DVB Logo
Home
မြန်မာသတင်း
ဦးသိန်းစိန် အစိုးရလက်ထက် နိုင်ငံရေး အကျဉ်းသား ၃၅၀ ကျော် ပြန်လွှတ်
DVB
·
July 23, 2015
ဦးသိန်းစိန် အစိုးရလက်ထက် နိုင်ငံရေး အကျဉ်းသား ၃၅၀ ကျော် ပြန်လွှတ်
1 / 2
Donate to DVB

သမ္မတ ဦးသိန်းစိန် အစိုးရသစ်လက်ထက်မှာ နို်င်ငံရေးအကျဉ်းသား ၃၅၀ ကျော် အပါအ၀င် အကျဉ်းသားပေါင်း ၇ သောင်း ၁ ထောင်ကျော် ပြန်လွှတ်ပေးခဲ့ပြီးဖြစ်တယ်လို့ ပြည်ထဲရေး ဒု-ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြောကြားလိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသား စကားရပ်အပေါ် ဥပဒေအရ ရှင်းလင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုရန်ရှိ မရှိနဲ့ ပတ်သက်ပြီး မရမ်းကုန်းမြို့နယ် အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မေ၀င်းမြင့်ရဲ့မေးမြန်းချက်ကို ဖြေကြားရာမှာ ထည့်သွင်းပြောသွားတာပါ။

အစိုးရသစ်တာဝန်ယူစဉ် ကာလအတွင်းမှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် (၄၉) ကြိမ်၊ လွတ်ငြိမ်းချမ်းသာခွင့် (၅) ကြိမ်၊ စုစုပေါင်း (၅၄) ကြိမ် ပေးခဲ့ပြီး အကျဉ်းသား ကျား ၆၁၇၇၇ ဦး၊ မ ၁၀၁၈၃ ဦး စုစုပေါင်း ၇၁၉၆၀ ဦးကို လွှတ်ပေးခဲ့ပြီးဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြောပါတယ်။

ဒါ့အပြင် အစိုးရကို ဆန့်ကျင် ပြစ်မှုများ ကျူးလွန်လို့ ပြစ်ဒဏ်ကျခံရသူတွေကို နိုင်ငံရေး အကျဉ်းသားလို့ အမည်တပ်ကာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်ပေးရန် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းအချို့က ဖိအားပေးတောင်းဆိုမှုများကြောင့် အကျဉ်းသားများ စိစစ်ရေး ကော်မတီကို စတင်ဖွဲ့စည်းခဲ့ပြီး  ပြစ်ဒဏ်ကျခံနေရသူ အကျဉ်းသား ၃၄၁ ဦး၊ အကျဉ်းသူ ၁၃ ဦး စုစုပေါင်း ၃၅၄ ဦးကို နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ကတော့ မြန်မာနိုင်ငံတွင်း အကျဉ်းထောင်တွေမှာ  နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၆၉ ဦး ဆက်လက်ဖမ်းဆီး ထိန်းသိမ်းခံနေရပြီး နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ စုစုပေါင်း ၄၄၆ ဦး တရားရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013