DVB Logo
Home
မှုခင်း/မူးယစ်ဆေး
လိပ်ကျွန်းလူသတ်မှု စစ်ဆေးချက် နောက်ဆုံးရအခြေအနေ - ရှေ့နေ ဦးအောင်မျိုးသန့်နှင့် ဆက်သွယ်မေးမြန်းချက်
DVB
·
July 24, 2015
လိပ်ကျွန်းလူသတ်မှု စစ်ဆေးချက် နောက်ဆုံးရအခြေအနေ - ရှေ့နေ ဦးအောင်မျိုးသန့်နှင့် ဆက်သွယ်မေးမြန်းချက်
Donate to DVB

ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် လိပ်ကျွန်းမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမား ၂ ဦးကို ဖမ်းဆီးတရားစွဲဆိုတဲ့အမှုနဲ့ ပတ်သက်ပြီး ကော့ဆမွီခရိုင်တရားရုံးက တရားလိုပြသက်သေတွေကို စစ်ဆေးနေပါတယ်။

ဇူလိုင် ၂၂ ရက်နေ့နဲ့ ၂၃ မနက်ပိုင်း စစ်ဆေးချက်တွေနဲ့ ပတ်သက်ပြီး ဒီအမှုမှာ မြန်မာသံရုံးကိုယ်စားလှယ်အဖြစ် လိုက်ပါဆောင်ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်ကို ဒီဗွီဘီက ဇူလိုင် ၂၃ ရက်နေ့က ဆက်သွယ်မေးမြန်းထားပါတယ်။

မနေ့ကနဲ့ ဒီကနေ့ အမှုစစ်တဲ့ အခြေအနေကို ပြောပြပေးပါလား။

"မနေ့တုန်းက တရားလိုပြသက်သေဘက်က မှုခင်းဆရာဝန်တဦးတည်းကို စစ်မေးတာ ည ၈ နာရီခွဲထိ၊ ကျနော်တို့ဘက်က ဘာမှပြန်မမေးလိုက်ရပါဘူး၊ ဒီကနေ့မှာလည်း ထပ်စစ်တယ်။ ပြီးတော့  ရဲတပ်ဖွဲ့ မှုခင်းဆိုင်ရာ အမျိုးသမီးဆရာဝန်တဦးကို မေးနေတာ မပြီးသေးပါဘူး။"

ဟုတ်ကဲ့ ဘယ်လိုသုံးသပ်လို့ရပါသလဲ။

"အကြမ်းဖျဉ်းပြောရရင် မနေ့က တရားလိုပြသက်သေဖြစ်တဲ့ မှုခင်းဆရာဝန်ကြီးက ဒီအမှုတွဲထဲမှာ တာဝန်ပေးခံရတဲ့ လူ ၅၀ လောက်ထဲမှာ သူ့နာမည်မပါဘူးလို့ ပြောတယ်။ မပါဘဲနဲ့ ဒီလူသတ်မှုကို သူဝင်ရောက်ကိုင်တွယ်ရတဲ့သဘော ဖြစ်နေတယ်။ မဆိုင်ဘဲနဲ့ ၀င်လုပ်ရတဲ့ သဘောဖြစ်နေတယ်။"

"နောက်တချက်က သေတဲ့လူတွေဟာ မနက် ၂ နာရီခွဲနဲ့ ၅ နာရီကြားမှာ အသတ်ခံရတယ်လို့ ပြောတယ်။ ဒီနေရာမှာ မြန်မာကလေးတွေက ဆဲဗင်းအလဲဗင်းမှာ သွားပြီးတော့ ဆေးလိပ်ဝယ်တဲ့အခါမှာ ဆိုင်ကယ်စီးသွားတဲ့ ပုံတွေကိုကြည့်တယ်။ ကြည့်တဲ့အခါမှာ ဒီကလေးတွေဟာ ၁ နာရီ ၉ မိနစ် ၂၀ စက္ကန့်အချိန်ထိ ဆိုင်ကယ်စီးနေကြတာပါတယ်။ ဒီကလေးတွေဟာ ဒီအမှုနဲ့ပတ်သက်တယ် ဆိုပြီးတော့ စီစီတီဗွီကင်မရာကို ကြည့်ပြီးတော့ လိုက်ဆက်စပ်တယ်။ ဒါပေမယ့် ကျနော်မြင်တာက ဆဲဗင်းအလဲဗင်းရှေ့မှာ ဆိုင်ကယ်စီးတဲ့ ၃ ယောက်ပုံမှာ တရားခံဖြစ်တဲ့ ၂ ယောက်က  ဘောင်းဘီရှည်တွေနဲ့၊ ခုနက သူတို့သတ်မှတ်တဲ့ တရားခံပါလို့ဆိုတဲ့ ပြေးနေတဲ့ပုံက ဘောင်းဘီတိုနဲ့ ကွဲလွဲချက် ဖြစ်နေတာကို တွေ့နေရတယ်။"

"နောက်တချက်က ဟန်နာသေတဲ့ မျက်နှာမှာ အုပ်ထားတဲ့ ပုဝါအစိမ်းရောင်၊ တကယ် မှုခင်းဆရာဝန် ဖြစ်ရဲ့သားနဲ့ အဲဒီအစိမ်းရောင်ပုဝါကို အမှုမဲ့အမှတ်မဲ့ မသိချင်ယောင်ဆောင်တဲ့၊ အမှုနဲ့ မသက်ဆိုင်ဘူးဆိုပြီးတော့ ပစ်ထားခဲ့တယ်။ ဘယ်သူ့ဟာပါ၊ ဘယ်ကရလာတာပါ၊ ဘယ်ကလာတာပါ ဆိုတာကို မစစ်ဆေးခဲ့ဘူး၊ ဒီအချက်တွေ ကွဲလွဲတယ်။"

"နောက်တခုထူးခြားတာ ထပ်ပြောရမယ်ဆိုရင် ပေါက်တူးမှာ ဟန်နာ (သေသူအမျိုးသမီး) ရဲ့ ဒီအန်အေတွေ့တယ်လို့ပြောတယ်။ ဒါပေမယ့် အဲဒီပေါက်တူးရိုးကို ဘယ်လိုစစ်စစ် သူတို့စစ်လိုက်တဲ့အချိန်မှာ လက်ဗွေရာ ဘာမှမတွေ့ဘူးလို့ပြောတယ်။ အဲဒီတော့ ပေါက်တူးနဲ့ သတ်တဲ့လူက ပေါက်တူးကို မကိုင်ဘဲနဲ့ ဘယ်လိုလုပ်သတ်လို့ရမှာလဲ၊ ပေါက်တူးကို မြဲမြဲဆုပ်ကိုင်ပြီးတော့မှ ပေါက်သတ်လို့ရတဲ့ ကိစ္စပါ။ ပေါက်တူးမှာ လက်ဗွေရာမတွေ့ဘူး။ ဒါပေမယ့် ဟန်နာရဲ့ ဒီအန်အေတော့ တွေ့တယ်ဆိုတာဟာ တော်တော်စဉ်းစားစရာ ဖြစ်နေပါတယ်။ ခုလောလောဆယ်မှာ ဒီ ၄  ချက်ပေါ့။ ဒါက အကြမ်းဖျဉ်းပြောပြတာပါ။"

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013