DVB Logo
Home
နိုင်ငံရေး
အညတရ သူရဲကောင်း ဂုဏ်ပြုပွဲအခမ်းအနား ပြုလုပ်
DVB
·
June 6, 2011
Donate to DVB

အညတရ သူရဲ​ကောင်း​ ဂုဏ်ပြုပွဲအခမ်း​အနား​ကို ဂျန်ပန်နိုင်ငံ တိုကျိုမြို့​မှာ ဇွန် ၅ ရက်​နေ့​က​ ပြုလုပ်ပါတယ်။

ဂျပန်စံ​တော်ချိန် ​နေ့​ခင်း​ ၁ နာရီက​နေ ၅ နာရီအတွင်း​ ကျင်း​ပတဲ့​ ဂုဏ်ပြုပွဲ အခမ်း​အနား​မှာ ကဗျာရွတ်ဆိုမှုနဲ့​ ဂုဏ်ပြု​ဟောပွဲ​တွေ ပြုလုပ်ခဲ့​ပါတယ်။

ဂုဏ်ပြုပွဲ အခမ်း​အနား​ကျင်း​ပတာနဲ့​ ပတ်သက်ပြီး​ အညတရ သူရဲ​ကောင်း​ဆုချီး​မြှင့်​ရေး​ စတင်လှုပ်​ဆော်သူ ကိုမင်း​ထက်​ဇော်က အခုလို ​ပြောပါတယ်။

“ဒီအခမ်း​အနား​ကျင်း​ပရတဲ့​ ရည်ရွယ်ချက်က​တော့​ ဆုရတဲ့​ အညတရသူရဲ​ကောင်း​တွေကို ဂုဏ်ပြုချင်တာ​ရော၊​ မြန်မာနိုင်ငံတလွှား​အကျဉ်း​ထောင်အသီး​သီး​မှာရှိတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေနဲ့​ သူရဲ​ကောင်း​တွေရဲ့​ တိုင်း​ပြည်နဲ့​လူမျိုး​အ​ပေါ်ထား​တဲ့​ စိတ်ဓာတ်နဲ့​ ​စေတနာကို အများ​ပိုမိုသိရှိ​အောင်ရယ် ​နောက်အညတရ သူရဲ​ကောင်း​ဆု ချီး​မြှင့်​ရေး​လုပ်ငန်း​စဉ်မှာ မြန်မာနိုင်ငံသူ နိုင်ငံသား​အား​လုံး​ ပိုမိုပူး​ပေါင်း​ ပါဝင်လာ​စေဖို့​ ကျင်း​ပတာဖြစ်ပါတယ်။ ကျန်​နော်တို့​က ကူညီခဲ့​တဲ့​သူ​တွေကိုလည်း​ ဂုဏ်ပြူသဝဏ်လွှာ ပြန်​ပေး​ပါတယ်။”

အညတရ သူရဲ​ခေါင်း​ဆုကို ပြီး​ခဲ့​တဲ့​ မြန်မာနှစ်ဆန်း​တရက် ဧပြီလ ၁၇ ရက်​နေ့​က အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ရုံး​ချုပ်မှာ ပြုလုပ်တဲ့​ သက်ကြီး​ပူ​ဇော်ပွဲအတွင်း​ ​ကြေညာ​ပေး​အပ်ပြီး​ဖြစ်ပါတယ်။

အဖွဲ့​ချုပ်​ခေါင်း​ဆောင် ဦး​ဝင်း​တင် ဦး​ဆောင်တဲ့​ ဆု​ရွေး​ချယ်​ရေး​အဖွဲ့​က လက်ရှိအကျဉ်း​ကျ​နေတဲ့​ နိုင်ငံ ​ရေး​အကျဉ်း​သား​ ၃ ဦး​ကို ​ရွေး​ချယ်ခဲ့​ပါတယ်။ သူတို့​တွေက​တော့​ ၂၀၀၇ ​ရွေဝါ​ရောင်​တော်လှန်​ရေး​ အတွင်း​ ဦး​ဆောင်ခဲ့​တဲ့​ မဂ္ဂင်​ကျောင်း​တိုက်ဆရာ​တော် ဦး​အိန္ဒက (ဦး​အောင်သန်း​မြင့်​)၊​ ​ထောင်ဒဏ်အကြိမ်ကြိမ်ကျခံ ​နေရတဲ့​ ဦး​ခင်ဝင်း​ (ဘိုး​တော်ခင်ဝင်း​)နဲ့​ HIV/AIDS ​ဝေဒနာသည်​တွေကို ကူညီ​ပေး​ခဲ့​သူ ဦး​သန်း​နိုင်တို့​ကို အညတရ သူရဲ​ကောင်း​များ​အဖြစ် ​ရွေး​ချယ်ခဲ့​ပါတယ်။

အဆိုပါ အညတရ သူရဲ​ကောင်း​ ၃ ဦး​ လုံး​ဟာ အကျဉ်း​ ​ထောင်အကြိမ်ကြိမ်ကျခံရသူ​တွေဖြစ်ပြီး​ အခုလည်း​ အကျဉ်း​ထောင်အသီး​သီး​မှာ နှစ်ရှည်​ထောင်ဒဏ် ကျခံ​နေရသူ​တွေဖြစ်ပါတယ်။ ဆုအဖြစ် ကျပ်​ငွေ ၁၀ သိန်း​ကို ​ပေး​အပ်ချီး​မြှင့်​ခဲ့​ပါတယ်။

