DVB Logo
Home
မြန်မာသတင်း
သပိတ်ကျင်းရေကြီးမှု လူသေဆုံး
DVB
·
July 25, 2015
သပိတ်ကျင်းရေကြီးမှု လူသေဆုံး
Donate to DVB

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်း ရေကြီးမှုမှာ လူနေအိမ်ခြေများ ရေထဲမျောပါပြီး လူ ၈ ယောက်ခန့် ပျောက်ဆုံး၊ နွားကောင်ရေ ၅၀ ကျော် ရေထဲမျောပါ သွားခဲ့ပါတယ်။

သပိတ်ကျင်းမြို့နယ်ထဲရှိ တွင်းငယ်၊ ရှားတော၊ တောင်လယ်၊ ဒေါင်းပုန်းစတဲ့ကျေးရွာတွေမှာ ဇူလိုင် ၂၅ ရက် မနက် ၁ နာရီကျော်လောက်မှာ ဖြစ်ပွားခဲ့တာပါ။

ဇူလိုင် ၂၄ ရက်ညပိုင်း မိုးကြီးရွာသွန်းခဲ့ပြီးတဲ့နောက် ဇူလိုင် ၂၅ ရက်မနက် ၁နာရီခွဲလောက်မှာ ချောင်းရေပြင်းပြင်းထန်ထန်စီးကျခဲ့လို့ လူနဲ့အိမ်တွေ နွားတွေ ရေထဲမျောပါ ပျက်စီးကုန်တာလို့ တွင်းငယ်တိုက်နယ်က ဒေသခံ ဦးမြင့်ဇော်က ပြောပါတယ်။

“တွင်းငယ်တိုက်နယ်က အိမ် ၅ လုံး ချောင်းရေထဲ ပါသွားတယ်။ ၃ လုံးက အိမ်တိုင်ကျွတ်ပြီးတော့ကို ပါသွားတာ။ နောက်တခါ နွားကောင်ရေ ၅၃ ကောင် ခြံထဲကနေ မျောပါသွားတယ်။ နောက် ဒေါင်းပုန်းမှာက အိမ် ၃ လုံး ပါသွားတယ်။ တောင်လယ်ရွာမှာက အိမ်ခြေ ၁၇ လုံး ပျက်စီးတယ်။ လူဦးရေ ၈ ယောက်လောက် သေတယ်လို့ သိရတယ်။ ခုချိန်ထိ ပြန်ရတာက အလောင်း ၄ လောင်း၊ ကျား-၁၊ မ-၃ ကျန်တဲ့သူတွေတော့ ရှာကြတုန်းပေါ့။”

နွားအသေ ၅ ကောင် ပြန်ရှာတွေ့ပြီး ၄၇ ကောင် အရှင်ပြန်ရပြီး တကောင်ပျောက်ဆုံးနေတယ် ၊မနလေး-ဗန်းမော်လမ်းပေါ်က မိုင်တိုင်အမှတ် ၂၁-(၀)ရှိ တံတားတစင်းနားရှိ ချဉ်းကပ်လမ်း ပေ၃၀လောက် ပြတ်ကျသွားလို့ ကားလမ်းပိတ်ထားရတယ်လို့လည်း ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်အတွင်း မိုးရာသီကာလ မိုးကြီးရင် အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားလေ့ ရှိပေမယ့် ဒီတကြိမ်ကတော နှစ်ပေါင်း ၅၀ အတွင်း အဆိုးဝါးဆုံးဖြစ်ရပ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံမိုးလေ၀သဌာနကလည်း မိုးကြီးပြီး ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်လို့ မြစ်နားချောင်းနားနေထိုင်သူတွေ သတိထားကြဖို့ အသိပေးနှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013