DVB Logo
Home
မြန်မာသတင်း
နိုင်ငံတ၀န်း ရေကြီး ရေလျှံမှုကြောင့် သီးနှံစိုက်ဧက သုံးသောင်းကျော် ထိခိုက်
DVB
·
July 26, 2015
နိုင်ငံတ၀န်း ရေကြီး ရေလျှံမှုကြောင့် သီးနှံစိုက်ဧက သုံးသောင်းကျော် ထိခိုက်
Donate to DVB

ဇွန်-ဇူလိုင်လတွေမှာ နိုင်ငံအ၀န်း ရေကြီး ရေလျှံမှုတွေကြောင့် လက်ရှိအချိန်ထိသီးနှံစိုက်ဧက သုံးသောင်းကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။

ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်း စတဲ့ တိုင်းနဲ့ပြည်နယ်တို့မှာ ထိခိုက်ပျက်စီးခဲ့တာလို့ လယ်ယာစိုက်ပျိုးရေးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ထိခိုက်ပျက်စီးတာ အများဆုံးက  စစ်ကိုင်းဖြစ်ပြီး ရေကြီးနစ်မြုပ်တဲ့ ဧက ၈၆၉၈၂ မှာ ဧက ၅၃၉၅၈ ပြန်ပေါ်ခဲ့ပေမယ့် ၂၆၁၃၂ ဧက ထိခိုက်ပြီး ၂၈၃၃ ဧက ပျက်စီးခဲ့တာပါ။

ရေကြီးရေလျှံမှုတွေ အကြီးအကျယ် ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း ကောလင်းတ၀ိုက်မှာ ခန့်မှန်းခြေ လယ်ဧက ၂၀၀၀၀ နဲ့ ၃၀၀၀၀ ကျော်ကြား ပျက်စီးနိုင်တယ်လို့ ဒေသခံသတင်းသမား တယောက်က ပြောပါတယ်။

“စစချင်း ရထားတဲ့ စာရင်းတွေအရတော့ ရေလွှမ်းဧက ၃၄၀၀၀ ကျော်ရှိတယ်ဗျ။ ရေ၀င်သွားတဲ့ ဧက၊ ၂၀၀၀၀ ကျော် ပျက်တယ်ဆိုတာကတော့ ခန့်မှန်းပြီး တွက်တာ ဖြစ်မယ်၊ အရေးပေါ်အခြေအနေမှာလေ။ အကုန်လုံးပျက်မယ်ဆိုရင်တော့ ၃၄၀၀၀ ကျော်ရှိမယ်။ အဲ့ဒီတော့ ပျက်တဲ့ လယ်ဧကက အဲ့ဒီ ၂ ခုကြားမှာ ရှိလိမ့်မယ်၊ ဘာပဲပြောပြော ဆိုးဆိုးဝါးဝါး ထိခိုက်ဖို့ များသွားပြီ။”

ဒီနေ့မှာပဲ ကောလင်းက ဌာနဆိုင်ရာဝန်ထမ်းတွေက အပျက်အစီးတွေလိုက်ကြည့်ပြီး စာရင်းပြုစုနေကြတကြောင့် နောက် ၃ ရက်လောက်မှာ တိကျတဲ့ ကိန်းဂဏန်းတွေ ထွက်လာနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ မိုးလေ၀သဌာနကတော့ ပြည်နယ်တိုင်းအတော်များများမှာ မိုးဆက်လက် အားကောင်းနေဦးမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013