DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်း၊ မိုးကုတ်နှင့် စဥ့်ကူးမြို့များတွင် ရေကြီးပြီ မြေပြိုမှုများ ဖြစ်ပွား
DVB
·
July 25, 2015
မန္တလေးတိုင်း၊ မိုးကုတ်နှင့် စဥ့်ကူးမြို့များတွင် ရေကြီးပြီ မြေပြိုမှုများ ဖြစ်ပွား
1 / 7
Donate to DVB

မန္တလေးတိုင်း၊ မိုးကုတ်နဲ့စဥ့်ကူးမြို့တို့မှာ မိုးကြီးလို့ ရေကြီးပြီး မြေပြိုမှုများဖြစ်ပွားခဲ့ပေမယ့် လူနဲ့တိရိစ္ဆာန် အသေအပျောက်တော့ မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

မိုးကုတ်မှာ မိုးကြီးပြီး မြို့ကိုပတ်စီးနေတဲ့ ချောင်းရေတက်လာလို့မြို့ပေါ် ရေကြီးခဲ့တာလို့ မြို့ခံကိုမင်းသန့်က ပြောပါတယ်။

“ကျနော်တို့ မိုးကုတ်မြို့မှာ ချောင်းငယ်လေးတခုရှိတယ်လေ၊သူက တောင်ပေါ်ကနေ တွင်းတွေ ဘာတွေ လုပ်ရာက စီးကျလာတာဆိုတော့ အဲ့ဒီချောင်းကမြို့ကို ပတ်စီးနေတဲ့အခါကျ အခုက အဲ့ဒီ ချောင်းရေ လျှံတာပေါ့။ ညက ၂ နာရီလောက်ကထဲ ရေတက်လာပြီး ၄ နာရီလောက်မှာ ရေပြန်ကျသွားတယ်။ လမ်းတွေ ဗွက်ထပြီး ကျန်ခဲ့တာပေါ့။ အခု ကိုယ့်အိမ်ကို သန့်ရှင်ရေး လုပ်နေရတယ်။”

မြို့နဲ့အနီးတ၀ိုက်က ရွာတချို့မှာ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တယ်လို့လည်း သူက ပြောပါတယ်။

မိုးကုတ်ရေကြီးမှုကြောင့် ရေးကြီး၊ ရေလျှံ၊ မြေပြိုမှုများဖြစ်လို့ အိမ်ခြေ (၂၈) လုံး ထိခိုက် ပျက်စီးခဲ့ပြီး ကိုရင်တစ်ပါးနှင့် ကလေးငယ်တဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြန်ကြားရေးက သတင်းထုတ်ပြန် ပါတယ်။

မန္တလးတိုင်း စဥ့်ကူးမြို့အနီးရှိ ကျေးရွာတွေမှာလည်း မနေ့ည ၁၀ နာရီခွဲလောက်ကထဲ အဆက်မပြတ်ရွာနေတဲ့မိုးကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ခဲ့တယ်လို့မြို့ခံ ကိုကျော်စွာဦးက ပြောပါတယ်။
“စဥ့်ကူးမြောက်ဖျားက တောင်ကျချောင်းလေးက ရွာထဲကို ၀င်ပြီးတော့ ရွာထဲမှာ ရေကြီးတာပေါ့။ ၂ ပေလောက်ထိ ရေတက်ခဲ့တယ်။ ကျည်တောက်ပေါက်၊ နွယ်ရုံ၊ လက်ပံလှဘက်လည်း ရွာရဲ့ အရှေ့ဘက်က ချောင်းကနေ ရေ၀င်ပြီး ဈေးရေမြုပ်တာ ရွာထဲရေ၀င်တာ ရှိတယ်။ လူအသေအပျောက် ဘာညာ မရှိပါဘူး။ နွယ်ရုံကျေးရွာက စာသင်ကျောင်းတံခါးနဲ့ ၀င်းတံတိုင်းတော့ ရေတိုက်စားမျောပါပြီး ပျက်စီးသွားတယ်။”

စဥ့်ကူးမြို့အ၀င်မှာလည်း မိုးကြီးလို့ ကားလမ်းရေကျော်နေတယ်လို့လည်း ပြောပါတယ်။

မိုးလေ၀သဌာနက စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဒီနေ့ကစပြီးး နောက် ၃ရက်အတွင်း မိုးကြီးမယ်၊ ကုန်းမြင့်ဒေသမှာ နေထိုင်ကြသူတွေ မြေပြိုမှုအန္တရာယ် ကြုံတွေ့နိုင်တယ်။ မြစ်နားချောင်းနား နေသူတွေ ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေး ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013