DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲ ကူညီမည့် မြန်မာလူမှုအဖွဲ့အစည်းများကို ပြင်သစ်သံရုံး ထောက်ပံ့ငွေပေး
DVB
·
July 24, 2015
ရွေးကောက်ပွဲ ကူညီမည့် မြန်မာလူမှုအဖွဲ့အစည်းများကို ပြင်သစ်သံရုံး ထောက်ပံ့ငွေပေး
Donate to DVB

၂၀၁၅ ရွေးကောက်ပွဲပြင်ဆင်ရေး ကိစ္စတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ လူမှုအဖွဲ့အစည်းတွေကို မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက အသေးစားထောက်ပံ့ငွေအဖြစ် အမေရိကန်ဒေါ်လာ ၂ သိန်း ၈ သောင်း ကူညီပေးသွားမယ်လို့ ကြေညာပါတယ်။

မဲဆန္ဒရှင် ပညာပေးရေး၊ မီဒီယာစွမ်းရည် တိုးတက်ရေး၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးနဲ့ အမျိုးသမီးတွေ အပါအ၀င် ဘေးဖယ်ခံထားရသူတွေ ရွေးကောက်ပွဲမှာ အားလုံးပါဝင်ရေး အဓိကထား ဆောင်ရွက်နေတဲ့ စီမံကိန်းပေါင်း ၁၃ ခုကို အကူအညီပေးဖို့ ရွေးချယ်ထားတယ်လို့ ဇူလိုင် ၂၂ ရက် ကြေညာချက်မှာ ဖော်ပြပါတယ်။

မြန်မာ့ဒီမိုကရေစီရေး နိုးကြားလာတဲ့အချိန်မှာ လူ့အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကလည်း အလွန်အရေးပါကြောင်းနဲ့  သမိုင်းကြောင်းတလျှောက်မှာ တက်တက်ကြွကြွနဲ့ ပါဝင်လှုပ်ရှားခဲ့တဲ့ မြန်မာ့လူ့အဖွဲ့အစည်းတွေ အနေနဲ့ လက်ရှိအကူးအပြောင်း နိုင်ငံရေးကာလကနေ ရှေ့ကို တက်လှမ်းရာမှာ အဆုံးအဖြတ်ခြေလှမ်း ဖြစ်လာမယ်လို့ မျှော်မှန်းထားတဲ့ ရွေးကောက်ပွဲ အောင်မြင်ဖို့ စိတ်အားထက်သန်နေကြတယ်လို့လည်း ပြင်သစ်သံရုံးက ဆိုပါတယ်။

ပြင်သစ်နိုင်ငံအနေနဲ့ အရင်ကတည်းက အစိုးရနဲ့သာမက လူမှုအဖွဲ့အစည်းတွေနဲ့ပါ အတူတူ ပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေကို အထောက်အပံ့ပေးခဲ့တယ်၊ ပြင်သစ်သံရုံးအနေနဲ့ ရွေးကောက်ပွဲ ကျင်းပချိန်ကနေ ပြီးဆုံးတဲ့ အချိန်အထိ အဆင့်ဆင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013