DVB Logo
Home
မြန်မာသတင်း
ဒေါ်စုစုနွေး ဖမ်းဆီးတရားစွဲဆိုခံရ
DVB
·
July 23, 2015
ဒေါ်စုစုနွေး ဖမ်းဆီးတရားစွဲဆိုခံရ
Donate to DVB

မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဒေါ်စုစုနွေးကို ပဲခူးတိုင်း အင်းတကော်ရဲစခန်းက ဖမ်းဆီးပြီး တရားစွဲဆိုဖို့ ပဲခူးမြို့တရားရုံးကို ခေါ်ဆောင်ပါတယ်။

ညောင်လေးပင်မြို့ကနေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပြန်လာတဲ့ ဒေါ်စုစုနွေး စီးနင်းလာတဲ့ မော်တော်ကားကို အင်းတကော်ရဲတပ်ဖွဲ့က တားဆီးပြီး ဖမ်းဆီးခဲ့တာလို့ ကာယကံရှင် ဒေါ်စုစုနွေးက ပြောပါတယ်။

“စီအေဒီတပ် (လက်နက်ခဲယမ်းမီးကျောက်စုဆောင်းရေးတပ်) က ဗိုလ်ကြီးဟိန်းဇော်ကနေ တရားလိုလုပ်ပြီး အမှုဖွင့်တဲ့အတွက် သူတို့အင်းတကော်ရဲကနေ ဖမ်းရပါတယ်လို့တော့ပြောတယ်” လို့ ပြောပါတယ်။

ဒီနောက် တရားရုံးကို ခေါ်ဆောင်တာကြောင့် ဘာအမှုနဲ့စွဲဆိုမယ်ဆိုတာ စောင့်ဆိုင်းနေတယ်လို့ ပြောပါတယ်။

တရားရုံးမှာ ထိုင်စောင့်နေစဉ်မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဒေါ်စုစုနွေးက “၂၀၁၅ ရွေးကောက်ပွဲအတွက် လက်ရှိအစိုးရနဲ့ စစ်တပ်က ကြောက်လို့ ဖမ်းတာပါ၊ မိတ်ဆွေအားလုံး မစိုးရိမ်ပါနဲ့။ ကျမတော့ အမှားမလုပ်တဲ့အတွက် အာမခံမလုပ်ဘူး” လို့ ရေးသားပါတယ်။

ဒေါ်စုစုနွေးဟာ ကမ္ဘာသိ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက် ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပိုင်းတွေက သူဟာ လယ်သမားအရေးကို ဇောက်ချလုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂကိုဖွဲ့စည်းပြီး ဦးဆောင်လုပ်ကိုင်နေပါတယ်။

အခုဖမ်းဆီးမှုဟာ ၂၀၁၄ ခုနှစ်လယ်ပိုင်းလောက်က အင်းတကော်မြို့နယ်မှာ လက်နက်ကိုင်စစ်သားတွေပါတဲ့ အုပ်စုနဲ့ ဒေသခံရွာသားတွေအုပ်စုတွေ တုတ်ဓား လက်နက်ကိုင် ဆောင်ပြီး အချင်းများတဲ့ဖြစ်စဉ်မှာ သွေးထွက်သံယိုမဖြစ်အောင် ကြားဝင်ဖြန်ဖြေခဲ့တုန်းက ကိစ္စဖြစ်တယ်လို့ ဒေါ်စုစုနွေးက ပြောပါတယ်။

အဲဒီဖြစ်စဉ်မှာ အင်းတကော်  လက်နက်ခဲယမ်းစုဆောင်းရေးတပ်က  ဗိုလ်ကြီး ဟိန်းဇော်ဆိုသူက တပ်ပိုင်မြေကျူးကျော်မှု ပိုင်နက်ကျူးလွန်မှုနဲ့ သူ့ကို စွဲဆိုမယ်လို့ မနှစ်က ပြောဆိုပြီးကာမှ မစွဲဆိုတော့ဘူးလို့ ပြန်အကြောင်းပြန်ခဲ့ကြောင်း။ အခုတော့ ကတိဖျက်ပြီး စွဲဆိုတာဖြစ်ကြောင်း ဒေါ်စုစုနွေးက ပြောပါတယ်။

ဒေါ်စုစုနွေးက “ကျမဘက်ကတော့ အာမခံမလုပ်ဘူး။ ကျမဘက်က မိန်းကလေး ကတိတည်တယ်လေ။ သူတို့က စစ်တပ်၊ ယောက်ျားရင့်မာကြီးတွေ၊ သူတို့ပြောထားတဲ့စကားကို သူတို့တန်ဖိုး ထားရမယ်၊ သူတို့ပါးစပ်ကထွက်ထားတာ၊ သူတို့ -င်က ထွက်ထားတာမဟုတ်ဘူး” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013