DVB Logo
Home
နိုင်ငံရေး
အဆိုးတကာ့အဆိုးဆုံး ၁၀ နိုင်ငံတွင် မြန်မာပါဝင်
DVB
·
June 3, 2011
Donate to DVB

ကမ္ဘာ​ပေါ်က အဆိုး​တကာ့​အဆိုး​ဆုံး​ နိုင်ငံများ​စာရင်း​မှာ မြန်မာ၊​ ​မြောက်ကိုရီး​ယား​နဲ့​ လစ်ဗျား​နိုင်ငံတို့​ ပါဝင်တယ်လို့​ ကမ္ဘာတလွှား​လွတ်လပ်မှုအ​ကြောင်း​ သု​တေသနပြုတဲ့​ Freedom House အဖွဲ့​က ဆိုပါတယ်။

ဖိနှိပ်မှုဆိုး​ဆိုး​ရွား​ရွား​ခံ​နေရတဲ့​ တခြား​ ဘဝတူပြည်သူ​တွေက​တော့​ အာရှက တရုတ်လက်​အောက်ခံ တိဘက်၊​ အာဖရိက အီ​ကွေတိုး​ရီး​ယား​ဂီနီ၊​ အီရီထရီး​ယား​၊​ ဆိုမား​လီး​ယား​၊​ ဆူဒမ်၊​ အ​ရှေ့​အလယ်ပိုင်း​က ဥဇဘက်ကစ္စတန်က ပြည်သူ​တွေ ဖြစ်တယ်လို့​ အ​မေရိကန်အ​ခြေစိုက် အဲဒီသု​တေသနအဖွဲ့​ရဲ့​ ဇွန်လ ၁ ရက်​နေ့​ ထုတ် အစီရင်ခံစာမှာ ​ဖော်ပြထား​ပါတယ်။

ဒီ ၁၀ နိုင်ငံက ပြည်သူ​တွေရဲ့​ နိုင်ငံ​ရေး​လွတ်လပ်မှု၊​ အရပ်သား​အခွင့်​အ​ရေး​ အ​ခြေအ​နေဟာ ဖရီး​ဒမ်း​ဟောက်အဖွဲ့​ရဲ့​ အနိမ့်​ဆုံး​အဆင့်​သတ်မှတ်ချက်ဖြစ်တဲ့​ အဆင့်​ ၇ ဖြစ်တယ်လို့​ဆိုပါတယ်။

လူ​တွေရဲ့​ ​နေ့​စဉ်ဘဝ​တွေကို အစိုး​ရက ထိန်း​ချုပ်ထား​ပြီး​ နိုင်ငံ​ရေး​ အတိုက်အခံ​တွေကို ပိတ်ပင်တာ၊​ သို့​မဟုတ် ဖိနှိပ်ထား​တာက အစ၊​ လူ​တွေရဲ့​ လွတ်လပ်စွာ ​တွေး​ခေါ်ခွင့်​အဆုံး​၊​ အစစအရာရာမှာ အ​ကြောက်တရား​နဲ့​ ထိန်း​ချုပ် ထား​တယ်လို့​ ဆိုပါတယ်။

ဒီအစီရင်ခံစာဟာ Freedom House မလွတ်လပ်တဲ့​ နိုင်ငံ​တွေအ​ကြောင်း​ အထူး​အစီရင်ခံစာဖြစ်ပြီး​ ပြီး​ခဲ့​တဲ့​နှစ်က အ​ခြေအ​နေ​တွေအ​ပေါ် သုံး​သပ်ထား​တာ ဖြစ်ပါတယ်။

မြန်မာပြည်နဲ့​ပတ်သက်လို့​ အ​သေး​စိတ် အစီခံချက်မှာ​တော့​ ပြီး​ခဲ့​တဲ့​နှစ်က ​ရွေး​ကောက်ပွဲလုပ်ခဲ့​ပြီး​ လွှတ်​တော်​တွေ၊​ သမ္မတ​တွေ ​ပေါ်ခဲ့​ပေမယ့်​လည်း​ ၂၀၀၈ ဖွဲ့​စည်း​ပုံအရ ​နေရာတကာမှာ စစ်တပ်က ဆက်လက်ကြီး​စိုး​ထား​ပြီး​ ပြည်​ထောင်စု ပြိုကွဲမယ်လို့​ သူတို့​ဘာသာ ယူဆတဲ့​အချိန်မှာ စစ်တပ်ကို အာဏာသိမ်း​ခွင့်​ ပြုထား​တယ်လို့​ ​ဖော်ပြထား​ပါတယ်။

ဒါ့​အပြင် တရား​ဥပ​ဒေမဏ္ဍိုင် မလွတ်လပ်တာ၊​ မီဒီယာလွတ်လပ်ခွင့်​မရှိတာ၊​ သတင်း​ထောက်​တွေကို ​ထောင်ချထား​တာ၊​ တိုင်း​ရင်း​သား​ဒေသ​တွေမှာလည်း​ စစ်တပ်ဟာ တရား​လက်လွတ် ဖမ်း​ဆီး​တာ၊​ ရိုက်နှက်၊​ မုဒိမ်း​ကျင့်​၊​ သတ်ပစ်တာ​တွေကိုလည်း​ ​ဖော်ပြထား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013