DVB Logo
Home
မြန်မာသတင်း
ရေကြီးဒဏ်ခံနေရသည့် စစ်ကိုင်းတိုင်း ဒေသခံတွေကို ကုလကူညီမည်
DVB
·
July 25, 2015
ရေကြီးဒဏ်ခံနေရသည့် စစ်ကိုင်းတိုင်း ဒေသခံတွေကို ကုလကူညီမည်
Donate to DVB

စစ်ကိုင်းတိုင်း ဒေသကြီးထဲမှာ ဖြစ်ပွားနေတဲ့ ရေကြီးနေတဲ့ ကိစ္စတွေကို ထောက်ပံ့ဖို့ ကုလသမဂ္ဂက ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၂၄ ရက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းရဲ့ ပြောခွင့်ရက စစ်ကိုင်းတိုင်း ရေကြီးတာတွေအတွက် ဆောင်ရွက်နေတာတွေကို ကူညီဖို့ အသင့်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

မြို့နယ် ၁၁ ခုမှာ ရေကြီးတဲ့အတွက် လူ ၇ သောင်း အပေါ် သက်ရောက်မှုရှိသလို လူ ၉ ဦး သေဆုံးပြီး အိမ် ၁၂၀၀၀ လောက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

လူ ၄ သောင်းနီးပါး ဆိုးဆိုးဝါးဝါး ထိခိုက်ခံစားခဲ့ရပြီး ရွှေ့ပြောင်းခဲ့ရတယ်လို့ စစ်ကိုင်းတိုင်းက တာဝန်ရှိသူတွေကို ကိုးကားပြီး ပြောခွင့်ရက ပြောပါတယ်။
ဒေသခံအာဏာပိုင်၊ အစိုးရ၊ စစ်တပ်၊ ကြက်ခြေနီနဲ့ ဒေသခံလူထု အခြေပြုအဖွဲ့အစည်းတွေက ရေ၊ အစားအစာနဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို ထောက်ပံ့နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013