ်။”

ပြောင်း​လဲလာမယ့်​ မူဝါဒအ​သေး​စိတ်ကို​တော့​ အဲ့​ဒီအစည်း​အ​ဝေး​ကျမှ သိရမှာဖြစ်တယ်လို့​လည်း​ အခြား​ သတင်း​ဂျာနယ် အယ်ဒီတာကလည်း​ဆိုပါတယ်။

စာ​ပေစိစစ်​ရေး​သတင်း​ရပ်ကွက်အချို့​က​တော့​ ဒီ​ပြောင်း​လဲ ကျင့်​သုံး​မယ့်​ မူဝါဒ​တွေထဲမှာ ပြန်ကြား​ရေး​ဝန်ကြီး​ဌာနက ချမှတ်လာမယ့်​ ဥပ​ဒေ၊​ နည်း​ဥပ​ဒေ​တွေကို စတင်ကျူး​လွန်တဲ့​အချိန်က​နေ စတင်ပြီး​ ကျပ်​ငွေ သိန်း​ ၅ဝ ကို အာမခံအဖြစ် ထား​ရှိရမှာဖြစ်ပြီး​ ​နောက်ပိုင်း​မှာ အဲဒီ​ငွေထဲက​နေ ဒဏ်​ကြေး​အဖြစ် ဖြတ်​တောက်သွား​မှာ ဖြစ်ကာ ထုတ်​ဝေသူ​တွေက ဒီအာမခံ​ငွေပြည့်​အောင် ထပ်မံဖြည့်​တင်း​ထား​ရမှာဖြစ်တယ်လို့​လည်း​ ဆိုကြပါတယ်။

ဒီမူဝါဒ​တွေထဲမှာ ပါဝင်လာမယ့်​ စာနယ်ဇင်း​အမျိုး​ အစား​တွေမှာ​တော့​ အနုပညာ၊​ သုတရသ၊​ အား​ကစား​၊​ ကျန်း​မာ​ရေး​၊​ က​လေး​၊​ ဂမီBရ၊​ နည်း​ပညာ အမျိုး​အစား​ ဂျာနယ်​တွေ၊​ မဂ္ဂဇင်း​တွေနဲ့​ စာ​စောင်​တွေပါဝင်ကြမှာဖြစ်ပြီး​ လက်ရှိထုတ်​ဝေ ဖြန့်​ချိ​နေတဲ့​ အမျိုး​အစား​စုံ ဂျာနယ် ၁၇၂ ​စောင်ထဲက ၈၄ ​စောင်၊​ မဂ္ဂဇင်း​ ၁၈၄ ​စောင်တွင် ၁၁၃ ​စောင်တို့​ ​တွေ့​ကြုံကြရမှာလည်း​ ဖြစ်ပါတယ်။

စာနယ်ဇင်း​ ​လောကထဲမှာ​တော့​ ဒီ​ပြောင်း​လဲကျင့်​သုံး​လာမယ့်​ မူဝါဒ​တွေထဲမှာ ဘယ်လို ဥပ​ဒေ၊​ နည်း​ဥပ​ဒေ​တွေ ထပ်မံ ပါဝင်လာမယ်ဆိုတာ ​စောင့်​ကြည့်​ကြရဦး​မှာဖြစ်သလို သတင်း​ဂျာနယ်​တွေနဲ့​ နိုင်ငံ​ရေး​စာ​ပေ​တွေ ပါဝင်ခြင်း​ မရှိ​သေး​တဲ့​အ​ပေါ်ကိုလည်း​ ​ဝေဖန်မှု​တွေ ရှိ​နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013