ဒီအညတရ သူရဲ​ကောင်း​ သုံး​ဦး​ဟာ လူထုအတွက် ဘဝ​တွေ ​ပေး​အပ် လုပ်​ဆောင်သူ ​တွေဖြစ်​ပေမယ့်​ လူသိထင်ရှား​တဲ့​သူ​တွေမဟုတ်တာ​ကြောင့်​ ဒီဆုကို ​ပေး​အပ်တာလို့​ ဆုချီး​မြှင့်​ရေး​အဖွဲ့​က ​ပြောပါတယ်။

ဆုရသူကို ဂုဏ်ပြုတဲ့​တဲ့​အခမ်း​အနား​အတွင်း​ ​ဒေါ်​အောင်ဆန်း​စုကြည်က မိန့်​ခွန်း​ပေး​ပို့​ ​ပြောဆိုရာမှာ အညတရ သူရဲ​ခေါင်း​တွေကို အခုလို ဂုဏ်ပြု​ပြောဆိုပါတယ်။

“အညတရသူရဲ​ကောင်း​ဆိုတဲ့​ အ​ခေါ်အ​ဝေါ်နဲ့​ပတ်သက်လို့​ စကား​လေး​ နည်း​နည်း​ ​ပြောချင်ပါတယ်။ အညတရဆိုတာ ကျမ နား​လည်သ​လောက်​တော့​ သာမာန်ဆိုတဲ့​ အဓိပ္ပာယ်ရှိ ပါတယ်။ ကျမရဲ့​အထင်အမြင်မှာ​တော့​ ဒီလို ကိုယ့်​ရဲ့​ ယုံကြည်ချက်အတွက်၊​ ကိုယ့်​နိုင်ငံအတွက်၊​ ကိုယ့်​လူမျိုး​အတွက် အဖမ်း​ဆီး​ခံပြီး​တော့​ အနစ်နာခံတဲ့​လူ​တွေကို အညတရ သာမန်လို့​တော့​ ​ပြောလို့​ မရဘူး​လို့​ ထင်ပါတယ်။ အင်္ဂလိပ်လိုဆိုလို့​ရှိရင် ဒီလို သူရဲ​ကောင်း​တွေကို Unknow - လူမသိသူမသိ၊​ Unname - နာမည်မရှိနာမည် မထွက် ဆိုပြီး​တော့​ ​ခေါ်တာကို ကျမပိုပြီး​တော့​ သ​ဘောကျပါတယ်။ ကျမတို့​ရဲ့​သူရဲ​ကောင်း​တွေဟာ တ​ယောက်မှ သာမန်လူ​တွေ မဟုတ်ပါဘူး​။ သာမန်ထက် ပိုပြီး​တော့​ သတ္တိရှိလို့​ ဒီလိုအလုပ်မျိုး​လုပ်ပြီး​တော့​ ဒီလိုခံ​နေရတာဖြစ်ပါတယ်။ ဒါ​ကြောင့်​မို့​ ကျမတို့​ရဲ့​ အသုံး​အနှုန်း​အရ အညတရဆိုတာက​တော့​ သုံး​လေ့​သုံး​ထား​ရှိတာ ဆို​ပေမယ့်​လည်း​ အညတရရယ်လို့​ ကျမ သူတို့​ကို မမြင်ပါဘူး​။ အင်မတန်မှ ထူး​ခြား​တဲ့​သူ​တွေ၊​ နာမည်မ​ပေါ်​ပေမယ့်​လည်း​၊​ နာမည်မထွက်​ပေမယ့်​လည်း​ ထူး​ခြား​တဲ့​သတ္တိနဲ့​ ကိုယ်ယုံကြည်ရာကို လုပ်​နေတဲ့​သူ​တွေကို ကျမ မြင်ပါတယ်။ အဲဒီလိုပဲ ကျမတို့​နိုင်ငံက​ကော ကမ္ဘာက​ကော မြင်​စေချင်ပ်ါတယ်။ ဒီလိုမြင်မယ်လို့​ လည်း​ ကျမ ​မျော်လင့်​ပါတယ်။”

အညတရသူရဲ​ကောင်း​ဆုချီး​မြှင့်​တာဟာ ပမဆုံး​အကြိမ်ဖြစ်​ပေမယ့်​ လာမယ့်​နှစ် အတွက် ချီး​မြှင့်​ဖို့​ ပြင်ဆင်​နေပြီဖြစ်ပါတယ်။ လာမယ့်​နှစ်မှာ​တော့​ အနည်း​ဆုံး​ အညတရသူရဲ​ခေါင်း​ ၅ ဦး​ကို ​ရွေး​ချယ်ချီး​မြှင့်​မယ်လို့​ ဆုချီး​မြှင့်​ရေး​ စတင်လှုံ့​ဆော်သူ ကိုမင်း​ထက်​ဇော်က ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013