DVB Logo
Home
မြန်မာသတင်း
ဒီမာရီယာ အသင်းပြောင်းရန် နီးစပ်ဟု ပီအက်စ်ဂျီ နည်းပြပြော
DVB
·
July 27, 2015
ဒီမာရီယာ အသင်းပြောင်းရန် နီးစပ်ဟု ပီအက်စ်ဂျီ နည်းပြပြော
Donate to DVB

အင်္ဂလန်ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက် အသင်းက ကွင်းလယ်သမား အန်ဂျယ် ဒီမာရီယာဟာ မန်ယူကို စွန့်ခွာပြီး အသင်းပြောင်းဖို့ နီးစပ်နေပြီလို့ ပြင်သစ်ကလပ် ပီအက်စ်ဂျီ နည်းပြ လောရန် ဘလန့်က ပြောဆိုလိုက်ပါတယ်။

ဒီမာရီယာအနေနဲ့ အသင်းနဲ့ စာချုပ် လက်မှတ်ထိုးဖို့ ဖြစ်နိုင်ချေ များနေပြီး တရားဝင် လုပ်ဆောင်တာတော့ မရှိသေးပါဘူးလို့ ပီအက်စ်ဂျီ နည်းပြ ဘလန့် ပြောပါတယ်။

ပြင်သစ်သတင်းစာ တစောင်ကတော့ မန်ယူက အသက် ၂၇ နှစ်အရွယ် ဒီမာရီယာကို ပေါင် ၄၆ သန်းနဲ့ ပီအက်စ်ဂျီကို ရောင်းဖို့ သဘောတူလိုက်ပြီလို့ ခန့်မှန်းထားပါတယ်။

အာဂျင်တီးနား ကွင်းလယ်သမားဟာ မူလက ခြေစစ်ပွဲ ခရီးစဉ်မှာ မန်ယူအသင်းနဲ့ သွားရောက် ပူးပေါင်းဖို့ ရှိနေပေမယ့်လည်း ပျက်ကွက်ခဲ့ပါတယ်။

မန်ယူက ဒီမာရီယာကို စပိန်လာလီဂါ ရီးရဲလ်မက်ဒရစ်ကနေ ပြီးခဲ့တဲ့ရာသီက အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ နီးပါးနဲ့ ခေါ်ယူထားတာပါ။

ဒါပေမယ့်လည်း မန်ယူအသင်းမှာ အံမ၀င်တဲ့အပြင် ခြေစွမ်း မပြနိုင်တဲ့အတွက် အသင်းပြောင်းဖို့ ဖြစ်လာတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013