DVB Logo
Home
Lead Story
တူးတူး နှင့် ဆိုင်းရပ် လက်ဝှေ့ပွဲ သရေကျ (ဓာတ်ပုံ)
DVB
·
July 27, 2015
တူးတူး နှင့် ဆိုင်းရပ် လက်ဝှေ့ပွဲ သရေကျ (ဓာတ်ပုံ)
1 / 4
Donate to DVB

ဇူလိုင် ၂၆ ရက်နေ့ ညနေက သိမ်ဖြူအားကစားရုံမှာ ကျင်းပတဲ့ တူးတူး (မြန်မာ) နဲ့ ဆိုင်းရပ် (အမေရိကန်) တို့ပွဲမှာ တူးတူးက လက်ရည်အသာစီးရပြီး သရေကျခဲ့ပါတယ်။

ဒီပွဲမှာ ၃ မိနစ်ငါးချီ ထိုးသတ်ခဲ့ပြီး ငါးချီမြောက်မှာ ဆိုင်ရပ်က ၂ မိနစ် အနားတောင်းခဲ့ရပါတယ်။

ငါးချီအပြီးမှာ အရှုံးအနိုင်မပေါ်လို့ အချိန်ပိုအဖြစ် ငါးမိနစ် ဆက်ကစားခဲ့ပြီး ဒုတိယ အချိန်ပို ငါးမိနစ်မှာလည်း အနိုင်အရှုံး အဖြေမထွက်တဲ့အတွက် သရေရလဒ်နဲ့သာ မြန်မာ ပရိသတ်တွေ ကျေနပ်ခဲ့ရပါတယ်။

အမေရိကန်နိုင်ငံသား ဆိုင်းရပ်က မွေထိုင်းလက်ဝှေ့သမားဖြစ်ပြီး ထိုးသတ်နည်း ပရိယာယ်ကောင်းကောင်းနဲ့ ခြေကန်ချက်၊ ဒူးတိုက်ချက်တွေ အသုံးချခဲ့ပေမယ့် သက်လုံကောင်းပြီး ထိုးကွင်းထိုးကွက်စုံတဲ့ တူးတူးကို အသာမရခဲ့ပါဘူး။

အခုပွဲမှာ ပွဲကျင်းပပုံ နည်းစနစ်တွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေက ဒိုင်အဖွဲ့ကို ဝေဖန်မှုတွေရှိခဲ့ကာ ၅ ချီအပြီး အချိန်ပို ၅ မိနစ် နှစ်ခါ ခွဲကစားတဲ့ စနစ်ကို ဒီပြိုင်ပွဲမှာသာ ကျင့်သုံးတာတွေ့ရပြီး ဒိုင်အဖွဲ့ကိုယ်တိုင် အနားတောင်းချိန်တွေနဲ့ ပတ်သက်ပြီး ဇေဝေဇ၀ါဖြစ်ခဲ့ကြတာကို လာရောက်ကြည့်ရှုတဲ့ပရိသတ်တွေက အော်ဟစ်လှောင်ပြောင်ခဲ့ပါတယ်။

၅ ချီအတွင်း အနားတောင်းခွင့်နဲ့ ပတ်သက်ပြီး ၀ိဝါဒကွဲပြားမှုတွေ ရှိခဲ့ကာ ဒိုင်အနေနဲ့ ဆိုင်းရပ်ကို ၅ ချီမြောက်မှာ အနားမပေးခဲ့ပါက တူးတူးအနေနဲ့ အခုပွဲမှာ သေချာပေါက် အနိုင်ရဖို့ အလားအလားများခဲ့ပါတယ်။

သတင်းဓာတ်ပုံ - Soe Ya

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013