DVB Logo
Home
လူမှုရေး
လက်မှတ်မရှိသည့် မြန်မာအလုပ်သမားအများအပြား ဖမ်းဆီးခံရ
DVB
·
June 3, 2011
Donate to DVB



ထိုင်း​-မြန်မာနယ်စပ် တာ့​ခ်ခရိုင်ထဲမှာရှိတဲ့​ မဲ​ဆောက်၊​ မယ်လမ၊​ ဖုတ်ဖရ၊​ ထ​ဆောင်ရန်း​၊​ တာ့​ စတဲ့​ မြို့​နယ်​တွေမှာ အထူး​ရဲ​တွေက အလုပ်သမား​လက်မှတ်မရှိသူ​တွေကို ဖမ်း​ဆီး​မှု​တွေ ပြုလုပ်​နေတယ်လို့​ မြန်မာအလုပ်သမား​တဦး​က ​ပြောပါတယ်။

“ကျ​နော်တို့​ ဖုတ်ဖရနယ် ၄၂၊​ ၄၄ အဲဒီဘက်မှာဆိုရင် ကျ​နော်တို့​ အလုပ်သမား​တွေ မနက် ၅ နာရီခွဲ ၆ နာရီ​လောက်ဆိုရင် အလုပ်သမား​တွေက ​မျှော့​သူ​ဌေး​တွေက​နေ ပြီး​တော့​ ကား​နဲ့​ ​ခေါ်​ဆောင်တယ်။ အလုပ်ခင်း​ကို သွား​တယ်။ လမ်း​ဆုံလမ်း​ကွေ့​တွေ ​ရောက်လို့​ရှိရင် ဒီရက်ပိုင်း​ တပတ်အ​တောအတွင်း​မှာ ကျ​နော်တို့​ အထူး​ရဲ​တွေလို့​ ထင်တယ် သူတို့​ ဖမ်း​ဆီး​တယ်​ပေါ့​နော်။ ည​နေပိုင်း​ ၅ နာရီ အလုပ်သိမ်း​တဲ့​အချိန်ကျရင်လည်း​ အဲဒီလိုပဲ ည​နေပိုင်း​ တချက် သူတို့​ဖမ်း​ကြတယ်။ တ​နေ့​ကို အ​ယောက် ၁၅၀ ​လောက် အနည်း​ဆုံး​ပါတယ်။”

အလုပ်သမား​လက်မှတ်​တွေကို လာမယ့်​ ဇွန်လ ၁၅ ရက်​နေ့​က​နေ ဇူလိုင် ၁၄ ရက်အတွင်း​ စတင်လုပ်​ပေး​မယ့်​အချိန်မှာ အလုပ်သမား​တွေကို မဖမ်း​ဖို့​ ရဲအား​လုံး​ကို မှာထား​ပေမယ့်​ မဲ​ဆောက်မှာ​တော့​ ဖမ်း​ဆီး​မှု ​နေ့​တိုင်း​ ရှိ​နေပါတယ်။

အလုပ်သမား​လက်မှတ်ပြုလုပ်မယ့်​သူ​တွေဟာ အဲဒီကာလမှာ အလုပ်သမား​ငှား​ရမ်း​ခွင့်​ရရှိထား​တဲ့​ အလုပ်ရှင်မှ တာဝန်ခံပြီး​ ဖြစ်တဲ့​အတွက် အလုပ်သမား​တ​ယောက်အ​နေနဲ့​ ဖမ်း​မိတဲ့​အခါ အာမခံဖို့​ အလုပ်ရှင် ရှိ​နေရမှာဖြစ်ပါတယ်။

အလုပ်ရှင်မရှိတဲ့​ ပြင်ပအလုပ်သမား​တွေကို အဓိက ဖမ်း​ဆီး​တာလို့​ မြန်မာပြည်သား​များ​အ​ရေး​ ပူး​တွဲလှုပ်ရှား​မှု ​ကော်မတီရဲ့​ တာဝန်ခံ ဦး​မိုး​ကြိုး​က ​ပြောပါတယ်။

“တာ့​ခ်ခရိုင်တခုလုံး​မှာ​တော့​ စက်ရုံလုပ် အလုပ်သမား​ တသိန်း​ဂဏန်း​တောင် မရှိပါဘူး​။ အများ​ဆုံး​က​တော့​ သိန်း​နဲ့​ချီပြီး​ ရှိတာက​တော့​ ကျ​နော်တို့​ အပြင်အလုပ်သမား​လို့​ ဆိုကြတဲ့​ ​ဆောက်လုပ်​ရေး​တို့​၊​ ​မွေး​မြူ​ရေး​တို့​၊​ စိုက်ပျိုး​ရေး​တို့​၊​ အိမ်တွင်း​မှုတို့​၊​ ကျပန်း​အလုပ်သမား​တွေက ပိုမိုများ​ပြား​ပါတယ်။ အဲဒီကျပန်း​ အလုပ်သမား​တွေက အလုပ်ရှင် မယ်မယ်ရရ အတိအကျ မရှိဘူး​ခင်ဗျ။ အဲဒီအတွက် သူတို့​ကို ဘယ်အလုပ်ရှင်ကမှ မိမိအလုပ်သမား​ဖြစ်ပါတယ်ဆိုတဲ့​အ​ကြောင်း​ အာမခံမှု မရှိတဲ့​အခါကျ​တော့​ သူတို့​မှာ အခုလိုမျိုး​ အထူး​စီမံချက်နဲ့​ ဖမ်း​ဆီး​တဲ့​ကာလ အထူး​ရဲနဲ့​ ဖမ်း​ဆီး​တဲ့​အချိန်မှာ သူတို့​ အများ​ဆုံး​ အဖမ်း​ခံရတာ ဖြစ်ပါတယ်။ သူတို့​ကို အဓိက ဖမ်း​တာ ဖြစ်ပါတယ်။”

လက်မှတ်လုပ်​ပေး​မယ်သတင်း​ကြား​ပြီး​ လာ​ရောက်သူ​တွေအ​နေနဲ့​ အလုပ်ရှင် မရှိရင် အဖမ်း​ခံရမှာဖြစ်​ကြောင်း​နဲ့​ အခု မဲ​ဆောက်မှာ ဖမ်း​ဆီး​နေတာကလည်း​ အလုပ်သမား​လက်မှတ်ပြုလုပ်ကြဖို့​ တွန်း​အား​ပေး​နေတာ ဖြစ်တယ်လို့​ ဦး​မိုး​ကြိုး​က ​ပြောပါတယ်။

ထိုင်း​နိုင်ငံအတွင်း​ ​ရွှေ့​ပြောင်း​အလုပ်သမား​တွေထဲမှာ ၉၀ ရာနှုန်း​က မြန်မာ အလုပ်သမား​တွေဖြစ်ကာ အလုပ်သမား​လက်မှတ်မပြုလုပ်ကြ​သေး​တဲ့​ တရား​မဝင် ​ရွှေ့​ပြောင်း​အလုပ်သမား​တွေထဲမှာလည်း​ မြန်မာက အများ​ဆုံး​ရှိ​နေတယ်လို့​ မဲ​ဆောက် အလုပ်သမား​အ​ရေး​လှုပ်ရှား​နေကြတဲ့​ အဖွဲ့​အစည်း​တွေက ခန့်​မှန်း​ထား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013