DVB Logo
Home
မြန်မာသတင်း
သူရဦးရွှေမန်း ရွေးကောက်ပွဲဝင်မည့်နယ်မြေ ထုတ်ဖော်ကြေညာ
DVB
·
July 25, 2015
သူရဦးရွှေမန်း ရွေးကောက်ပွဲဝင်မည့်နယ်မြေ ထုတ်ဖော်ကြေညာ
Donate to DVB

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက မွေးဇာတိဖြစ်တဲ့ ပဲခူးတိုင်း ဖြူးမြို့နယ်က ရွေးကောက်ပွဲဝင်မယ်လို့ သူ့အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြလိုက်ပါတယ်။

မိမိ၏ မွေးရပ်ဇာတိဖြစ်တဲ့ ဖြူးမြို့နယ် ပြည်သူ့ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ ပြည်သူကို အသိပေးပါကြောင်း ရေးသားဖော်ပြထားတာပါ။

ပါတီဥက္ကဋ္ဌက သူပါဝင်ယှဉ်ပြိုင်မယ့် မြို့နယ်ကို အခုလို ထုတ်ဖော်ကြေညာလိုက်ပေမယ့် ပါတီထိပ်တန်းခေါင်းဆောင်တွေ ၀င်ပြိုင်မယ့် နယ်မြေတွေကို တရားဝင် ကြေညာခြင်းတော့ မရှိသေးပါဘူး။

စစ်တပ်က ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိတဲ့သူတွေအပါအ၀င် လူ ၁၄၀ လောက် ကြံ့ခိုင်ရေးပါတီက ၀င်ရောက်အရွေးခံဖို့ စာရင်းပေးထားပြီး ဒီထဲ ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီဝင်တွေဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ ပါဝင်တယ်လို့ ငြိမ်းချမ်းရေးစင်တာတာဝန်ရှိသူတဦးက ပြောပါတယ်။

တခါ အစိုးရအဖွဲ့ဝန်ကြီး နှစ်ဦးဖြစ်တဲ့ ဦးအောင်မင်းနဲ့ ဦးစိုးသိမ်းတို့ ကယားပြည်နယ်၊ မြို့နယ် ၂ခုက ၀င်ရွေးဖို့ရှိတာကို ကြံ့ခိုင်ရေးပါတီက ပယ်ချထားပြီး ဒီကိစ္စ နောက်ဆက်တွဲအနေနဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးကို ပါတီက ထုတ်ပယ်လိုက်ပါတယ်။

အာဏာရ ကြံ့ခိုင်ရေးပါတီက လက်ရှိ အစိုးရအဖွဲ့ဝင် ၀န်ကြီးအတော်များများဟာ ဇာတိမြို့နယ်တွေကနေ ၀င်ရောက်အရွေးခံဖို့ ပြင်ဆင်ထားကြတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ပါတီကိုယ်စားလှယ်လောင်းရွေးချယ်မှုကို ပါတီဥက္ကဋ္ဌဖြစ် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးရွှေမန်းကပဲ စီစဉ်လုပ်ဆောင်ဖို့ ရှိပါတယ်။

ဦးရွှေမန်း ၀င်ရောက်အရွေးခံမယ့် မြို့နယ်မှာ အဓိက အတိုက်အခံပါတီဖြစ်တဲ့ အန်အယ်ဒီ ကိုယ်စားလှယ် ၀င်ပြိုင်မှာ မဟုတ်ဘူးလို့ ရန်ကုန်နိုင်ငံရေးအသိုင်းအ၀န်းက ခန့်မှန်းပြော ဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013