DVB Logo
Home
မြန်မာသတင်း
ရှေးဟောင်းဆင်းတုတော် အမြောက်အများ သီပေါတွင် တူးဖော်ရရှိ
DVB
·
July 25, 2015
ရှေးဟောင်းဆင်းတုတော် အမြောက်အများ သီပေါတွင် တူးဖော်ရရှိ
1 / 4
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ်က သမိုင်းဝင်ဘော်ကြိုဘုရားမှာ ရှေးဟောင်းဆင်းထုတော်တွေ အမြောက်အမြားတူးဖော်ရရှိခဲ့ပါတယ်။

ဇူလိုင်လ ၂၃ ရက်နေ့ ညနေ ၂ နာရီခွဲအချိန် ဘုရားဝင်းထဲမှာ ကျောင်းဆောင်သစ်တစ်ခု ထပ်မံတည်ဆောက်ဖို့ မြေတူးနေရင်း ဆောက်လုပ်ရေးအလုပ်သမားတွေက ဘုရား ဆင်းထုတော်တွေ တွေ့ရှိခဲ့တာလို့ ဘော်ကြိုဘုရား ဂေါပက ဦးစိုင်းအောင်ခင်က ဒီဗွီဘီကို ပြောပါတယ်။

“ကျောင်းဆောက်မလို့ မြေတူးရင်း ဆင်းထုတော်တွေတွေ့တာပါ။ ငွေ ဆင်းထုတော်က ၂ ဆူ ကျန်တာတွေက ကြေးဆင်းထုတော် ၂၉၈ ဆူ၊ ပြီးတော့ အကျိုးအပဲ့တွေလည်းပါတယ်။ အရွယ်အစားအမျိုးမျိုး အားလုံး ၃၀၀ ကျော်ပါလိမ့်မယ်။ အဲဒါ အရင်က စေတီဟောင်းရှိတဲ့နေရာလို့ ခန့်မှန်းပါတယ်ခင်ဗျ။ အဲဒါကြောင့် အခုကုန်လား မကုန်လားလို့ ပြောလို့မရသေးဘူး။ ဆက်ပြီးတူးနေတယ်။ တချို့ဆင်းထုတော်မှာ ခုနှစ်သက္ကရာဇ်ပါတယ်။ အဲဒါကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ လဲပါတယ်၊ ၁၆၀ လည်း ပါတယ်။ ကျနော် ဒီမှာ ဂေါပကလုပ်တာ နှစ် ၂၀ ကျော်ပြီ။ အခုလိုရှေးဟောင်းဘုရားတွေ ဖူးမျှော်ရတာ အရမ်းဝမ်းသာတယ်။ ရွာသားတွေရော သီပေါက လူတွေရော လာဖူးကြတယ် အများကြီးဘဲ။”

ရှေးဟောင်းဆင်းထုတော် တွေ့ရှိတာနဲ့ပတ်သက်ပြီး လောလောဆယ်တော့ သက်ဆိုင်ရာ ရှေးဟောင်းသုတေသနဌာနကို တရားဝင်အကြောင်းကြားတာ မရှိသေးကြောင်း၊ ဘယ်လို ဆောင်ရွက်မလဲဆိုတာကို ဘုရားဂေါပက နဲ့ သံဃာရဟန်းတွေ တိုင်ပင်နေတုန်းဘဲလို့ ဆိုပါတယ်။
ဘော်ကြိုဘုရားဟာ သီပေါမြို့ရဲ့ အနောက်ဘက် ၆ မိုင်အကွာမှာရှိပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က သီရိဓမ္မာအာသောကမင်းနဲ့ နရပတေ့စည်သူမင်းတို့က တည်ထားကိုးကွယ်ခဲ့တာလို့ ဦးစိုင်းအောင်ခင်က ပြောပါတယ်။

ဆားထွက်တဲ့ဒေသကိုအစွဲပြုပြီး ရှမ်းဘာသာနဲ့ ဘော်ကိုဝ် (ဆားတွင်း)ဘုရားလို့ ခေါ်ဆိုရာက မြန်မာဘာသာနဲ့ ဘော်ကြိုလို့ အမည်တွင်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ - သီပေါရွှေပြည်ဒုဌ၀တီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013