DVB Logo
Home
မြန်မာသတင်း
မယ်လ ဒုက္ခသည်စခန်းမှာ တုပ်ကွေးအဖြစ်များနေ
DVB
·
July 23, 2015
မယ်လ ဒုက္ခသည်စခန်းမှာ တုပ်ကွေးအဖြစ်များနေ
Donate to DVB

ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ အကြီးဆုံး ဒုက္ခသည်စခန်းတခုဖြစ်တဲ့ မယ်လဒုက္ခသည်စခန်းမှာ ဒီနှစ်အတွင်း တုပ်ကွေးရောဂါ အဖြစ်များနေတယ်လို့ စခန်းဥက္ကဋ္ဌ ဆရာအောနက်က ပြောပါတယ်။

ပြီးခဲ့တဲ့မေလကနေ အခုချိန်ထိ ဆက်လက်ဖြစ်ပွားနေတယ်လို့ သူကပြောပါတယ်။

“တုပ်ကွေးဖြစ်တာ အတော်များတယ်။ ဒီ မေ၊ ဇွန်၊ ဇူလိုင်လ ၃ လအတွင်းမှာကို လူပေါင်း ၇၀၀ ကျော် တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ပါတယ်။ အခုချိန်ထိတောင် မရပ်တန့်သေးဘူး။ ဒါပေမယ့် အသေအပျောက် အထိတော့ မရှိဘူး။ ဒါပေမယ့် စခန်းတွင်း ရပ်ကွက်တွေမှာတော့ တုပ်ကွေးဖြစ်ပွားမှု များပြားနေပါသေးတယ်။”

နှစ်စဉ်လိုလို အခုလိုအချိန်မှာ တုပ်ကွေး ဖြစ်လေ့ရှိပေမယ့် ဒီနှစ် အများဆုံးဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

ဒီနှစ်အတွင်းမှာ ပုံမှန်ရာသီဥတုမဟုတ်ဘဲ မိုးရွာလိုက် နေပူလိုက်ဖြစ်ပြီး စခန်းတွင်းဖြတ်ပြီး စီးဆင်းနေတဲ့ ချောင်းရေက မသန့်ရှင်းမှုကြောင့် ခြင်တွေပေါက်ပွားမှုနှုန်း မြင့်မားပြီး တုပ်ကွေး အဖြစ်များတာလို့လည်း စခန်းဥက္ကဋ္ဌက ပြောပါတယ်။ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် စခန်းတွင်းမှာ ကျန်းမာရေးအဖွဲ့တွေက ဆေးဖြန်းနေပါတယ်။

မယ်လ ဒုက္ခသည်စခန်းဟာ နယ်စပ်တလျှောက် ဒုက္ခသည်စခန်း ၉ ခုထဲက အကြီးဆုံး စခန်းဖြစ်ပြီး လူပေါင်း ၅ သောင်းကျော် ခိုလှုံနေထိုင်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013