DVB Logo
Home
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ လှုပ်ရှားမှုများ ပြုလုပ်
DVB
·
June 6, 2011
Donate to DVB

ဇွန် ၅ ရက်​နေ့​ ကျ​ရောက်တဲ့​ ကမ္ဘာ့​သဘာဝပတ်ဝန်း​ကျင်ထိန်း​သိမ်း​ရေး​နေ့​အထိမ်း​အမှတ်ဖြစ် သစ်ပင်စိုက်တဲ့​လှုပ်ရှား​မှု​တွေကို မြန်မာနိုင်ငံက ရန်ကုန်နဲ့​ မန္တ​လေး​မြို့​ကြီး​တွေမှာ ပြုလုပ်ခဲ့​တယ်လို့​ သဘာဝပတ်ဝန်း​ကျင်အ​ရေး​ လှုပ်ရှား​သူ​တွေက ​ပြောပါတယ်။

ရန်ကုန်မြို့​မှာရှိတဲ့​ လူငယ်အဖွဲ့​အစည်း​တွေ၊​ ပတ်ဝန်း​ကျင်အ​ရေး​ လှုပ်ရှား​တဲ့​ အဖွဲ့​တွေ၊​ ကဗျာဆရာ၊​ စာ​ရေး​ဆရာနဲ့​ သတင်း​မီဒီယာ​လောက စိတ်ပါဝင်စား​ သူ​တွေဟာ မ​ဟောဂနီနဲ့​ အင်ကြင်း​စတဲ့​ သစ်ပင်ကြီး​မျိုး​တွေကို ရန်ကုန်တိုင်း​ ​မှော်ဘီမြို့​နယ်မှာ အပင် ၂၅၀ ​လောက်နဲ့​ ​မြောက်ဥက္ကလာပမြို့​နယ်က ပုလဲလမ်း​သွယ်မှာ အပင် ၆၀ ​လောက် စိုက်ပျိုး​ခဲ့​ကြတာပါ။

ခုလို သစ်ပင်စိုက်ရခြင်း​ရည်ရွယ်ချက်နဲ့​ပတ်သက်ပြီး​ ဒီလှုပ်ရှား​မှုမှာပါဝင်တဲ့​ ပတ်ဝန်း​ကျင်အ​ရေး​တက်ကြွလှုပ်ရှား​သူ စာ​ရေး​ဆရာမ ​ဒေါ်​ဒေဝီသန့်​စင်က အခုလို​ပြောပါတယ်။

“ကမ္ဘာ့​ရဲ့​ အ​ခြေအ​နေအရ ဒီ​နေ့​လို ကမ္ဘာ့​သဘာဝပတ်ဝန်း​ကျင်​နေ့​ တ​နေ့​တည်း​ သစ်ပင်စိုက်လို့​ မရ​တော့​ဘူး​။ တတ်နိုင်သ​လောက် အချိန်တိုင်း​ ကိုယ်တပိုင်တနိုင် စိုက်ရ​တော့​မယ့်​ အချိန်ဖြစ်​နေပြီ။ ကမ္ဘာ့​ရဲ့​ ပျက်စီး​ယိုယွင်း​မှုဟာ တအား​ကို ပြင်း​ထန်လာတယ် အဲဒါ​ကြောင့်​ပါ။”

အလား​တူ မန္တ​လေး​မြို့​မှာလည်း​ မန္တ​လေး​တောင်​ခြေမှာရှိတဲ့​ ​ရွှေကျင် နှစ်တရာပြည့်​ ​ကျောင်း​တိုက်မှာ ပတ်ဝန်း​ကျင်​ရေး​လှုပ်ရှား​နေတဲ့​ စိမ်း​ရောင်စိုအဖွဲ့​နဲ့​တခြား​ စိတ်ပါဝင်စား​သူ​တွေဟာ ကန့်​ကော်နဲ့​ ကျွန်း​ပင်အ​ရေအတွက် ၅၀၀ ​လောက် စိုက်ပျိုး​ခဲ့​ကြတယ်လို့​ သိရပါတယ်။

ဒီသစ်ပင်စိုက်ပျိုး​လှုပ်ရှား​မှုနဲ့​ ပတ်သက်ပြီး​ စိမ်း​ရောင်စိုအဖွဲ့​က ကိုမင်း​ထက်ငြိမ်း​ချမ်း​က​တော့​ ရာသီဥတု​ပြောင်း​လဲ​နေမှု ကာကွယ်နိုင်ဖို့​တတ်နိုင်သ​လောက် တပိုင်တနိုင် ​ဆောင်ရွက်တာ ဖြစ်တယ်လို့​ပြောပါတယ်။

“ကျ​နော်တို့​ တတ်နိုင်တာက​တော့​ သစ်ပင်စိုက်တာရယ် သစ်ပင် ထိန်း​သိမ်း​တာရယ်။ သို့​သော် ကျ​နော်တို့​က အာဏာပိုင် အဖွဲ့​အစည်း​တွေ​တော့​ မဟုတ်ဘူး​။ ကျ​နော်တို့​က မူအရ​တော့​ သစ်ပင်စိုက်မယ်။ သဘာဝ​ဘေး​အန္တရာယ်ကျ​ရောက်လာရင် တတ်နိုင်သမျှ ကူညီမယ်။ သဘာဝပတ်ဝန်း​ကျင်နဲ့​ ပတ်သက်တဲ့​ သင်တန်း​လေး​တွေ ရရင်လည်း​ ဖွင့်​တယ်။”

လတ်တ​လော မြန်မာနိုင်ငံမှာ တပြည်လုံး​ အတိုင်း​အတာနဲ့​ ပတ်ဝန်း​ကျင်အ​ရေး​ ပါဝင်လှုပ်ရှား​မှု အား​နည်း​နေ​သေး​ပြီး​ ခုချိန်ဟာ ပညာ​ပေး​လုပ်ငန်း​တွေတင် လုပ်ရမယ့်​ အချိန် မဟုတ်​တော့​ဘဲ ကမ္ဘာ​မြေထိန်း​သိမ်း​ရေး​မှာ နိုင်ငံသား​အား​လုံး​ ကိုယ်တိုင် ပါဝင်လုပ်​ဆောင်ရမယ့်​ အချိန်ဖြစ်​နေပြီလို့​ သဘာဝပတ်ဝန်း​ကျင်အ​ရေး​ လှုပ်ရှား​ သူ​တွေက ​ပြောကြပါတယ်။

မြန်မာအစိုး​ရက​တော့​ ​ကျေး​လက်​နေပြည်သူ​တွေကို တအိမ်​ထောင် ယူကလစ်အပင် ၂၀ စိုက်ပျိုး​ဖို့​နဲ့​ တရွာကို တဧက စိုက်ပျိုး​ကြဖို့​ဆော်ဩထား​ပြီး​ လာမယ့်​ ဇူလိုင်လကို တနိုင်ငံလုံး​အတွက် သစ်ပင်စိုက်ပျိုး​ရေး​ကာလအဖြစ် သတ်မှတ်ကာ သစ်ပင်မျိုး​စုံ သန်း​ ၃၀ ​ကျော် စိုက်ပျိုး​နိုင်​ရေး​ ​ဆောင်ရွက်​နေတယ်လို့​နိုင်ငံပိုင်သတင်း​စာ​တွေမှာ ​ဖော်ပြထား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013